မလေးမေ


ဟာသသရုပ်ဆောင် ကိုငှက်ပြောကြော် တယောက် ဘာတွေလှူခဲ့ လဲတော့ ကျမ မသိပါ .. သူထားခဲ့ တဲ့ အပြုံး တွေတော့ ကျမမြင်ရလို့ ကြည်နူးမိတယ်..
အကြင်သူ အခြားတပါးတို့ ကရော အနည်းကလေး အပြုံးလက်ဆောင်လေးမျှ ထားခဲ့ကြပါရဲ့ လား .. ??


မလေးမေ


သေချာရှု လော့ .. အသုဘ ဖိတ်စာ မဟုတ်ပါ ..

ဘယ်က မဲတွေ ဘယ်လို ရပြီး ဘယ်လို နိုင် သလဲတော့ ကျမ မသိပါ ...
မျက်လုံး ထဲ တော့ ဆာလောင် ငိုကြွေးနေတဲ့ ကလေးတွေ မျက်နှာသာ မြင်မိတယ် .. ဒီလို အချိန်ဟာ ကျမတို့ တိုင်းပြည်ဟာ ရှင်းရှင်းပြောရင် မသာ အိမ်လို ပဲ ..
ဒီလို အချိန်မှာ ဘယ်လို ရပ်ရေး ရွာရေး.. တိုင်းရေးပြည်ရေး ကို မှ စိတ်မ၀င်စားနိုင်ဘူး ဆိုတာ ဦးနှောက်ရှိတဲ့ သူတိုင်းနားလည် ဖို့ သင့်တယ် ..



ပြည်သူ မျက်ရည်ကျမှ ထမင်းဝ တယ်မှတ်ရင်တော့ ...
ဒီတသက် ဒီဘ၀ ဒီလောက်ပဲ ကံဆိုး ပါလို့ မှတ်မယ် .



မလေးမေ
ထမင်းစားဖို့ပန်းကန်လိုတယ်....ရေသောက်ဖို့ခွက်လိုတယ်..ဒါတွေကိုနိုင်ငံတော်ကစီစဉ်ပေးမယ်.....
ဒါဝန်ကြီးချူပ်...၀န်ကြီးချူပ်...နိုင်ငံတော်ဝန်ကြီးချူပ်....မှတ်ထား...
သေနေ့စေ့လို့သေရတာ(၀န်ကြီးချူပ်၏အားပေးစကား)......လူတသိန်းလုံးသေနေ့စေ့ရသလားဗျာ..
ရွာမှာဘယ်လောက်ကျန်လဲ...၁၅၀ ပါ....အေး..........ကံကောင်းလို့ကျန်တယ်လို့မှတ်..
(၀န်ကြီးချူပ်၏အားပေးစကား)
အဖွဲ့ဖွဲ့ထားအိမ်သာကျင်းတူးရမယ်..ကြားလား...(ပြန်ကံဆိုးသွားသည်)




ကြည့်ရတာ ကျက်သရေ တော့တုံးတယ် .. ဒါပေမယ့် ဒီစကားတွေ
ဂန္ဓ၀င်တွင် လို့ ပါ ..
ကိုယ့်အမျိုးတွေ သေတာတောင် မကြည့်နိုင်ဘူးတဲ့  .. အောင်မလေး ..
Joke of The Year !!
ဆန်ကလေးရရင် တော်ပါပြီဆိုတာကို အိမ်သာကျင်း တူးခိုင်းနေတယ် ..




မလေးမေ

Type your summary here.

Type the rest of your post here.


တီဗွီလာ ရိုက်မှာ စောင့်နေကြတယ်တူရဲ့ .. အလုပ်တကယ်လုပ် ကြမယ့် Uniform တွေလည်း ကြည့်ကြပါဦး ..အဟတ်..ဟတ်..
မလေးမေ




Cry Burma!
Burma was once the rice bowl of Asia
Richer and fitter than Thailand and Malaysia
Hunger was not known any where
People were sure of their future.

There also was some democracy
A government was elected 4-yearly
Although it was dominated by an party
People still could air differences freely.




There was a free press
Opposition could move more or less
Workers and students had their say
They could march and protest any day.

I have lived and enjoyed that era
As student, soldier, doctor and author
Most people seemed to be happy everywhere
They had job, food, shelter and future assured.

All the good things have to end
So that new things could set a trend
General Ne Win staged a coup then
1962 saw Burma's democracy at an end.

Burma's misery started since then
Workers' strikes, students' protests often
Rice and food shortage, schools stoppage at hand
Every thing a mess in economic trend!

With economic mess and social unrest
First educated, then skilled workers left
There was a brain drain and a vacuum created
That later became a continuum much debated.

So the people became poorer
The country became a pauper
Burma officially was declared an LDC
It ignited the 1988 Burma's calamity.

