မလေးမေ


ကောင်မလေးတယောက်ရဲ့ အယူအဆပါ ..

ကဲ..ချစ်သူလိုချင်သေးသလား??
မလေးမေ


ကောင်လေးတယောက်ကဒီလိုဆိုထားပါတယ်
မလေးမေ

ဒီပို စ့်လေးကpinkgold က test လုပ်ပြီးတင်ပေးထားပေမယ့်အမှတ်တရအနေနဲ့ထားထားပါတယ်
ကျေးဇူးပါပဲpinkgold ရေ

---------------------------------------
သူငယ်ချင်း
လုပ်ပေးပြီးပြီနော်
အဆင်ပြေမှာပါနော်။

တစ်ခုလောက် စမ်းတင်ကြည့်မယ်။




Lovely Jokes:

ပုဒ်မ(1)

ပိုးပမ်းသူများသော အမျိုးသမီးများသည် မိမိနှစ်သက်ရာ တစ်ဦးတစ်ယောက်ကိုရွေးချယ်ပြီး ကျန်သော ယောင်္ကျားလေးများအား လိုအပ်နေသူများထံသို့ လွှဲပြောင်းပေးရမည်။

ပုဒ်မ (2)

ပူအိုက်သောရာစီတွင် ရင်စေ့၊ လက်ရှည်၊ ထမီနှင့်လုံအောင်ဖုံးထားသော အမျိုးသမီးများအား သဘာဝအလှတရားကို အံတုသူများအဖြစ် အရေးယူမည်။ (မလုံလောက်ပါက အတို အပြတ် မ၀တ်သောသူများကို သေဒဏ်ပေးမည်)။

ပုဒ်မ (3)

ယောင်္ကျားတို့ကို ဂရုမစိုက်သော အမျိုးသမီးများအား ဒုက်ခရောက်နေသူကို လျစ်လျူရှုမှုဖြင့် လည်းကောင်း၊

ချစ်စဖွယ် စကားဆိုပြီး ညာညာခိုင်းတတ်သော အမျိုးသမီးများအား လုပ်အားခ မပေးပဲ စေခိုင်းမှုဖြင့်လည်းကောင်း၊

ချစ်သူရှိသော အမျိုးသားကို အခြားအမျိုးသမီး တစ်ဦးမှ ချစ်စဖွယ် အမူအရာဖြင့် ချဉ်းကပ်ပါက နွားခိုးမှု ဖြင့်လည်းကောင်း အရေးယူမည်။

ပုဒ်မ (4)

မိဘချင်းရင်းနှီးမှုကို အသုံးချပြီး ချဉ်းကပ်လာသော အမျိုးသားများကို ယုံကြည်မှုအား အလွဲသုံးစားပြုမှု ဖြင့်လည်းကောင်း

ရည်ဇား ထည်လဲတွဲတတ်သောသူများအား ပြည်သူပိုင်ပစ်စည်း အလွဲသုံးစားမှု ဖြင့်လည်းကောင်း အရေးယူမည်။

ပုဒ်မ (5)

အိမ်ထောင်ရှိသော မိန်းမများကို ပိုးပမ်းတတ်သော ယောင်္ကျားများအား တားမြစ်နယ်တွင် အမဲလိုက်မှု ဖြင့်အရေးယူမည်။

သူတစ်ပါး၏ ယောင်္ကျားနှင့် ပေါင်းသင်းနေထိုင်သူ အမျိုးသမီးများကို မီတာဘောက်စ် မထားပဲ လျှပ်စစ်ဓါတ်အား ခိုးယူ သုံးစွဲမှုဖြင့် အရေးယူမည်။

ပုဒ်မ (6)

အသက် 25 နှစ်ပြည့်သူ အမျိုးသား အမျိုးသမီးတိုင်း အိမ်ထောင်မပြုရသေးလျှင် မိဘကို ဒုက်ခပေးသူအဖြစ် အရေးယူမည် ဖြစ်ပါသည်။


မလေးမေ

I was tagged by http://cuttiepinkgold.blogspot.com
ရွေထက်က tagged ဆိုလို့ tagged ရတာပါ

  • အစားပုတ် အအိပ်ပုတ်ပေမယ့်ပေမယ့်ပိန်ချင်တယ်
  • အစွဲအလမ်းကြီးပေမယ့်မေ့ပျောက်တာလဲလွယ်တယ်
  • အားနာတတ်ပြီးလူမုန်းမခံချင်ဘူး
  • သချာ်တွက်ရတာစာကျက်ရတာမုန်းတယ်
  • ပုံဆွဲရတာပဲကြိုက်တယ်
  • သူငယ်ချင်းတွေနဲ့ ခရီးသွားရတာကြိုက်တယ်
  • စကားမများဖို့ ထိမ်းချုပ်တာပဲ ..ဒါပေမယ်ပြောစရာတွေကများနေတယ်
  • ဖဲရိုက်ဖို့ နဲ့ စာဖတ်ဖို့ ဆိုရင်အမြဲအားတယ်
မလေးမေ




ပြတင်းပေါက် မှန်ချပ်ပေါ်ကနေဖြတ်စီးသွားတဲ့ရေစီးကြောင်းသေးသေးလေးတွေ
မြေကြီးပေါ်ကို စက်ချင်းစီးကျနတာကိုအဓိပ္ပါယ်မဲ့ကျွန်မငေးနေမိတာ
တနာရီမကကြာနေပြီမှန်းကျွန်မသိပါတယ်။တခါတလေတော့လည်းစိတ်ဆိုတာ

အလိုလိုက်ဖို့နက်နက်နဲနဲကိုလိုအပ်တယ်မှလား။ဖြစ်နိုင်ရင်ကျွန်မအဲဒီရေစက်လေးတွေ
နောက်ကိုကျွန်မလိုက်သွားကြည့်ချင်ပါတယ်။
အပြင်ကိုထွက်မယ်။ဟုတ်တယ်နော်။ကျွန်မအိမ်အပြင်ကိုထွက်ရမယ်။
မိုးကတော့သိပ်မသည်းပါဘူး။
အို…ကျွန်မရောက်နေတာတိုက်ခန်းတခုရဲ့၁၁ထပ်လေ။ကျွန်မပြတင်းပေါက်ကဖြတ်သန်း
သွားတဲ့ရေစီးကြောင်းလေးကိုကျွန်မမြေကြီးပေါ်မှာဘယ်လိုလိုက်ရှာရမလဲ။
ကျွန်မဖျက်ကနဲဝမ်းနည်းသွားမိပါသည်။
ဟုတ်တယ် .. ကျွန်မဘ၀မှာလိုချင်ပါလျှက်မရခဲ့တာတွေ ..
တွေ့ ချင်ပါလျှက်ရှာဖွေခွင့်မရခဲ့တာတွေများလှပြီ။
မိုးကရုတ်တရက်တိတ်သွားပြီ။ဒီတကြိမ်လဲကျွန်မရေစီးကြောင်းလေးတွေရဲ့နောက်လိုက်
ကြည့်ခွင့်မရတော့ပြန်ဘူးပေါ့။
ပြတင်းပေါက်ကိုအသာလေးဖွင့်ကြည့်တော့ကောင်းကင်မှာတိမ်လိပ်လေးတွေခရီးနှင်နေပြီ။
သူတို့ရင်ထဲကမျက်ရည်တွေလား..မျိုချထားရတဲ့ရေမှုန်တွေလား.. သူတို့ ဖွင့်အန်ချပြီးပြီ။
နောက်ထပ်မြိုချစရာတွေရှိဦးမှာလား .. သူတို့ ရင်ထဲမှာအခုများ
ပေါ့ပါးသွားသလားကွယ်..
ကျွန်မသိချင်လိုက်တာ…
တိမ်ဖြူဖြူလေးတွေရဲ့နောက်ကိုအိမ်မက်ထဲမှာလိုက်ကြည့်ရတာမောလှပါပြီ။
မိုးတိမ်…..
ကျွန်မလွမ်းလိုက်တာ။
သူဘယ်မှာလဲ။
ကျွန်မသူနဲ့ဘယ်တုန်းကနောက်ဆုံးစကားပြောခဲ့ရသလဲ..
သိပ်ကြာနေပြီထင်ပါတယ်ကျွန်မတို့မတွေ့ကြတော့တာ။

