မလေးမေ
ဝင်ကစွတ်ကောင်များသည်ခိုလုံရာတနေရာအတွက်အငှားမြှောင်ရကြလေသည် ။
ခိုလုံစရာတနေရာအတွက်ကိုယ်ပိုင်မဟုတ်သောအငှားနေရာလေးတခုကို

သုံးရရှာသော လူများနှင့်သဘောသဘာ ၀နှင့်တူသည်ဟုများစွာသော
စာ ရေးဆရာတို့ ကဖွဲ့ သည်ညွန်းသည် ။


နိုင်ငံရပ်ခြားကိုရောက်သောအခါကိုယ်ပိုင်အိမ်ရာကားဟူ၍မရှိတော့ပြီ။
ငှားနေရပြီ။အရင်ဆုံးအိမ်။
ဒါကထားတော့။နေ့ စဉ်အမျှပြောင်းရွေ့ နေစရာမလို။အလွန်ဆုံး

6လတနှစ်အနည်းဆုံးနေနိုင်သေးသည်။
နေ့ စဉ်အမျှသွားရလာရကိုယ်ပိုင်ကားမရှိသည့်ဘဝ
မှာဒုက္ခများလေပြီ။ငှက်လိုလည်းမပျံနိုင်။ကားစုတ်ကလေးတောင်မှဝယ်နိုင်ရန်မရှိ။
ဘယ်ဘ၀ကကုသိုလ်နည်းခဲ့သည်မသိ။ဘတ်စ်ကားနှင့်တောင်
အကျိုးပေးမကောင်း။တနည်းပြောရသော်ဈေးသက်သက်သာသာသွား

လာခွင့်ရမည့်
အခွင့်အရေးကံကျွန်မမှာ နည်းပါးလွန်းသည်။
ကျောင်းလည်းကျောင်းမို့ ။အဆောင်မှကျောင်းကားကအချိန်နှင့်။

အတန်းချိန်နှင့်ကိုးလို့ ကန့်လန့်။အခြားဘစ်စကားကမရှိ။
အားလပ်နေသည့်နေ့ များမှာတော့ကျောင်းကားနှင့်အတူကျောင်းစောစောသွား။

ကျောင်းကားစောင့်ပြီးမှပြန်။
assignment တင်ချိန်နီးလို့ ဗျာများပြီဆိုရင်တော့အချိန်ကိုငွေနှင့်စက်ပေတော့။
၂နာရီ၃နာရီအချိန်လေးရရန်မြန်မာငွေသုံးလေးထောင်ပေးကာတက်စီ(Taxi)စီးပေတော့။
CAB ပဲခေါ်ခေါ် TAXI ပဲခေါ်ခေါ်မြန်မာလိုအငှားကားပဲခေါ်ခေါ်

(အမေတို့ ခေတ်ကတော့လေးဘီးတဲ့)
ကျွန်မအတွက်တော့ဈေးမသက်သာသောခရီးသွားယာဉ်သာဖြစ်ပါသည်။
တန်ရာတန်ကြေးထက်ပိုတောင်းရန်ဝန်မလေးသူတို့ သည်အငှားကားမောင်းစား

ရန်ဝါသနာပါကြသလားမသိ။သို့ တည်းမဟုတ်မတန်တဆဈေးစစ်တတ်သော
သို့ တည်းဟုတ် မတန်တစဈေးပေးရန်ဝန်မလေးတတ်သောခရီးသည်ကြောင့်
ကျောက်တုံးများလိုပွတ်တိုက်ပါများကာပြောင်းလဲကုန်ကြသလားမသိပါ။
မြန်မာပြည်မှာတော့တတ်စီစီးသည့်

အတွေ့ အကြုံနည်းခဲ့သည်။

အိမ်ကကားနှင့်အများဆုံးတခါတလေတတ်စီကားခ
အိမ်ကပေးသည့်
တိုင်အောင်ထို ကားခသည်ဘယ်တော့မှတတ်စီကား
သမားထံရောက်ခြင်းမရှိ။

၂၀ပေးကာတိုးဝှေ့ တတ်ရသောဘတ်စ်ကားနှင့်ဝက်သားဒုတ်ထိုး
သည်ထံသို့ သာခစားကြရလေသည်။
အခု့ မရတော့။ကျောင်းကားနောက်ကျသလား ။
အိမ်မှprint shop ကိုသွားမည်ပြီးမှကျောင်းကိုပြေးကာ
assigmentတင်မည်လား။

အိမ်စောစောပြန်ကာတနာရီလောက်လေးအိပ်ချင်သလား။
တတ်စီစီးပေတော့။
လူမျိုးမျိုးစိတ်အထွေထွေသာဆိုသည်။တတ်စီသမားအများစုမှာလောဘကြီးဧ။်။