The whole country revolted in unison
Calling for democracy and reform
But the army gunned them down
People's aspiration and goodwill has gone.

Since then, a Burmese diaspora is born
Doctors, engineers, scholars and students have flown
To border countries and far-flung territories
They become new Burmese overseas societies.

A constant battle is going through
Between the SPDC and people
Both inside and outside the country
They are fighting for a democratic entity.

People at large suffer in this fight
They are hungry and weak in might
They don't know fully their rights
It's pitiable indeed their poor plight!

Nature has then joined the generals
Cyclone Nargis has proved to be lethal
Tens of thousand of people have perished
Many more victims lay languished.

The SPDC's response is so minimal
The Katrina response could be termed 'beneficial'
The generals are flat-footed in this sequel
They don't want their regime to be terminal!

Oh, Mother Nature! You are so cruel
Why should Burma be so fatal!
There also were callous galling generals
You should at least have been kind,
Cry Burma!

Dr Maung Maung Nyo
12.5.2008





မလေးမေ



ကံဆိုးမိုးမှောင် ကျတယ်ပြောမလား ...
အဝေးကြီး ဝေးတဲ့ နေရာကို မပြောင်းရခင် စားချင်တာ လဲစားမယ်ဟဲ့ .. သူငယ်ချင်းတွေနဲ့ လဲ
တွေ့ မယ်ဟဲ့လို့ ... ကြုံးဝါးပြီး ပြန်သွားခဲ့တာ..
2ရက်နေ့ ကိုပြန်ရောက်ဖို့ မလေးရှား အဲလိုင်းရုံးမှာ အော်ဟစ် ရန်ဖြစ်ပြီး
လေဆိပ်မှာ သယ်နိုင်သမျှ ပစ္စည်းလေးတွေ နဲ့ stand by
( ထိုင်ခုံလွတ်ရင် check in counter ပိတ်ခါနီး
လေယာဉ်ပေါ် တင်ပေးတာ ) သွားစောင့် ...
အဲ.. နေရာလေးရလို့ . .အလူးလူးအလိမ့်လိမ့်နဲ့ လေယာဉ်စီးပြီး ပြည်တော်ရောက် .
( အဲ .. အဲဒီတုန်းက ဘယ်တူ ကမှ နာဂစ်အကြောင်း အရေးမလုပ်ပေါင် .. မနက်ဖြန်အတွက် ..
ဘယ်သူမှလဲ မပူ .. ဘာမှလဲဖြစ်မယ်မထင် ဘူး ..လေပြင်းတိုက်မယ်..မိုးသဲမယ် .
.ဒီထက်ပိုမယ် ဘယ်သူထင်မလဲ ... မဂ်လာဆောင်ပြီးခါစ သူငယ်ချင်း
အတွက် မဂ်လာဦးလက်ဖွဲ့ လေးလဲ စာတိုက်ကပို့ မယ်ပေါ့ ...သူငယ်ချင်းရေ .ခွင့်လွတ် )..
ညဦးကျတော့ မိုးရွာ .. မနက် 3နာရီလောက်ကျတော့ ချပါလေရော ...
အိမ်ထဲမှာ နောက်တနေ့ လုံး ရေအနက် 3ပေကျော်ထဲနေရပါတယ်..
တနေ့ လုံးလဲ ငိုလိုက်ရတာ..

ငါ့နှယ်ကံဆိုး လေခြင်းဆိုပြီး ( ကျမ ထက် ကံဆိုးတဲ့ လူတွေရှိ မှန်း နောက် မှ သိပါတယ် )

ဒါတွေကတော့ ထားပါလေ .. လူတိုင်းသိပြီးသား ..
အဲ..ပြသနာက..
4ရက်နေ့  booking လုပ်ထားတော့ လေယာဉ်ကွင်းကို သွားပါတယ်.
မနက်အစောဆုံး ဘန်ကောက်ကိုသွားတာ အဲပုံဂံ (သောက်သုံးမကျကြီး ) ..
လေဆိပ်ဂိတ်က ပိတ်ထားတယ်..
စုံစမ်းတော့ ကျန်တဲ့ အဲလိုင်းတွေ TG.. air asia တွေကတော့ လေယာဉ်မထွက် ကြောင်း ..ထွက်ဖြစ်ရင်
အကြောင်းကြားမယ် ပြောရှာပါတယ်..
ဟို သောက်သုံးမကျကြီးက တော့ သတင်းကိုမလာဘူး ..
ကျမ ခရီးစဉ်က ရန်ကုန်- ဘန်ကောက် .. ဘန်ကောက်-ဟောင်ကောင် .
. ဟောင်ကောင် - တိုးရန်းတိုး ..
ခရီးစဉ်က ဆက်တိုက်..
နေ့ လည်12အထိ စောင့်ခဲ့ ပေမယ့် သတင်းမထူး လို့ ငိုရုံပဲ ..