သူဘယ်သူနဲ့အတူရှိနေပါသလဲ။အိုး..ကျွန်မခေါင်းတွေကိုအလိုလိုခါရမ်းပလိုက်မိပါရောလား
ကျွန်မနားမှာသူမရှိဘူးဆိုတာထက်သူတယောက်ယောက်နဲ့ရှိနေမှာ..
အဲဒီအတွေးထက်ခါးသီးတာဘယ်မှာရှိတော့လို့လဲ။
သူတကယ်ချစ်မိသွားတဲ့မိန်းကလေးတယောက်ရဲ့အချစ်တွေနဲ့သူတနေရာရာမှာ
နွေးနွေးထွေးထွေးရှိနေမှာလား။
ဒီလိုဆိုရင်ကျွန်မကျေနပ်ဖို့ကောင်းတာပေါ့လေ။
ဒီတခါတွေ့ခွင့်ရရင် ‘ နင်အဆင်ပြေရဲ့လား ‘ လို့ ကျွန်မမေးချင်ပါတယ်။
သူကတော့ရီပြီး ‘ပြေပါတယ်ဟာ’လို့ပြောမှာပဲထင်သည်။
တကယ်ပါကျွန်မရဲ့မိုးတိမ်လေးကိုတော့ကျွန်မသိပ်အဆင်ပြေစေချင်သည်။
ကျွန်မမပိုင်ဆိုင်နိုင်ပေမယ့်လည်းသူ့ကိုမြတ်နိုးစွာပိုင်ဆိုင်လိုသူတော့ရှိဦးမှာပေါ့လေ။
အဲဒီလူကကျွန်မမဖြစ်နိုင်ဘူးလား။
ကျွန်မဆိုတဲ့သူ့သူငယ်ချင်းကသူ့ကိုဆုံးရှုံးရမှာကြောက်ရင်းအခါခါဝေးကွာရခြင်းနဲ့ပဲပတ်ပင်း
တိုးနေကြသူပဲနော်။
ကျွန်မတို့ကြားမှာဒါဟာဟာသပဲ။သူလဲကျွန်မရဲ့ခပ်ကြောင်ကြောင်အတွေးတွေကိုသိနေနှင့်
မှာပဲ။
တယောက်ကိုတယောက်ပိုင်ဆိုင်ဖို့မကြိုးစားချင်တဲ့လူတယောက်အခုတလမ်းစီလျှောက်နေ
ကြရတာဆန်းမှမဆန်းပဲကွယ်။
သူကျွန်မကိုသတိရသေးရဲ့လားတော့သိချင်မိပါတယ်။
သူ့ရင်ထဲမှာမိန်းကလေးတယောက်ရုတ်တရက်နေရာယူသွားတိုင်းကျွန်မတို့နှစ်ယောက်
မသိမသာစိမ်းသွားမြဲပါ။ကျွန်မသူ့အချိန်တွေကိုမနှောက်ယှက်ချင်ပါဘူး။
တချို့တချို့သောစကားတွေကိုချစ်သူရှိတဲ့ယောကျားတယောက်ကိုလဲကျွန်မမပြော
ချင်တာရှိပါတယ်။ဥပမာ-နင့်အကြောင်းအိမ်မက်မက်တယ်ဆိုတာမျိုးပေါ့။
ကျွန်မသူ့ဘေးမှာနားလည်စွာရပ်တည်နိုင်တဲ့သူငယ်ချင်းတယောက်သာဖြစ်ချင်
ပါတယ်။သူကလည်းကျွန်မနားလည်မှုကိုပြန်လည်အသိအမှတ်ပြုကြေးပေါ့။
သူ့ကြောင့်ကျွန်မမျက်ရည်ကျတာသူသိမှာကျွန်မသိပ်ကြောက်ပါတယ်။
သူ့ကြောင့်ကျွန်မနာကျင်ရတာခံစားရတာတွေသူသိရင်သူကျွန်မနဲ့အဝေးဆုံးကိုထွက်
သွားလိမ့်မယ်ထင်နေမိတယ်။
သူ့ကိုတသက်စာသတိရခြင်းကကင်းလွတ်ဖို့ကျတော့လဲကျွန်မမတတ်နိုင်တာတော့သူသိပါ
လိမ့်မယ်။
ကျွန်မသူ့ကိုနှမြောတသဖို့လဲမလိုအပ်ဘူးမှလား။
ရွေးချယ်ခွင့်နည်းပါးလွန်းတဲ့ကျွန်မဘ၀မှာဆုံးရှုံးခဲ့ရတဲ့အရာတွေထဲမှာသူ့ကိုလဲပါ
လိမ့်မယ်။
ကျွန်မမတွေးတော့ချင်ပါဘူး။ဒါပေမယ့်လွမ်းဆွတ်မိနေဦးမှာပဲ။
မိုးတွေရွာနေတဲ့အချိန်မှာပဲဖြစ်ဖြစ်။ကြယ်တွေစုံနေတဲ့အချိန်မှာပဲဖြစ်ဖြစ်လေ။
သူရောက်လာမလားလို့တော့မမျှော်လင့်ပါဘူး။
ဒါပေမယ့်သူ့အပြုံးကြည်ကြည်လေးတွေကိုမြင်နိုင်ခွင့်ရတတ်တဲ့အိမ်မက်တွေ
ကိုတော့ကျွန်မသိပ်တမ်းတတယ်။
ကျွန်မကသူ့ရဲ့သူစိမ်းပါလေ။
သူ့ရင်ထဲကချစ်သူဟာကျွန်မမှမဟုတ်တာ။
ကျွန်မ၀မ်းပမ်းတနည်းငိုကြွေးမိတော့ကောင်းကင်မှာတိမ်ခိုးတွေကိုဘယ်သူမီးရောင်ဆိုး
သွားမှန်းတောင်မကြည့်မိလိုက်ဘူး။
မလေးမေ
သူငယ်ချင်း
မင်းဟာ ယုံကြည်ရာကို
ရင်သွေးလိုလည်း မွေးခဲ့တယ်။

သူငယ်ချင်း
မင်းဟာ ဒဏ်ရာတွေကို
ဆီမီးလိုလည်း ထွန်းခဲ့တယ်။
သူငယ်ချင်းမင်းဟာ
ကိုယ့်အနာကိုယ့်လျှာနဲ့ ပြန်သပ
ရှင်တတ်ခဲ့ပြီးပြီပဲ။
သူငယ်ချင်းမင်းဟာ
ကိုယ့်အရေပြား
ကိုယ်လွှာကိုယ့်အရိုးကို
အပ်လိုသွေးကိုယ့်ဝတ်စုံ
ကိုယ်ချုပ်လို့ကျကျနန လှခဲ့ပြီးပြီပဲ။

သူငယ်ချင်းသွားနှင့် သူငယ်ချင်း
ကြယ်အစင်းစင်း
ကြွေတဲ့ဟောဒီကမ္ဘာမြေရဲ့
အနာတရတွေကိုစွမ်းသမျှ
ကုစားဖို့ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့် သူငယ်ချင်း
နေအစင်းစင်းပူတဲ့
ကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို
လက်ဖ၀ါးတွေနဲ့ ကာကွယ်ဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့် သူငယ်ချင်း
ကမ္ဘာမြေရဲ့ ကြေကွဲခြင်း
ဓာတ်ပြားထဲမင်းရဲ့ ကဗျာတေ
မာတိကာစီဖို့ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့် သူငယ်ချင်း
ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံ ပြန်စိုက်တဲ့တစ်နေ့ငါတို့ .......... ။

မင်းကိုနိုင်


ဆရာတာရာမင်းဝေရဲ့ ဈာပနမှာကိုမင်းကိုနိုင်ရွတ်ခဲ့တဲ့ကဗျာလေးဖြစ်ပါတယ်။
မလေးမေ
ဝင်ကစွတ်ကောင်များသည်ခိုလုံရာတနေရာအတွက်အငှားမြှောင်ရကြလေသည် ။
ခိုလုံစရာတနေရာအတွက်ကိုယ်ပိုင်မဟုတ်သောအငှားနေရာလေးတခုကို

သုံးရရှာသော လူများနှင့်သဘောသဘာ ၀နှင့်တူသည်ဟုများစွာသော
စာ ရေးဆရာတို့ ကဖွဲ့ သည်ညွန်းသည် ။


နိုင်ငံရပ်ခြားကိုရောက်သောအခါကိုယ်ပိုင်အိမ်ရာကားဟူ၍မရှိတော့ပြီ။
ငှားနေရပြီ။အရင်ဆုံးအိမ်။
ဒါကထားတော့။နေ့ စဉ်အမျှပြောင်းရွေ့ နေစရာမလို။အလွန်ဆုံး

6လတနှစ်အနည်းဆုံးနေနိုင်သေးသည်။
နေ့ စဉ်အမျှသွားရလာရကိုယ်ပိုင်ကားမရှိသည့်ဘဝ
မှာဒုက္ခများလေပြီ။ငှက်လိုလည်းမပျံနိုင်။ကားစုတ်ကလေးတောင်မှဝယ်နိုင်ရန်မရှိ။
ဘယ်ဘ၀ကကုသိုလ်နည်းခဲ့သည်မသိ။ဘတ်စ်ကားနှင့်တောင်
အကျိုးပေးမကောင်း။တနည်းပြောရသော်ဈေးသက်သက်သာသာသွား

လာခွင့်ရမည့်
အခွင့်အရေးကံကျွန်မမှာ နည်းပါးလွန်းသည်။
ကျောင်းလည်းကျောင်းမို့ ။အဆောင်မှကျောင်းကားကအချိန်နှင့်။

အတန်းချိန်နှင့်ကိုးလို့ ကန့်လန့်။အခြားဘစ်စကားကမရှိ။
အားလပ်နေသည့်နေ့ များမှာတော့ကျောင်းကားနှင့်အတူကျောင်းစောစောသွား။

ကျောင်းကားစောင့်ပြီးမှပြန်။
assignment တင်ချိန်နီးလို့ ဗျာများပြီဆိုရင်တော့အချိန်ကိုငွေနှင့်စက်ပေတော့။
၂နာရီ၃နာရီအချိန်လေးရရန်မြန်မာငွေသုံးလေးထောင်ပေးကာတက်စီ(Taxi)စီးပေတော့။
CAB ပဲခေါ်ခေါ် TAXI ပဲခေါ်ခေါ်မြန်မာလိုအငှားကားပဲခေါ်ခေါ်