ကျောင်းသားများကိုဈေး တင်တောင်းရန်ကတွတ်ပေါက်ဗျိုင်းစောင့်သည့်ပမာ
အဆောင်ဝ တွင်စောင့်နေသည်မှာအစီအရီ။
မသိလျှင်စေတနာတွေလျှံနေသလိုလို။
မီတာနှင့်စီးလျှင်မြန်မာငွေ၂၀၀၀ထက်ပိုမကျနိုင်သောခရီးကို၄၅၀၀ / ၅၀၀၀ လောက်ပေးမှ
ပို့ ပေးနိုင်မည်။ဈေးသွားမစစ်လေနှင်သူတို့ ကတော့ခတ်တင်းတင်းသာ။

တနေ့ လုံးစောင့်ရလဲအရေးမလုပ်။
တခေါက်ဆိုသလောက်မြိုးမြိုးမြတ်မြတ်။

တခါလူလည်လုပ်ခံရပုံက၃၀၀၀လောက်(ရင်းဂစ်၁၀)ဆို လို့ လိုက်သွားပါတယ်။
အခြားကျောင်းသား၃ယောက်လဲပါပ။
တယောက်၃ရင်းဂစ်ထဲမို့ 

ပျော် လို့ မှမဆုံးသေးကျောင်းရောက်တော့တယောက်၁၀တဲ့။
တော်သေးသည်ပိုက်ဆံပါ လို့အရှက်တော့မကွဲ။
အခြားကျောင်းသားတယောက်ကဘီးကိုခြေထောက်နှင့်ကန်တာကို
တတ်စီသမားရရယ်သာနေလေသည်။ပိုက်ဆံရပြီးပြီကိုး။

ရတာမှမတန်တဆ။
ရောက်ကာစကSunway ရက်ကွက်ဘက်ကိုသွား

ဖို့ ကားခမေးဘူးသည်။
ရင်းဂစ်လေးဆယ်တဲ့။မြန်မာငွေတသောင်းခွဲခန့် ။
တော်သေးသည်မငှားမိလို့ ။
ငှားသာငှားမိလျှင်တသက်လုံးနှမျောဆုံးမည်မဟုတ်။
လမ်းမှာပြေးနေသောတတ်စီတစီးတားတော့၁၇ရင်းဂစ်
နှင့်ဈေးတည့်သွားသည်။သိပ်မကြာပါ။သူငယ်ချင်းတယောက်ကိုထို၄၀တောင်းဘူး
သည့်တတ်စီသမားက Sunway ကို၁၅ကျပ်နှင့်လိုက်ပို့ သတဲ့။

အော်.ငါကိုကငတုံးငအရုပ်မို့လို့ သာဟုမှတ်ရသည်။
အမေကတတ်စီနှင့်သွားနေတာကြားရရင်စိတ်မချ။

အလုပ်သွားလုပ်ဘူးသည့်အမျိုးတယောက်ခမျာတတ်စီနှင့်ပိုက်ဆံပို့
့ဖို့ အသွားဓားထိုးခံရသတဲ့။
မတတ်နိုင်ပြီ။သူ့ ကားစီးမှတော့ရဲရုံသာ။
တသက်မမေ့နိုင်ဖြစ်ရတာကတော့ကတော့သူငယ်ချင်းတယောက်နှူတ်မထိမ်းလို့ ။

ဖြစ်ပုံကတော့
တနေ့ အချိန်မရတာနဲ့ တတ်စီစီးရတာပါ။
1း50မှာ Presentation။ Printshop
အရင်သွားမည်။ခဏစောင့်ပေးပြီးကျောင်းပို့ ပေးရမည်။ခရီးရှည်မို့ သူတို့
လည်းကိုက်သည်။တောင်းလိုက်ပုံက၂၅ရင်းဂစ်တဲ့။

များလိုက်သမှ၂ ဆနီးပါးကိုတင်ထားသည်။
မတတ်နိုင်ပီ။အချိန်က၄၅မိနစ်သာရတော့သည်။
၁၂း၀၀ရှိပြီ။
ဒီအခြေအနေမှာချစ်သူငယ်ချင်းကသူတို့ 
ဘာသာတူအချင်းချင်းသြဘာပေးလေသည်။