နောက်တနေ့ လေယာဉ်ထွက် မယ်ကြားလို့ သွားတော့..
7.30ထွက်မယ့် အဲပုံဂံက အသင့်ရှိတော့ .. သြော် တော်သေးရဲ့ ပေါ့ ..
ဘယ်ကလာ .. ကျမကို ဟိုဘက်ကလဲ flight booking လုပ်မထား ..
ဘန်ကောက် ဗီဇာလဲ မပါလို့ 
လေယာဉ် ပေါ်မတင်ဘူး လုပ်ရော ...
ကျမ conntection flight တွေလွဲတာ သူတို့ လေယာဉ်ကြောင့်..
အင်တာနက် ..အီးမေး ..ဖုန်း..မီး ..ဘာမှမလာတဲ့နောက် ကျမက ဘယ် ဖလိုက်ကို ဘွတ်ကင် သွားလုပ်မှာလဲ ..
စိတ်ကလည်းတို ........
ဒေါသကလည်းထွက်...
၇း၃၀ ဖလိုက်က ၈း၃၀ ရှိပြီ မထွက် ..
ဘန်ကောက် - ဟောင်ကောင် ဖလိုက်က ဘန်ကောက်အချိန် 11 ထွက်မှာ ..လွတ်တော့မယ်..
သိနေတယ်..
73း0 ထွက်မှ ဟိုကို 9း00 နာရီလောက်ရောက်မှာ ..
ဘန်ကောက် အချိန်11 ဆိုတော့ ရန်ကုန်အချိန်10.30 မှာ
conntection flightပေါ်တတ်ရမှာ .
နောက်ဆုံး ကျမလဲ ... ရှင်တို့ ကြောင့် မနေ့ ကလေယာဉ်ပျံလွတ်ခဲ့ပြီ..
ဘာတာဝန်မှ မယူရင်တောင် .. ထပ်တော့ဒုတ်ခ မပေးပါနဲ့ ..
လူလို လဲနားလည်ကြပါဦးလို့ .. အော်ပလိုက်မှပဲ..
ဘန်ကောက်က ဒီကိုပြန်လာရင် ဒေါ်လာ ၂သောင်းပေးရမယ်လို့ လက်မှတ်ထိုးပြီးလေယာဉ်ပျံပေါ်တတ်ရပါတယ်..
အဲဒီအချိန် မှာ ၉း၃၀ ပြီ ..
ဟိုကိုရောက်တော့ ၁၁း၀၀နာရီ.. ဟောင်ကောင်လေယာဉ်ထွက်သွားပြီ
အဲဒီနေ့ အဖို့ နောက်လေယာဉ်မရှိတော့ဘူး
နောက်နေ့ မနက် ၈နာရီမှ ရှိတယ်ဆိုလို့ ..
ကျမတို့ မိသားစု .. ( အဖေနဲ့ အမေက ဘန်ကောက်ဗိဇာနဲ့ )
အင်မီဂရေးရှင်း မှာ
တောင်းပန်ကြပါတယ်.. အဖေနဲ့ အမေကလည်း လေယာဉ်ကွင်းထဲမှာ ၁၂နာရီ ထက်ပို နေလို့ မရ ...
ကျမကလည်း လိုက်မထွက်နိုင် ...
ပစ္စည်းတွေနဲ့ မိန်းကလေးတယောက်ထဲ လေဆိပ်ထဲမှာ ညအိပ်ရမှာ ဘယ်
မြန်မာမိဘက စိတ်ချနိုင်မလဲ..
ဘယ်လို တောင်းပန်သော် လည်းမရပါဘူး..
အဲဒါ အဲပုဂံရုံးကို ဖုန်းဆက်ပြီး .. arrival visa 1ရက်ထဲ ယူပါစေ.
ကူညီပါဆိုတော့ ..
မကူညီနိုင်ဘူးတဲ့..
ဟုတ်ပြီ.. အဲဒီလိုဆို လေဆိပ်ဟိုတယ်နေမယ် ဆိုတော့..
ကျမတို့ လူကြီးတွေ တောင်မနေဘူးတဲ့ .. (လှတယ်နော်..ဒီစကားလေး)
ထမင်းစားချင်ရင်တော့ ကူပွန် လာယူတဲ့.. (သွားမယူတော့ပါဘူး )
ကဲ.. နောက်ဆုံးမတော့ .. ကျမတယောက်ထဲ .. ဘန်ကောက်လေဆိပ်ထဲမှာ
check in counter နားမှာပဲ အထုတ်လေးပိုက်ပြီးငိုက်ပါတယ်..
အနွေးထည် အပါးလေးနဲ့  အရေးကြီးတဲ့အထုတ်ကို ပိုက်ပြီး ငိုက်လဲမငိုက်ရဲ ..
နောက်နေ့ မနက် ၈နာရီ လေယာဉ်ပျံပေါ်ရောက်မှ ဟီး.. ချနိုင်ပါတယ်..
အဲ.. တခုတော့ပြောချင်ပါတယ်.
မြန်မာပြည်ကနေပြီး .. ဟောင်ကောင်ရောက်တဲ့ အထိ
အာရှနိုင်ငံ သူ နိုင်ငံသား အိမ်နီးခြင်းများရဲ့ သနားကြင်နာ တတ်မှု .. အဟတ်..ဟတ်..
( မှန်တာပြောရင်.. ကျမဒီရောက်လို့  CNN ကြည့်မှ လူဘယ်န ရောက်
ဘယ်မှာသေမှန်း သိရတယ်)
ခံယူပြီးသကာလ ..
ကျမ တိုးရန်းတိုး ဖလိုက်ပေါ်တတ်တတ်ခြင်း
လေယာဉ်မယ် တွေက ထိုင်ထိုင်ခြင်းပဲ စောင်..ခေါင်းအုံး .. ၃..၄ ခုလာပေးပါတယ်.
နွားနို့ တခွက်နဲ့ မုန့် တခုလာပေးပြီး ...အခြေအနေ ..မိသားစုဘယ်လိုလဲ ဘာညာမေးလို့ 
ကျမ အံ့သြလိုက်တာ ..
ကျမ ဘေးက ခရီးသည်ကလည်း .. အထိုင်အထ တောင်မလုပ်ရှာပါဘူး ..
ကျမ အင်မီးဂရေးရှင်း ၀င်တော့ ..အရောက်နောက်ကျလို့ စကားပြောရပြီး ဗိဇာလဲ ၅လပဲ ရပါတယ်..
ဒါပေမယ့် ကျမရဲ့ သေတ္တာကိုဖွင့်မစစ်ပါဘူး ..
ကျမရှေ့ က တရုတ်တွေကို မြေပဲလှော်တောင် လွင့်ပစ်ခိုင်းတာ
..ကျမသေတ္တာထဲ မှာ ငပိကြော်..ချဉ်ပေါင်ကြော်..
ငါးပုတ်ခြောက် အပြည့်နဲ့ ပါ ..
အစား အသောက် ပါမှန်း သိမှာပဲ ..
---------------------------------------------------