(အမေတို့ ခေတ်ကတော့လေးဘီးတဲ့)
ကျွန်မအတွက်တော့ဈေးမသက်သာသောခရီးသွားယာဉ်သာဖြစ်ပါသည်။
တန်ရာတန်ကြေးထက်ပိုတောင်းရန်ဝန်မလေးသူတို့ သည်အငှားကားမောင်းစား

ရန်ဝါသနာပါကြသလားမသိ။သို့ တည်းမဟုတ်မတန်တဆဈေးစစ်တတ်သော
သို့ တည်းဟုတ် မတန်တစဈေးပေးရန်ဝန်မလေးတတ်သောခရီးသည်ကြောင့်
ကျောက်တုံးများလိုပွတ်တိုက်ပါများကာပြောင်းလဲကုန်ကြသလားမသိပါ။
မြန်မာပြည်မှာတော့တတ်စီစီးသည့်

အတွေ့ အကြုံနည်းခဲ့သည်။

အိမ်ကကားနှင့်အများဆုံးတခါတလေတတ်စီကားခ
အိမ်ကပေးသည့်
တိုင်အောင်ထို ကားခသည်ဘယ်တော့မှတတ်စီကား
သမားထံရောက်ခြင်းမရှိ။

၂၀ပေးကာတိုးဝှေ့ တတ်ရသောဘတ်စ်ကားနှင့်ဝက်သားဒုတ်ထိုး
သည်ထံသို့ သာခစားကြရလေသည်။
အခု့ မရတော့။ကျောင်းကားနောက်ကျသလား ။
အိမ်မှprint shop ကိုသွားမည်ပြီးမှကျောင်းကိုပြေးကာ
assigmentတင်မည်လား။

အိမ်စောစောပြန်ကာတနာရီလောက်လေးအိပ်ချင်သလား။
တတ်စီစီးပေတော့။
လူမျိုးမျိုးစိတ်အထွေထွေသာဆိုသည်။တတ်စီသမားအများစုမှာလောဘကြီးဧ။်။

ကျောင်းသားများကိုဈေး တင်တောင်းရန်ကတွတ်ပေါက်ဗျိုင်းစောင့်သည့်ပမာ
အဆောင်ဝ တွင်စောင့်နေသည်မှာအစီအရီ။
မသိလျှင်စေတနာတွေလျှံနေသလိုလို။
မီတာနှင့်စီးလျှင်မြန်မာငွေ၂၀၀၀ထက်ပိုမကျနိုင်သောခရီးကို၄၅၀၀ / ၅၀၀၀ လောက်ပေးမှ
ပို့ ပေးနိုင်မည်။ဈေးသွားမစစ်လေနှင်သူတို့ ကတော့ခတ်တင်းတင်းသာ။

တနေ့ လုံးစောင့်ရလဲအရေးမလုပ်။
တခေါက်ဆိုသလောက်မြိုးမြိုးမြတ်မြတ်။

တခါလူလည်လုပ်ခံရပုံက၃၀၀၀လောက်(ရင်းဂစ်၁၀)ဆို လို့ လိုက်သွားပါတယ်။
အခြားကျောင်းသား၃ယောက်လဲပါပ။
တယောက်၃ရင်းဂစ်ထဲမို့ 

ပျော် လို့ မှမဆုံးသေးကျောင်းရောက်တော့တယောက်၁၀တဲ့။
တော်သေးသည်ပိုက်ဆံပါ လို့အရှက်တော့မကွဲ။
အခြားကျောင်းသားတယောက်ကဘီးကိုခြေထောက်နှင့်ကန်တာကို
တတ်စီသမားရရယ်သာနေလေသည်။ပိုက်ဆံရပြီးပြီကိုး။

ရတာမှမတန်တဆ။
ရောက်ကာစကSunway ရက်ကွက်ဘက်ကိုသွား

ဖို့ ကားခမေးဘူးသည်။
ရင်းဂစ်လေးဆယ်တဲ့။မြန်မာငွေတသောင်းခွဲခန့် ။
တော်သေးသည်မငှားမိလို့ ။
ငှားသာငှားမိလျှင်တသက်လုံးနှမျောဆုံးမည်မဟုတ်။
လမ်းမှာပြေးနေသောတတ်စီတစီးတားတော့၁၇ရင်းဂစ်
နှင့်ဈေးတည့်သွားသည်။သိပ်မကြာပါ။သူငယ်ချင်းတယောက်ကိုထို၄၀တောင်းဘူး
သည့်တတ်စီသမားက Sunway ကို၁၅ကျပ်နှင့်လိုက်ပို့ သတဲ့။

အော်.ငါကိုကငတုံးငအရုပ်မို့လို့ သာဟုမှတ်ရသည်။
အမေကတတ်စီနှင့်သွားနေတာကြားရရင်စိတ်မချ။

အလုပ်သွားလုပ်ဘူးသည့်အမျိုးတယောက်ခမျာတတ်စီနှင့်ပိုက်ဆံပို့
့ဖို့ အသွားဓားထိုးခံရသတဲ့။
မတတ်နိုင်ပြီ။သူ့ ကားစီးမှတော့ရဲရုံသာ။
တသက်မမေ့နိုင်ဖြစ်ရတာကတော့ကတော့သူငယ်ချင်းတယောက်နှူတ်မထိမ်းလို့ ။

ဖြစ်ပုံကတော့
တနေ့ အချိန်မရတာနဲ့ တတ်စီစီးရတာပါ။
1း50မှာ Presentation။ Printshop
အရင်သွားမည်။ခဏစောင့်ပေးပြီးကျောင်းပို့ ပေးရမည်။ခရီးရှည်မို့ သူတို့
လည်းကိုက်သည်။တောင်းလိုက်ပုံက၂၅ရင်းဂစ်တဲ့။

များလိုက်သမှ၂ ဆနီးပါးကိုတင်ထားသည်။
မတတ်နိုင်ပီ။အချိန်က၄၅မိနစ်သာရတော့သည်။
၁၂း၀၀ရှိပြီ။
ဒီအခြေအနေမှာချစ်သူငယ်ချင်းကသူတို့ 
ဘာသာတူအချင်းချင်းသြဘာပေးလေသည်။

မတရားတောင်းလျှင်ဒုက္ခရောက်မည်ဘာညာနှင့်။
မျက်ရိတ်မျက်ခြေပြလည်းမရ။တိုးတိုးပြောတာလည်းမဟုတ်။
သကောင့်သားတတ်စီသမားကလည်းအရွဲ့ တိုက်ကာ၁၀မိနစ်ခရီးကိုလည့်ပတ်ကာမိနစ်၂၀
လောက်လမ်းကြိုလမ်းကြားကပတ်မောင်းပစ်လိုက်သည်။
တန်အောင်စီးခိုင်းလေသလားမပြောတတ်။
ဘုရားရိုက်မရိုက်တော့မသိ။ကျွန်မမှာသာနာရီတကြည့်ကြည့်နှင့်ရင်တထိတ်ထိတ်ခုန်ရသည်။
အဲဒီတော့Print ထုတ်ပြီးနောက်တတ်စီးတစီးရှာပြီးခေါ်ရ။မှန်းထားသည့်
တနာရီခွဲမှာကျောင်းကိုမရောက်တော့။အခြားGroupMember တွေစောင်းမြောင်းတာ၂
ယောက်သားခံပေတော့။






တခါတလေတော့လဲသဘောကောင်းသည့်တတ်စီသမားနှင့်ဆိုစိတ်ချမ်းသာရသည်။

ဈေးချင်းမကွာသည့်တိုင်နားလည်ပေးတတ်သည်။
စိတ်ရှည်လက်ရှည်စောင့်ပေးရှာသည်။
တခါတလေစကားတွေပြောလိုက်တာမှမပြောနဲ့ ။
ကိုယ့်နိုင်ငံအကြောင်းသူကမှပိုသိနေသေးသည်။နိုင်ငံရေး။ပညာရေး။စုံလို့ ။

မီတာနှင့်မို့ နဲနဲနှေးနှေးမောင်းတတ်သည့်တိုင်အောင်တော်သေးသည်။
တခါတလေဘတ်စ်မစီးဘယ်လိုစီးရမယ်
ဆိုပြီးသင်တောင်ပေးသေး။ပိုက်ဆံချွေတာ.