မတရားတောင်းလျှင်ဒုက္ခရောက်မည်ဘာညာနှင့်။
မျက်ရိတ်မျက်ခြေပြလည်းမရ။တိုးတိုးပြောတာလည်းမဟုတ်။
သကောင့်သားတတ်စီသမားကလည်းအရွဲ့ တိုက်ကာ၁၀မိနစ်ခရီးကိုလည့်ပတ်ကာမိနစ်၂၀
လောက်လမ်းကြိုလမ်းကြားကပတ်မောင်းပစ်လိုက်သည်။
တန်အောင်စီးခိုင်းလေသလားမပြောတတ်။
ဘုရားရိုက်မရိုက်တော့မသိ။ကျွန်မမှာသာနာရီတကြည့်ကြည့်နှင့်ရင်တထိတ်ထိတ်ခုန်ရသည်။
အဲဒီတော့Print ထုတ်ပြီးနောက်တတ်စီးတစီးရှာပြီးခေါ်ရ။မှန်းထားသည့်
တနာရီခွဲမှာကျောင်းကိုမရောက်တော့။အခြားGroupMember တွေစောင်းမြောင်းတာ၂
ယောက်သားခံပေတော့။






တခါတလေတော့လဲသဘောကောင်းသည့်တတ်စီသမားနှင့်ဆိုစိတ်ချမ်းသာရသည်။

ဈေးချင်းမကွာသည့်တိုင်နားလည်ပေးတတ်သည်။
စိတ်ရှည်လက်ရှည်စောင့်ပေးရှာသည်။
တခါတလေစကားတွေပြောလိုက်တာမှမပြောနဲ့ ။
ကိုယ့်နိုင်ငံအကြောင်းသူကမှပိုသိနေသေးသည်။နိုင်ငံရေး။ပညာရေး။စုံလို့ ။

မီတာနှင့်မို့ နဲနဲနှေးနှေးမောင်းတတ်သည့်တိုင်အောင်တော်သေးသည်။
တခါတလေဘတ်စ်မစီးဘယ်လိုစီးရမယ်
ဆိုပြီးသင်တောင်ပေးသေး။ပိုက်ဆံချွေတာ.

တတ်စီမစီးနဲ့ တဲ့။ရှိတော့ရှိဧ။်။ရှားလေသည်။
အလုပ်ရတော့တော့ဘက်စကားစီးရလွယ်သည်ဆိုလို့
့ပျော်ခဲ့သည်။တကယ်တမ်းတော့ထင်သလိုမဟုတ်။

ဘတ်စကားပြေး လမ်းပေါ်မှာရှိသည့်တိုင်အချိန်မမှန်။
မနက်ရုံးသွားချိန်တွင်မြို့ ကိုသာအချိန်မှန်ထွက်ပြီးပြန်လာသည့်
ကားကျတော့အချိန်မမှန်တော့။ ၉း၃၀ရောက်ဖို့
၁၀မိနစ်မကြာသည့်ခရီးကို၁နာ၇ီကျော်ကြိုစောင့်ရသည်။
ဒါလဲတပါတ်မှာ၂ရက်သာလောက်ကားရသည်။
၉း၃၀ဖို့ ၁၀မိနစ်အလိုဘတ်စ်မလာလျှင်တတ်စီစီးရကိန်းကြုံပြီ။

မီတာနှင့်စီးလျှင် ၄ရင်းဂစ်သာ။
သို့ သော်ဒီလိုနေရာမျိုးမှာဘယ်မှာမီတာတတ်စီရမည်နည်း။
အသင့်ဖြတ်ခုတ်ထစ်ပါးပါးလှီးရန်စောင့်နေသောတတ်စီသမားတို့ ထံ၅
ရင်းဂစ်နှင့်ဈေးတည့်ရန်မျက်နှာငယ်နှင့်ပြောရသည်။
တကယ်တော့မဝေး။ဟိုင်းဝေးလမ်းမကြီးမှာ။မီးပွိုင့်တောင်မရှိ။

တနေ့ ၅ရင်းဂစ်ဆိုလျှင်တောင်တလ၁၀၀
ကျော်ချောမည်။လခပေးသောသငှေးကလည်းကြည့်တော့လည်း

သည်ခရီးကနီးသားပဲပေါ့။ပိုတောင်းဖို့ မဖြစ်နိုင်။
တတ်စီသမားတို့ လောဘသည်သည်တွင်ကွင်းကွင်းကြီးပေါ်
လေပြီ။ကျောင်းသွားမည့်ကျောင်းသားကိုသာလိုချင်သည်။

ကျွန်မဧ။်အလုပ်နေရာကိုမလိုက်ရေးချမလိုက်ချင်ကျ။
၈ရင်းဂစ်တောင်းသူတောင်းသည်။
တနေ့ ၅ရင်းဂစ်နှင့်ဈေးတည့်ကာတတ်စီစီးမိသည်။

ထိုတတ်စီသမားကိုလွန်ခဲ့သောတနှစ်ခန့်
ကမြန်မာပြည်အပြန်လေဆိပ်သွားရန်ငှားခဲ့ဘူးသည်။

ဘယ်လောက်မြတ်မှန်းမသိရသော်လည်း
ရွန်းရွန်းဝေပြောကာလိုက်ပို့ ပေးခဲ့ဘူးသည်။
အခုတော့မျက်နှာတော်ကမကြည်။ကုလားလူမျိုး။လူလတ်ပိုင်းလောက်ရှိမည်ထင်သည်။