တတ်စီမစီးနဲ့ တဲ့။ရှိတော့ရှိဧ။်။ရှားလေသည်။
အလုပ်ရတော့တော့ဘက်စကားစီးရလွယ်သည်ဆိုလို့
့ပျော်ခဲ့သည်။တကယ်တမ်းတော့ထင်သလိုမဟုတ်။

ဘတ်စကားပြေး လမ်းပေါ်မှာရှိသည့်တိုင်အချိန်မမှန်။
မနက်ရုံးသွားချိန်တွင်မြို့ ကိုသာအချိန်မှန်ထွက်ပြီးပြန်လာသည့်
ကားကျတော့အချိန်မမှန်တော့။ ၉း၃၀ရောက်ဖို့
၁၀မိနစ်မကြာသည့်ခရီးကို၁နာ၇ီကျော်ကြိုစောင့်ရသည်။
ဒါလဲတပါတ်မှာ၂ရက်သာလောက်ကားရသည်။
၉း၃၀ဖို့ ၁၀မိနစ်အလိုဘတ်စ်မလာလျှင်တတ်စီစီးရကိန်းကြုံပြီ။

မီတာနှင့်စီးလျှင် ၄ရင်းဂစ်သာ။
သို့ သော်ဒီလိုနေရာမျိုးမှာဘယ်မှာမီတာတတ်စီရမည်နည်း။
အသင့်ဖြတ်ခုတ်ထစ်ပါးပါးလှီးရန်စောင့်နေသောတတ်စီသမားတို့ ထံ၅
ရင်းဂစ်နှင့်ဈေးတည့်ရန်မျက်နှာငယ်နှင့်ပြောရသည်။
တကယ်တော့မဝေး။ဟိုင်းဝေးလမ်းမကြီးမှာ။မီးပွိုင့်တောင်မရှိ။

တနေ့ ၅ရင်းဂစ်ဆိုလျှင်တောင်တလ၁၀၀
ကျော်ချောမည်။လခပေးသောသငှေးကလည်းကြည့်တော့လည်း

သည်ခရီးကနီးသားပဲပေါ့။ပိုတောင်းဖို့ မဖြစ်နိုင်။
တတ်စီသမားတို့ လောဘသည်သည်တွင်ကွင်းကွင်းကြီးပေါ်
လေပြီ။ကျောင်းသွားမည့်ကျောင်းသားကိုသာလိုချင်သည်။

ကျွန်မဧ။်အလုပ်နေရာကိုမလိုက်ရေးချမလိုက်ချင်ကျ။
၈ရင်းဂစ်တောင်းသူတောင်းသည်။
တနေ့ ၅ရင်းဂစ်နှင့်ဈေးတည့်ကာတတ်စီစီးမိသည်။

ထိုတတ်စီသမားကိုလွန်ခဲ့သောတနှစ်ခန့်
ကမြန်မာပြည်အပြန်လေဆိပ်သွားရန်ငှားခဲ့ဘူးသည်။

ဘယ်လောက်မြတ်မှန်းမသိရသော်လည်း
ရွန်းရွန်းဝေပြောကာလိုက်ပို့ ပေးခဲ့ဘူးသည်။
အခုတော့မျက်နှာတော်ကမကြည်။ကုလားလူမျိုး။လူလတ်ပိုင်းလောက်ရှိမည်ထင်သည်။

ပုံစံကတော့ဒေါင့်မကျိုး။
အလုပ်ရောက်တော့ကျွန်မက၁၀တန်ထုတ်ပေးရာ၎ရင်းဂစ်သာပြန်ပေးသည်။

၆ ရင်းဂစ်ယူသည်ပေါ့။
တကယ်ဆို ဈေးပြောပြီးသား။သူ့ ဘက်ကကြည့်တော့၁ရင်းဂစ်သာ။
ကျွန်မဘက်ကကြည့်တော့လည်းကျောင်း သူသာမို့ မနည်း။
မြန်မာငွေနဲ့ လဲတွတ်တတ်နေတော့300
ကျော်ကြီးများတောင်မှ။ဒီလိုသာပေးရရင်တလဆိုနည်းတာမဟုတ်။
သို့ သော်မတတ်သာပြီ။စိတ်ဆိုးဆိုးနှင့်ပင်ကားပေါ်ရဆင်းခဲ့ရသည်။

ဟန်မဆောင်နိုင်အောင်ဒေါ သထွက်လာသောမျက်နှာထား
ကြောင့်ရုံးကလူတွေမေးရသည်အထိ။
နောက်တပတ်လောက်အကြာမှာကျွန်မတနဂ်နွေမှာအလည်လွန်ပြီး

တနင်းလာမှာနေမကောင်းတော့။
အိပ်ရာ ထနောက်ကျသည်။၉း၃၀ခါနီးမှအဆောင်ဝရောက်။
တတ်စီစီးရမှန်းသေချာပေါက်သိနေပြီ။
တတ်စီ၂စီး၃စီးလောက်အဆောင်ရပ်ထားတာတွေသဖြင့်ဈေးပြောကာ၅
ရင်းဂစ်နှင့်အိုကေပြီးမှာသကောင့်သားလောဘသားကုလားကဘယ်ကရောက်ကာသည်အသိ။

အနား..အနဲ .. ကွိကွိ
ကွကွပြောပြီးဝေးကြောင်းခြေဟန်လက်ဟန်ကားရားကားရားဖြင့်ပြောလိုက်ရာဆိုတတ်စီသမားကနိုး.......
နိုး... .ဖြစ်ချေပြီ။
ကျွန်မမှာစိတ်ဆိုးလိုက်တာပြောစရာမရှိ။

သူကိုယ်တိုင်မတရားဈေးယူခဲ့ပြီးပြီ။သူများကြားမှာပါကပ်ဖျက်ရပ်ဖျက်
လုပ်ခြင်းကိုခွင့်လွတ်နိုင်လောက်အောင်ကျွန်မမရင့်ကျက်နိုင်။
ကျွန်မမှာကျောင်းသားမျှသာ။ဝင်ငွေသည်မုန့် ဖိုးထက်မပို။

တတ်စီစီးသည်မှာပေါလွန်း ၍လည်းမဟုတ်။
ဒါကိုမသိစရာလဲမရှိ။ဘယ်ဘ၀ကပါရမီနည်းခဲ့သည်မသိ။
အော် ..လူတွေသည်မိမိဧ။်လောဘကိုဖော်ထုတ်ပြရန်လည်းမရှက်ပါလားနော်။
........................................................................................

......................................................................

တခုသောကမ်းခြေတွင်ဝင်ကစွတ်ကောင်လေးတကောင်သည်
ခရုံခွံလေးအလွတ်လေးများကိုဝင် ရောက်ရန်နေရာယူရန်ကြည့်နေရှာလေသည်။

သည်ခရုံခွံသည်မိမိနှင့်တော်လေပမလား။
သက်တောင့်သက်သာရှိပမလားလောက်သာသူ့မှာ
စဉ်းစားကောင်းစဉ်းစားရပေမည်။
လမ်းမပေါ်မှရွေ့ရှားနေသောခရုံခွံလေးများကားတော့ပိုင်ရှင်ရှိလေသည်။

လောဘရှိကြလေသည်။အခကြေးငွေယူကြလေသည်။
ရွေ့ ရှား ဖို့ ရာမှာအချိန်ကိုငွေနှင့်ဆက်ပေးရလေသည်။
ကျွန်မမှာသာမနက်တိုင်းရင်မောတတ်သောဝင်ကစွတ်လေးဖြစ်လာသည်။


မလေးမေ


တခုသောညနေတွင်ကျွန်မချစ်သူတယောက်ရလေသည်။
လက်သည်းကိုက်တတ်သော
လက်ဖက်ရည်ကြိုက်တတ်သောကျွန်မဧ။်စိတ်ထဲတွင်
ကစားဖော်တယောက်ရသည့်အတိုင်းပျော်ရွင်နေလေသည်။
ထိုအချိန်ဧ။်ခံစားမှု ကိုပြောပြပါဆိုလျှင်
ကမ္ဘာတွင်လမ်းလျှောက်ပထမဆုံးအကြိမ်မတ်တတ်ရပ်နိုင်သောဘူး

သောကလေးငယ်တယောက်ရဲ့
စိတ်ကူးနှင့်
ခပ်ဆင်ဆင်တူမလားမပြောတတ်ပါ။


မျှော်လင့်ချက်နှင့်စိတ်ကူးအိမ်မက် အသစ်အသစ်များစွာ
ချစ်သူထံမှရဘူးလေသည်.။
နေ့ စဉ်နေ့ တိုင်းဖုန်းပြောနေပါလျက် တွေ့ ဆုံနေပါ

လျက်နဲ့ လဲညစဉ်ညတိုင်းသမီးရည်းစားထုံးစံ ဟုဆိုကာစာရေးဘူးတာတော့
ဝိုးတ၀ါး မှတ်မိနေသည်။
ထီးတချောင်းထဲအတူတူဆောင်းကာ မိုးစိုခံခဲ့ဘူးသည်။
ချစ်သူကလှလိုက်တာဟုပြောသောအခါဘယ်သောအခါမှမိမိကိုယ်ကိုယ်လှတယ်
မထင်ဘူးသောကျွန်မကခိုးခိုးခစ်ခစ်ရယ်ကာသဘောကျတတ်ပါသည်။
မည်သူမျှပြငှန်းစရာ သင်ကြားစရာမလိုသော တတ်မြောက်နိုင်သော အစွမ်းသတ္တိမျိုး
အချစ်ပေးနိုင်ကြောင်းလက်ခံရမလိုလိုဖြစ်ခဲ့ပါသည်။မြောက်မြားစွာသော
အပျော်ဖတ်ဝတ္ထုများမှာမင်းသမီးနှင့်မင်းသားချစ်ကြိုက်သွားသော
အခါဇာတ်သိမ်းကြသည်။ကျွန်မတို့နှစ်ယောက်ရိုက်ခဲ့သောဇာတ်လမ်းထဲမှာ သိပ်ချမ်းသာသောသငှေးသားနှင့်
စတိုးဆိုင်အရောင်းစာရေးမလေး
အကြောင်းမပါပါ။


ထိုအချိန်ဧ။်အိမ်မက်ထဲတွင်ကျွန်မသည်သစ်ပင်လေးတပင်ဖြစ်လေသည်။
လောင်းရိပ်အောက်တွေနေရစေကာမူပျော်နေမိပါသည်။ကျွန်မကိုစောင့်လျှောက်
လိုသောကာကွယ်လိုသောချစ်သူကိုသာအလိုရှိပါသည်။တစုံတယောက်က
ကျွန်မအား
မရင့်ကျက်လိုက်တာဟုပြောလဲနေပါစေတော့။
သို့သော်ကျွန်မတောင်းသောဆုတောင်းမပြည့်ခဲ့ပါ။

ချစ်သူတယောက်ထံမှမေတ္တာများချစ်ခြင်းများလွင့်ပါးလာပြီမှန်း
ကျွန်မသိသောညနေမှာဆောင်းတွင်းဧ။်နေ့ တနေ့ ဖြစ်ပါသည်။
ချစ်သူသက်တမ်း၂နှစ်ပြည့်သောနေ့မှာသူရောက်မလာပါ။
ချစ်သူဧ။်ရောက်မလာခြင်းများအပေါ်ရိုးအီနေပြီဖြစ်သော
ကျွန်မအတွက်ထိုနေ့သည်အထိမ်းအမှတ်နေ့ တနေ့ ဟုမသတ်မှတ်တော့ပါ။

ကန်ဘောင်ပေါ်ကအတွဲလေးများကိုငေးတတ်သောအခါအလွမ်းသီချင်းများကို
နားထောင်တတ်လာသောအခါအထီးကျန်မှုအားငယ်မှုနှင့်အတူ
ဝမ်းနည်းခြင်းများကရောက်နှင့်နေပြီ။ထိုနေ့ ကစလို့ ကျွန်မခေါင်းငုံ့ကာလမ်းလျှောက်တတ်လာသည်။

ချစ်သူကိုလှမ်းမျှော်ကြည့်မိသောအခိုက်အတံ့တွင်
ကျွန်မတို့ ၂ယောက်အဝေးကြီးဝေးခဲ့ပြီမှန်းသိခဲ့ရပြီ ။
မတုန်လှုပ်တော့ပါ။
ချစ်သူဧ။်စိတ်စားမှုများသည် ကျောပိုးအိပ်အပြာထဲတွင်
မျှောင်လင့်ချက်များထည့်သွင်းယူဆောင်သွားတတ်သော
ကောင်မလေးတယောက်ထံတွင်ပျောက်ဆုံးသွားလေပြီ။
ချစ်သူရှာဖွေသောလော်ရယ်၊ရက်ဗလွန်နှင့်ကြိုးတချောင်းအကျီဧ။်

အဓိပါယ်မှာလဲကျွန်မဧ။်အဘိဓါန်တွင်မရှိ။ချစ်သူလဲသိလေသည်။
ချစ်သူသည်ရည်းစာအသစ်ချက်ချွတ်လေးဧ။်လက်ကိုကိုင်ခွင့်
ရသောနေ့တွင်ကျွန်မသည်ပန်းဆိုးတန်းတွင်စာအုပ်အဟောင်းများကို
ငေးမော၍သော်လည်းကောင်း
တနော်ခနဲ့လက်ဖက်ရည်ဆိုင်ထဲတွင်အပေါင်းအသင်းများနှင့်တော်တီလာဖလက၊်
မြသန်းတင့်နှင့်သော်လည်းကောင်း
အရှေ့ အလယ်ပိုင်းငြိမ်းချမ်းရေးနှင့်သော်လည်းကောင်းအလုပ်များနေပေလိမ့်မည်။
ကျွန်မတို့ နှစ်ယောက်ဧ။်ဇာတ်သိမ်းအတွက်အလွမ်းသီချင်းလည်းမဆိုတတ်ပါ။


ချစ်သူကိုပြင်းရှစွာသတိရမိသော
နေ့ မှာဆောင်းဦးပေါက်ပေါက်ရာသီတွင်ကျောင်းဆောင်းရှ့ က
ငှဝါပင်ကြီးမှာရွက်နှလေးများကျွန်မမြင်ရချိန်တွင်ဖြစ်ပါသည်။
တနေ့ သောအခါကျွန်မဆီလာသောဖုန်းတခုမှာချစ်သူဖြစ်နေပါသည်။

တောင်းပန်စကားဆိုပါသည်။
ရင့်ကျက်သောမိမိကိုယ်ကိုယ်လှပစွာနေတတ်သောမိန်းမတယောက်ရဲ့

ဂုဏ်မက်ကြောင်းလည်းဖွဲ့ ဖွဲ့ နွဲ့ နွဲ့ ပြောပါသည်။
သုံးတောင်ဝတ်ယောကျာ်းတို့ ဧ။်သူကစလို့ ပါဆိုသောစကားသည်
ကျွန်မသတ်မှတ်ထားသော ယောကျာ်းတဦးဧ။်ရွံရှာဖွယ်စကားဖြစ်သည်။
ပျင်းရိဖွယ်ကောင်းသောပုံပြင်တပုဒ်ကိုကျွန်မနားမထောင်လိုပါ။
အားနာချင်းနှင့်နားလည်းပေးခြင်းဆိုသည်မှာကျွန်မထံတွင်အကန့်
အသတ်နှင့်သာရှိ
သောအရာများဖြစ်ပါသည်။


ကျွန်မရေးခဲ့သောအသဲကွဲကဗျာများရေးခဲ့ဘူးပြီ၊
အဟောင်းဆိုင်များမှတွေ့ကရာစာအုပ်များကို
ဈေးပေါပေါဝယ်ကာနှင့်အခန်းအောင်းပြီးဖတ်ခဲ့ဘူးပြီ
၊လဘက်ရည်ဆိုင်ကိုလိုသည်ထပ်ပိုထိုင်ကာလည်းအချိန်ဖြုန်းခဲ့ဘူးပြီ။

အသဲကွဲခြင်းဧ။်အရသာကိုသစ်ရွက်စားသောဘောက်ဖတ်တကောင်လို့
ဝါးမြိုခဲ့ဘူးပြီးမှဘာကိုမှပြန်မလိုချင်တော့ပါ။
တဘက်ကတောက်ခေါက်သံအဆုံးမှာညင်သာစွာဖုန်းကိုချရင်းထလာခဲ့သည့်

အခိုက်အတန့်ကိုမှတ်မိနေပါသေးသည်။
ကျွန်မရင်ထဲကစကြာဝလာမှာပြိုကွဲသွားပေပြီ။

ကျွန်မအသဲကွဲကဗျာများဆက်ရေးသည်။

သူငယ်ချင်းတယောက်ကနင်လမ်းသိပ်လျောက်တယ်နော်ဟုတခုတ်တရဆိုသည်။
သုံးဆယ့်တစ်လမ်း၊ကီးတော်ကျန်၊ရွေတိဂုန်တောင်ဘက်မုတ်နှင့် တွင်အချိန်များစွာ အကုန်ခံသည်။
နောက်တနှစ်ငှပင်တွင်ရွက်နှလေးတွေထွက် လာသောအခါ ချစ်သူကိုတမ်းတမိမှာပဲ

ဟုလွမ်းလွမ်းဆွေးဆွေးတွေးတတ်လာသည်။
သို့သော် ကျောင်းဆီသို့ ကျွန်မပြန်မသွားတော့ပါ။

ပလိမ်းကော်ဖီမစ် ကို ကျွန်မမှာမသောက်တော့ပါ။
၅၅ ကားကိုမစီးတော့ပါ။
အင်းယားလမ်းမှာလမ်းမလျှောက်တော့ပါ။
မလေးမေ


အမှန်ကဒီလိုပါ။ ကျမသည် (သို့မဟုတ်) ကျမဆိုသောမိန်းကလေးဧ။် ကုသိုလ်ကံကြမ္မာသည် အနည်းငယ်မျှထူးဆန်းလွန်းပါသည်။ကျမဘ၀ ကျမသမိုင်းကိုသာ ချရေးရမည်ဆိုလျင်
အရေးပါသောအခန်းမှပါဝင်ရသော ကျမဧ။်ဇာတ်ကောင်များသည် 'လူရှုပ်' သို့မဟုတ် လူ့သပွတ်အူများ ဖြစ်ပါသည်။ လွယ်လွယ်ပြောရရင်သောသပွတ်အူတွေပေါ့လေ။
သပွတ်အူကို သေချာစွာသင်မြင်ဘူးပါသလား? ကျမသည်စာအုပ်များကို
ချစ်သလောက် သိပ္ပံပညာနှင့်
ဆက်စပ်သမျှအရာအားလုံးကိုတော့ စက်ဆုပ်တတ်သူဖြစ်ပါသည်။
ပန်းများကိုမြတ်နိုးသလောက်သစ်ပင်များဧ။်
ဘော့ဒနီကယ်စကားလုံးများကိုတော့ စိတ်မ၀င်စားနိုင်ပါ။သပွတ်အူဆိုသည်မှာ သပွတ်သီး
တလုံးဧ။်အူတိုင်လောက်ပဲဆိုကြပါစို့။ဒီထက်ပိုပြီးတော့ရှင်းမပြတတ်ပါ။ မည်သို့ဆိုစေ ထိုသို့သောသပွတ်အူများသည်ကျမဘ၀ဧ။်သံယောဇဉ်ထားအပ်သောလူများကို
လွမ်းဆွတ်သတိရစေနိုင်ပါသည်။
ပထမဆုံးပြောရမှာကျမရဲ့သပွတ်အူ(သို့မဟုတ်)ကျမဧ။်အချစ်ဦးပေါ့လေ။ အချစ်ဦးဆိုသောအသုံးအနှုန်းကတော့သိပ်မမှန်ကန်လှပါဘူး။ကျမထံတွင်
သူ့ထက်အရင့် အရင်စိတ်ဝင်စားရင်ခုန်မိသူများရှိခဲ့ဘူးပါသည်။