ပုံစံကတော့ဒေါင့်မကျိုး။
အလုပ်ရောက်တော့ကျွန်မက၁၀တန်ထုတ်ပေးရာ၎ရင်းဂစ်သာပြန်ပေးသည်။

၆ ရင်းဂစ်ယူသည်ပေါ့။
တကယ်ဆို ဈေးပြောပြီးသား။သူ့ ဘက်ကကြည့်တော့၁ရင်းဂစ်သာ။
ကျွန်မဘက်ကကြည့်တော့လည်းကျောင်း သူသာမို့ မနည်း။
မြန်မာငွေနဲ့ လဲတွတ်တတ်နေတော့300
ကျော်ကြီးများတောင်မှ။ဒီလိုသာပေးရရင်တလဆိုနည်းတာမဟုတ်။
သို့ သော်မတတ်သာပြီ။စိတ်ဆိုးဆိုးနှင့်ပင်ကားပေါ်ရဆင်းခဲ့ရသည်။

ဟန်မဆောင်နိုင်အောင်ဒေါ သထွက်လာသောမျက်နှာထား
ကြောင့်ရုံးကလူတွေမေးရသည်အထိ။
နောက်တပတ်လောက်အကြာမှာကျွန်မတနဂ်နွေမှာအလည်လွန်ပြီး

တနင်းလာမှာနေမကောင်းတော့။
အိပ်ရာ ထနောက်ကျသည်။၉း၃၀ခါနီးမှအဆောင်ဝရောက်။
တတ်စီစီးရမှန်းသေချာပေါက်သိနေပြီ။
တတ်စီ၂စီး၃စီးလောက်အဆောင်ရပ်ထားတာတွေသဖြင့်ဈေးပြောကာ၅
ရင်းဂစ်နှင့်အိုကေပြီးမှာသကောင့်သားလောဘသားကုလားကဘယ်ကရောက်ကာသည်အသိ။

အနား..အနဲ .. ကွိကွိ
ကွကွပြောပြီးဝေးကြောင်းခြေဟန်လက်ဟန်ကားရားကားရားဖြင့်ပြောလိုက်ရာဆိုတတ်စီသမားကနိုး.......
နိုး... .ဖြစ်ချေပြီ။
ကျွန်မမှာစိတ်ဆိုးလိုက်တာပြောစရာမရှိ။

သူကိုယ်တိုင်မတရားဈေးယူခဲ့ပြီးပြီ။သူများကြားမှာပါကပ်ဖျက်ရပ်ဖျက်
လုပ်ခြင်းကိုခွင့်လွတ်နိုင်လောက်အောင်ကျွန်မမရင့်ကျက်နိုင်။
ကျွန်မမှာကျောင်းသားမျှသာ။ဝင်ငွေသည်မုန့် ဖိုးထက်မပို။

တတ်စီစီးသည်မှာပေါလွန်း ၍လည်းမဟုတ်။
ဒါကိုမသိစရာလဲမရှိ။ဘယ်ဘ၀ကပါရမီနည်းခဲ့သည်မသိ။
အော် ..လူတွေသည်မိမိဧ။်လောဘကိုဖော်ထုတ်ပြရန်လည်းမရှက်ပါလားနော်။
........................................................................................

......................................................................

တခုသောကမ်းခြေတွင်ဝင်ကစွတ်ကောင်လေးတကောင်သည်
ခရုံခွံလေးအလွတ်လေးများကိုဝင် ရောက်ရန်နေရာယူရန်ကြည့်နေရှာလေသည်။

သည်ခရုံခွံသည်မိမိနှင့်တော်လေပမလား။
သက်တောင့်သက်သာရှိပမလားလောက်သာသူ့မှာ
စဉ်းစားကောင်းစဉ်းစားရပေမည်။
လမ်းမပေါ်မှရွေ့ရှားနေသောခရုံခွံလေးများကားတော့ပိုင်ရှင်ရှိလေသည်။

လောဘရှိကြလေသည်။အခကြေးငွေယူကြလေသည်။
ရွေ့ ရှား ဖို့ ရာမှာအချိန်ကိုငွေနှင့်ဆက်ပေးရလေသည်။
ကျွန်မမှာသာမနက်တိုင်းရင်မောတတ်သောဝင်ကစွတ်လေးဖြစ်လာသည်။


1 Response
  1. BLANK PAPER Says:

    မလေးရှားလို့ ခေါ်ပါသည်..ဒါလဲဘ၀ပါ..