သို့သော်သူကတော့ကျမရဲ့ 
ရည်းစားဦးနေရာကိုပြိုင်ဘက်မရှိသွားဘူးသူဖြစ်ကြောင်းဝန်ခံနိုင်ပါသည်။
သူသည် ကျမဧ။်အရင်းနှီးဆုံးသော သူငယ်ချင်းတဦးအဖြစ် ၇ နှစ်ကြာ ကျမဘေးတွင်ရှိခဲ့ဘူးပါသည်။ ဒီအတွက်ကြောင့်ပင်သူ့ဧ။်အရှုပ်တော်ပုံများကိုခရေစိတွင့်ကျ ကျမသိခွင့်ရခဲ့ခြင်းဖြစ်ပါသည်။ ဆယ်ကျော်သက်အရွယ်ရောက်ခါစလေးမှာပင်သူ့မှာရည်းစားရှိရသည်။
အခြားအခြားသောမိန်းမများစွာနှင့်လဲ ခပ်ရှုပ်ရှုပ်ပေါ့လေ။
ဒါပေမယ့်ကျမနှင့်တော့ ခင်မြဲခင်ဆဲပါပဲ။ အဲဒီတုန်းကတော့"သူငယ်ချင်းပဲဘာဖြစ်လို့လဲ" လို့ ပြောအားတော့ရှိခဲ့ပါသည်။
သို့သော် နောက်များမကြာမှီ ကျမကိုချစ်ရေးဆိုလာခဲ့ပါသည်။ မည်သို့သော အကြံအစည်စိတ်ကူးများနှင့် အပိုင်တွက်ခဲ့ လေသလဲ ကျမ စဉ်းစားလို့မရတော့ပါ။ သေသေချာချာ မှတ်မိနေဆဲအရာကတော့ ချစ်သူတွေဖြစ်ကြပြီး တော်တော်ကြာတဲ့အချိန်ထိအောင် ကျမသူ့ ကိုချစ်လို့ မရခဲ့။
တကယ်ပါ ကျမထံတွင် အဲဒီအချိန်ကသူငယ်ချင်းတယောက်ကို ဆုံးရှုံးလိုက်ရတော့မှာပဲဆိုသည့် အသိကသာများစွာလွမ်းမိုးခဲ့တာပါ။မချစ်တတ်သော ကျမရဲ့စိတ်ကကျမ
တို့ နှစ်ယောက်ဆက်ဆံရေးကိုဒုက္ခပေးလာသောအခါ သူကပဲစောစီးစွာ
လက်လျှော့သွားလေသည်။နောက်ပြီး မကြာခင်မှာကျမတို့နှစ်ယောက်
တရားဝင်ရည်းစား ချစ်သူအနေနှင့် မပြတ်ဆဲသေးစဉ်မှာပဲ
သူက သူ့ချစ်သူရည်းစားဟောင်းတယောက်ဧ။် အချစ်ကိုအရယူသွားလေသည်။
ဘယ်ရည်းစားဟောင်းကိုမျှ တကယ်မချစ်ခဲ့ကြောင်း
ဖွဲ့ ဖွဲ့ နွဲ့ နွဲ့ ရေးထားသောရည်းစားစာများမှာ ကျမဧ။်ဘီဒိုထောင့်တနေရာတွင်ရှိနေဆဲဖြစ်ကြောင်း သူ့ဧ။်တကျော့ပြန်ချစ်ရည်းစားလေးကို သိစေချင်လှသော်လည်း
အကြောင်းအမျိုးမျိုးကြောင့် မပြောဖြစ်ခဲ့ပါ။
ကျမသည် အားလုံးသက်မှတ်သလိုပင် စိတ်ရှည်လက်ရှည် အသဲကွဲလိုက်ပါသည်။သို့သော်ကျမထံတွင်အများထင်သလိုနားကြည်းခြင်းနဲ့အမုန်းတရားများ
တစွန်းတစမျှပင်ရောက်မလာခဲ့ဘူးကြောင်းကျိမ်တွယ်၍ပင်ပြောလိုက်ချင်ပါသည်။
အချစ်ကြီးမချစ်ခဲ့၍အမုန်းကြီးများမုန်း၍မရခဲ့တာသူသာသိခဲ့လျှင် ကျမဧ။်အမုန်းကိုသာ
သူတောင်းတလိမ့်မည် ထင်ပါသည်။သူသာဆန္ဒရှိမည်ဆိုလျှင် ကျမတို့နှစ်ယောက်ဧ။်အချစ်ဇာတ်လမ်းအား ကျမတို့ဘ၀ထဲမှဖျက်ဖယ်ထုတ်လိုက်ချင်ပါသေးသည်။ မည်သည့် အနှောင်အဖွဲ့ မှ
မပါဝင်ပဲသူနှင့် ကျမ ခင်မင်ချင်ပါသေးသည်။
ကျမနှမြောသတဆုံးအရာသည် သူနှင့် ကျမဧ။် ရင်းနှီးဖြူစင်သော ခဏတာလေးသာများဖြစ်ကြောင်းအိမ်မက်ထဲမှာသူနှင့်ဆုံတော့ 
တဖွဖွပြောခဲ့မိတာ ကျမအမှတ်ရနေဆဲပါ။





မလေးမေ
ဒုတိယမြောက်ကျမဧ။်ချစ်သူအကြောင်းကျမပြောလျှင်ယုံပေးစေချင်လှပါသည်။
ကျမချစ်သူသည်သူ့ချစ်သူထံမှမေတ္တာကိုပြန်လည်ရရှိပြီးကြောင်းကျမထံ
သို့ ဖုန်းဆက်ပြောပြီး၂၄နာရီအကြာမှာကျမသည်နောက်ချစ်သူတယောက်ကိုချစ်ပါသည်တိုးတိတ်ညှင်သာ
စွာပြောမိလေသည်။
ကျမဘ၀တွင်နောက်တကြိမ်တခါမှယောကျားတယောက်ကိုထိုမျှ
ရင်ခုန်ချစ်မြတ်နိုးစွာနှင့်အဖြေပေးနိုင်တော့မည်မဟုတ်ပါ။
ထိုမျှလောက်ရိုးသားသောမျက်ဝန်းများ , ကျမနှင့်အမြဲလိုလိုစကားပြောချင်
နေသောသူ့ စိတ်ထားများသူ့ ဘ၀အခြေအနေများသည်ကျမကိုသူအလိုရှိသောအဖြေပေးဖို့ဆွဲဆောင်သွားခဲ့တာပါ(တကယ်တမ်းဒီအရာတွေဟာ
အတုတွေပါလို့သိလာရသည့်တိုင်အောင်

ကျမသူ့ကြောင့် ရင်ခုန်ပျော်ရွင်ခဲ့ရသောနာရီမိနစ်များအကြောင်းကိုကျမမြတ်နိုးစွာ
တွေးတောချင်နေဆဲဖြစ်အောင်ကိုသူကစွဲဆောင်နိုင်ဆဲပါပဲ)

သူက" ညီမလေး "
လို့နှူးညံ့စွာရေရွတ်တဲ့ တဲ့အခါတိုင်းအခါတိုင်းမှာကျမရင်ခွင်ကိုအနူးညံ့ဆုံးမုန်တိုင်း
အေးလေးတွေဖြတ်သန်းသွားလေ့ရှိပါသည်။
တကယ်တော့ကျမတို့ဟာသင်တန်းတခုမှာမိနစ်ပိုင်းလေးသာဆုံစည်းခဲ့ဘူးတာပါ။
ကျမပေးထားခဲ့တဲ့အီးမေးလိပ်စာလေးနဲ့အတူကျမသူ့စကားသံကိုနောက်တကြိမ်ပြန်ကြားရတဲ့
အချိန်မှာကျမတို့၂ယောက်ကမ္ဘာတခြမ်းဆီမှာလွင့်စင်နေခဲ့ပါပြီ။
ဒါပေမယ့်အရာအားလုံးဟာ၃၃ရက်အကြာမှာသူ့ရဲ့နောက်တယောက်သော
ချစ်သူနဲ့ပတ်ပင်းတိုးရင်းအထိတ်တလန့်လန့်နိုးသွားပါတယ်။
ဒါပေမယ့်ဒါဟာကျမအတွက်အမှန်တရားပါပဲ။မကြာခင်မှာပဲကျမရဲ့
အမှန်တရားတွေက တခုပြီးတခုကြမ်းတမ်းစွာကျမရှေ့ မောက်ကိုရောက်လာခဲ့ပါပြီ။
ကျမတို့၂ယောက်ရဲ့ 
ချစ်သက်တမ်း၂နှစ်အတွင်းမှာကျမသူ့ ချစ်သူ၅ယောက်နဲ့ကြေကွဲစွာစကားပြောခဲ့ဘူးတာလဲအမှန်တရားတခုပါပဲ။
နောက်ဆုံးတော့ကျမရဲ့ 
ခံနိုင်ရည်တွေကအားနည်းရော့ပါးလာပါတယ်။
ဒါပေမယ့် "အရင် ကလို" ဆိုတဲ့စကားလုံးလေး
နဲ့သူ့ဆီကအကြင်နာနဲ့သစ္စာတရားတွေကိုကျမစောင့်စားနေဆဲမှာပဲသူလက်ထပ်ဖို့
အထိရည်ရွယ်ထားတဲ့မိန်းကလေးတယောက်ဟာကျမ
ရဲ့ အေးစက်နေတဲ့အိမ်မက်တွေကိုအပြီးတိုင်အလဲထိုးသွားခဲ့ပါတယ်။
ကျမသူ့ကိုမုန်းသွားပြီလားလို့စုံတယောက်ကမေးလာခဲ့ရင်
ကျမလျှင်လျှင်မြန်မြန်ပဲခေါင်းခါနိုင်ပါတယ်။
ကျမရင်ထဲမှာစိုးထိတ်ဆုံးအရာကသူ့ဘ၀မှာသူ့ အတွက်
တကယ်သင့်တော်သူသူ့ကိုကြည်ဖြူတဲ့မိန်းကလေး
နဲ့ သာဖြူစင်စွာလက်ဆက်စေချင်တာပါ။
သူကိုမနာကြည်းခဲ့ပေမယ့်တကယ်တမ်းဆုံးရှုံးပြီဆိုတာသိရတဲ့အချိန်မှာတော့
ကျမသူ့အတွက်စိုးရိမ်စိတ်ပူစိတ်တွေနဲ့ သာပူလောင်နေပါတော့တယ်။
ကျမငယ်စဉ်တုန်းကမြစ်ဘေးချောင်းဘေးမှာစက္ကူလေလှလှလေးတွေကို
စွဲမက်စွာလုပ်ပြီး လွတ်ခဲ့ဘူးပါတယ်။
ကျမမည်မျှပဲမြတ်နိုးစွာဖန်တီးခဲ့သည်ဖြစ်စေတချိန်မှာ
ကျမစွန့်လွတ်ရတော့မှာ
သိပ်ကိုသေချာနေပါပြီ။ကျမမပိုင်ဆိုင်နိုင်တော့ပါဘူး။
အရာရာကိုကံကြမ္မာကသာကျမဆုံးဖြတ်စေချင်တော့တာပါ။
အဲဒီတကြိမ်မှာတော့မြန်မာပြည်မှာပြန်လာပြီးကြာကြာနေရင်းဖဲချပ်တွေစာအုပ်တွေ
ပန်းချီကားတွေကြားမှာပဲ
ကျမရဲ့ရင်ခုန်သံမှန်သမျှကိုနှစ်မြုတ်ထားလိုက်ပါတယ်။
ကျမမြတ်နိုးတဲ့စက္ကူလှေလေးကတော့ကျမမြင်ကွင်း
ကနေဝေးသထက်ပိုဝေးရင်းကျမကိုမေ့လျှော့နိုင်ရာအရပ်
ကိုသူသည်စုန်ဆင်းလျှက်ရှိနေပါပြီ။


မလေးမေ
ကျမဘ၀ရဲ့ အချိုးအကွေ့မျှော်လင့်ခြင်း ကြေကွဲခြင်း ပျော်ရွင်ခြင်းနဲ့ အခြား အခြား သောအရာ
တွေဟာချစ်သူဆိုတဲ့
ဝေါဟာရကချည်းပဲကိုယ်စားပြုနိုင်တာမဟုတ်ပါဘူး။ကျမဘ၀ရဲ့ တယောက်သော ဇာတ်ကောင် ကတော့ ကျမရဲ့အကိုပါ။
အမှန်အတိုင်းဝန်ခံရရင်ကျမ

ကမိသားစုရဲ့ အကြီးဆုံးနေရာကိုနာကြည့်စွာနဲ့မွေးဖွားလာခဲ့တာကိုမုန်းတီးတာပါ။
ဒါကြောင့်မိတ်ဆွေသူငယ်ချင်းနဲ့။ ဒါကြောင့်မိတ်ဆွေသူငယ်ချင်းနဲ့ချစ်သူပင်ဖြစ်စေ
ကျမထက်အသက်ကြီးသူတွေကိုပိုပြီးမက်မောစွာရွေးချယ်ချင်ပါတယ်။
ကျမထက်အသက်ကြီးတဲ့သူနဲ့မှပိုပြီးကျမနဲ့သင့်တော်တယ်
လို့ ခပ်ကြောင်ကြောင်လဲတွေးတတ်သူပါ။ကံကောင်းစွာနဲ့ပဲကျမရဲ့ ကလေးဘ၀မှာ
အကို၃ယောက်ရှိခဲ့ဘူးပါတယ်။
အဲဒီအပိုင်းအခြားကာလလေးကကျမအတွက်တို
တောင်းလွန်းအားကြီးလွန်းလို့ 
လို့ကျမရဲ့ သေးငယ်လှတဲ့ကလေးငယ်လက်ချောင်းလေး
တွေနဲ့ ဖမ်းဆုတ်ဖို့ရာမတတ်နိုင်ခဲ့ပါဘူး။


အဲဒီအချိန်တုန်းကအရွယ်ရောက်ပြီးသား
အကိုကြီးနဲ့ အရွယ်ရောက်စအကိုလတ်ထက်ကို ကျမထက်တနှစ်သာကြီးတဲ့အကိုအငယ်ဆုံးကိုကျမပိုပြီးတွယ်တာပါတယ်။
မတွယ်တာလို့လဲမရပါဘူး။ာက်တည်းသောညီမငယ်ကကျမဖြစ်ပါတယ်။
ဒါပေမယ့် ဆိုးဝါးတဲ့ကြမ္မာမိုးကကျမတို့အပေါ်ရုတ်တရက်ရွာကျတဲ့အခါကျမတို့မှာ
နာကြင်မှု အထီးကျန်မှုတွေနဲ့ရွဲရွဲစိုရင်းကျန်ရစ်ခဲ့ပါတယ်။
ရောင်စုံသကြားလုံးလေးတွေ
ရွေရောင် ငါးတွေနဲ့အတူအကိုဟာကျမဘ၀မှာဘယ်တော့မှပြန်လည်ငှားရမ်းမရနိုင်တော့တဲ့
အတိတ်ထံမှာကျကျန်ရစ်ခဲ့ပါတယ်။

ကျမပိုင်ဆိုင်တဲ့ကလေးဘ၀ဆိုတာအများတကာလိုတောင်းတစရာ
ကောင်းလောက်အောင်မချိုမြိန်
သလိုဖြစ်နိုင်ရင်ခြစ်ထုတ်ပြစ်ချင်စရာတောင်ကောင်းလှပါတယ်။
အထီးကျန်ခြင်းနာကျင်ခြင်း
နဲ့ ဘယ်တော့မှကျမမက်မောတဲ့အမေ့အိမ်မှာကျမဘ၀ကို
ကျမတောင်းတောင်းတတကိုမုန်းတီးပါတယ်။
အထီးကျန်ရင်းကျတဲ့မျက်ရည်အိမ်မက်
တွေမှာအကိုအခါခါပါခဲ့ဘူးပေမယ့်နောက်တော့လဲ
အဲဒီမျက်ရည်တွေနဲ့ အတူအကိုဟာကျမအိမ်မက်
ကနေခြောက်သွေ့လွင့်ပါးသွားပါတယ်။
ဒါပေမယ့်တခုသောညမှာကျမအကိုရဲ့
ဖုန်းသံဟာကျမဆီ
ကိုရောက်လာခဲ့တယ်။နောက်သိပ်မကြာခင်မှာပဲကျမနဲ့
စကားပြော တော့ သူနေခဲ့ရတဲ့အိမ်ကလေးနဲ့သူ့ကို
ကျောခိုင်းပြီးသွားခဲ့တဲ့ညီမလေးကိုသူသတိရနေဆဲလို့
ကျမသိရပါတယ်။
(အဲဒီစကားဟာနောင်တချိန်မှာကျမကိုကြိမ်ဖန်များစွာကျမကိုမျက်ရည်
ကျအောင်အလဲထိုးစေမယ့်စကားဆိုတာအဲဒီတုန်းကမသိခဲ့သေးပါဘူး) ။
၁၀စုနှစ်တခုတောင်ကျမတိုး၂ယောက်မတွေ့မမြင်ခဲ့ကြပေမယ့်မနေ့ကမှ
နှုတ်ဆက်ပြီးခွဲခွာထားခဲ့တဲ့လူ၂ယောက်လို
ကျမတို့နှစ်ယောက် ရင်းနှီးနေဆဲပါပဲ။
ဒါပေမယ့်အကြောင်းအမျိုးမျိုး ကြောင့် ကျမမြန်မာပြည်ကို နောက်တကြိမ်ပြန်
လာချိန်မှာတော့
အဆက်အသွယ်ပြတ်သွားပြန်ပါတယ်။ရီစရာပါပဲ။
ကျမကအကိုပြောခဲ့တဲ့စကားတခွန်းကြောင်း
Tea shop တွေ ဖိုရမ်တွေမှာအကို့ကိုဝင်ရှာရင်း
နဲ့ ဖိုရမ်မာတယောက်ဖြစ်သွားခဲ့ကြောင်းတော့အခွင့်သင့်ရင်အကို့ကို
ပြောပြခွင့်ပြုစေချင်ပါတယ်။
ဒါပေမယ့်အကိုရုတ်တရက်ရောက်လာတဲ့နေ့မှာတော့အကိုတယောက်ထဲ
မဟုတ်တော့ပါဘူး။
မိန်းကလေးတယောက်နဲ့အတူတနေရာကို
ထွက်သွားဖို့အဆင်သင့်ဖြစ်နေပါပြီ။
နောက်တော့အကိုနဲ့မဆုံတော့ပြန်ပါဘူး။
ဒီတခါကျမ ရှာဖွေတဲ့ အခါမှာတော့ ကံကောင်းစွာနဲ့ပဲအမှတ်မထင် ကူညီသူ ရလာလို့
ခပ်မြန်မြန်ပဲအကို့ အကြောင်းကိုစုံစမ်းရပါတယ်။
ကျမနောက်တကြိမ်မြန်မာပြည်ကိုပြန်ချိန်မှာတော့
အကိုကကျမတို့ဆီကိုဖုန်းမဆက်နိုင်မလာနိုင်တော့တဲ့အခါကျမကပဲ
အကိုရှိရာကိုရောက်အောင်သွားခဲ့ရပါတယ်။
လက်ပြပြီးနှုတ်ဆက်ကျန်ခဲ့တဲ့အကို့ကိုလှည့်ကြည့်ရင်း
ကျမလေးနက်စွာဆုတောင်းခဲ့တာကတော့
အကိုနဲ့နောက်တကြိမ်အမြန်ဆုံးပြန်ဆုံတွေ့ ဖို့ပါပဲ။
ဒါပေမယ့်ကျမရဲ့ ဆုတောင်းကအင်အားနည်းပါးလွန်း
လို့ လားမသိပါဘူး။ နောက်ထပ် ၃၅ရက် အကြာမှာအကို့ဆီကိုထပ်သွား ခဲ့ပေမယ့်ကျမ အကိုနဲ့ထပ်တွေ့ ခွင့်မရတော့ပါဘူး။
အဲဒီနေ့ ကအပြင်မှာရွာတဲ့မိုးထက်ဘယ်မိုးမှပိုပြီးသည်းသိမ့်မယ်အထင်ပါဘူး။
ကျမကျတဲ့မျက်ရည်ကိုဘယ်သူကမှနားမလည်နိုင်
သလိုကျမကြုံနေရတဲ့ ကံကြမ္မာ မျက်လည့် တွေကိုအလျင်မှီအောင်လိုက်ပြီး ယှဉ်ပြိုင်
ဖို့ ကျမရင်ထဲကသံယောဇဉ်နဲ့မေတ္တာတရားတွေကလည်းတခါတလေကျတော့
မတတ်နိုင်ကြတော့ပါဘူး။




မလေးမေ
နောက်ထပ်ဆန်းကြယ်တဲ့ ပုံပြင်တပုဒ်ရှိပါတယ်။
တကယ်တော့ပုံပြင်မဟုတ်ပါဘူး။
ဒါပေမယ့် အရှိတရားကို လက်ခံဖို့နဲ့လက်တွေ့  အကောင်အထည်ဖော်ဖို့ 
ရှိမလာနိုင်တဲ့ဇာတ်လမ်းတပုဒ်ကို နတ်သမီးပုံပြင်အဖြစ်နဲ့ပဲ စာအုပ်လှလှလေးထဲမှာ
ကျမ သိမ်းဆည်းထည့်ထားချင်လို့ ပါ။ညစဉ်ညတိုင်း ထိုအိမ်မက်ပုံပြင်တွေကို
ခုံမင်စွာကျမ ဖတ်ပါမည်။ သူကျမကို တကယ်ချစ်ရဲ့လား ကျမ မသိချင်ပါဘူး။
ဒါပေမယ့် ကျမသည် သူ့အတွက်အပျင်းပြေပဲဖြစ်စေ လိုအပ်သော သူတယောက် ရိုးသားစွာဖြစ်ခွင့်ရချင်ပါသည်။
ကျမတို့လမ်းခွဲသွားတိုင်း

ကျမသူ့ကိုမနှုတ်ဆက်ချင်ပါ။
သို့သော် နောက်တကြိမ်ပြန်ဆုံတွေ့ ဖို့ကို ကျမရင်မှာ လေးနက်စွာ မျှော်လင့်မြဲပါ။
သူ့မှာ ချစ်သူများစွာ ရှိပါသည်။ မလွဲရှောင်စွာ ကျမတို့ ခင်မင်ပတ်သက်မှုကို
သိခွင့်ရသော သူ့ချစ်သူမိန်းကလေးများက ကျမကိုမကြည်ဖြူလှပါ။
သို့သော် ကျမသူ့ အပေါ်ထားရှိအပ်သော ချစ်ခြင်းမေတ္တာသည်
ခရမ်းနှရောင်အလင်းများနှင့် တောက်ပစွာ လင်းလက်လျှက် ရှိနေဆဲဖြစ်ပါသည်။
ကျမသည် သူ့ ရည်းစားတယောက်အဖြစ် မည်သည့်အခါမျှ သူတွေးတော့လိမ့်မည်မထင်ပါ။ကျမသူ့အတွက်
ခံစားရသောတစုံတရာကို

အချစ်ဟူ၍အမည်နာမတပ်ရမှာကိုလည်းမနှစ်မြို့လှပါ။ သူ့ထံမှရနိုင်သော
ခံစားမှုလှလှလေးများကို အကြောင်းပြောရမည်ဆိုလျှင် အဖြူရောင်တိမ်လိပ်လေး
များတေးသွားချိုချိုလေးများ မိုးရေမှုန်လေးများနှင့်အနူးညံ့ဆုံးလေညှင်းအေးကလေးများအကြောင်းကို
ရင်ခုန်စွာဖြေးဖြေးခြင်းပြောပြချင်ပါသည်။
သို့သော် ...တခါတရံသူကချစ်ရဲ့လားလို့မေးလာခဲ့လျှင်ကျမကချစ်ပါတယ်လို့မဆုတ်မဆိုင်းပဲ
သေသေချာချာပြောပြမည်ဖြစ်ပါသည်။
ထိုစကားသည် ထိုနေ့အတွက်ဘယ်နှစ်ကြိမ်မြောက်ကြားခဲ့ရသော အဖြေဖြစ်မှန်း
ကျမမသိချင်ပါ။ သို့သော် သူလိုအပ်စွာ အပျင်းပြေဖြစ်စေကြားချင်သော
စကားတခွန်းကို လေးနက်စွာ ကျမဖြေဖို့ဝန်မလေးပါ။ ကျမဘ၀တွင်ဖဲကြိုးအဖြူရောင်လွလွတစ ကိုမည်သည့်အရာကိုမျှ ချည်နှောင်ခြင်းမပြုပဲသူဧ။်ဓာတ်ပုံလေးနှင့် ယှဉ်တွဲထားချင်သည်မှာ
ကျမဧ။်အရိုးသားဆုံး ဆန္ဒဖြစ်ပါသည်။ကျမဘ၀တွင် နားလည်ခွင့်လွတ်ခြင်းနှင့်
သံသယကင်းစွာထားရှိအပ်သော ချစ်ခြင်းများကိုသူကသာပိုင်ဆိုင်နိုင်ပါသည်။
ကျမဘ၀သည် ရှုပ်ထွေးခြင်းသို့မဟုတ် ရှင်းလင်းစွာမနေတတ်သော
ယောကျားများကို အဓိကအခန်းမှာနေရာပေးထားမိသော ကျမထံသို့
မထားရှိအပ်သော ကောက်ကျစ်ခြင်း စက်ဆုပ်စရာ ပိုင်ဆိုင်လိုမှုများကို
ကျမထံသို့ ရောက်မလာဘူးပါ။ကျမဧ။်စိတ်ကို တစုံတရာ စိတ်ထိခိုက်နစ်နာရသည့်
တိုင် ကျမအတွက်သူတို့နှင့် ပတ်သက်မှုသည် မနက်ဖြန်တွင် လှပသော
အတိတ်အဖြစ် ထင်မှတ်နေဦးမှာ ဖြစ်ပါသည်။ မျှတစွာကျမတွေးတောကြည့်ပါမည်။
ကျမသည် သူငယ်ချင်းလူရှုပ်အပေါ် တွယ်တာခဲ့သူ ချစ်သူလူရှုပ်အပေါ်
ကျရောက်လာသောဒဏ်ရာများအပေါ် ကြိုးစားနားလည်ပေးခဲ့သူ အရှုပ်အထွေးများကြားမှအကိုထံသို့ ရောက်အောင်သွားခဲ့သူ
နောက်ဆုံး ... ကျမဧ။်နှလုံးသားတနေရာတွင်မှတ်မှတ်ရရထည့်ထားသူမှာလဲ
လူ သပွတ်အူတယောက်ဖြစ်နေပြန်သူပါ။
ထိုသို့သော အကြောင်းများကြောင့် ကျမသည်လည်း
လူရှုပ်တယောက် (သို့ မဟုတ်)သပွတ်အူအမျိုးစားထဲမှာ ပါဝင်နေမှာ
သိပ်သေချာနေပါပြီ။
ဒါပေမယ့် ကျမဧ။်သပွတ်အူဇာတ်ကောင်များကို
သံယောဇဉ်ကြီးစွာထားဖို့ဝန်မလေးနိုင်ပါဘူး။