တခုတော့ သတိပေးလိုက်ပါတယ်.. connection flight
ယူမယ် ဘန်ကောက် transit ဆိုလို့ ကတော့ ဘယ်လို အကြောင်း နဲ့ ပဲဖြစ်ဖြစ် အဲပုဂံကို မသုံး ပါလေ
နဲ့ ..

အစောဆုံးထွက်တာ မှန်ပါတယ်.. ဈေးလဲပေါပါတယ်..

သို့ သော်.. ကိုယ့်အတွက်ဒုတ်ခ အကြီးအကျယ်ရောက်ပြီး ဘာတာဝန် မှ
ယူလိမ့်မယ်မ ဟုတ်မှန်း ..ကြို ပြောပါရစေ..


------------------------------------

တခု လေးလေးနက်နက်ပြောပါရစေ ..
မြန်မာပြည်က ထောင်ပေါင်းများစွာသော ဒုက္ခသည် များအတွက် ..
စိတ်အားဖြင့်ဖြစ်စေ .. လူအား ..ငွေအားဖြင့်
ဖြစ်စေ .. လူသားခြင်းစာနာစိတ်ထားကြသော .. မည်သို့ သော ရပ်နည်း ရပ်ဝေးမှ မိတ်ဆွေများကိုဖြစ်စေ
ကျမ တသက်အတွက် ကျေးဇူးရှင်အဖြစ် မှတ်ယူပါတယ်

ဘ၀မှာ ကံဆိုးစွာ အသက်စွန့် ခဲ့ရတယ် ကျမရဲ့ နိုင်ငံသားအပေါင်းကောင်းရာ မွန်ရာ ရောက်ကြပါစေကြောင်းနဲ့ 
နောက် နောင်ဖြစ်လေရာ ဘ၀မှာ သည်လို အဖြစ်ဆိုး ..ဒီလို မင်းဆိုး
စနစ်ဆိုးရဲ့ အောက်မှာ
မထိုက်တန်စွာ အသက်ဆုံးရတဲ့ဘ၀ မရောက်ကြဖို့ ကျမဆုတောင်းပါတယ်..


မလေးမေ




------------------------------------------------------------------------------

ကျမ တို့ အကြိမ်ကြိမ် အခါခါ အလိမ်ခံခဲ့ ဘူးပါတယ် ..
မြန်မာ လူမျိုး ပီပီ ကံကိုသာပုံချ ပြီး အခါခါ လည်း ကျမတို့ ခွင့်လွတ် ခဲ့တယ် ..
ဒီတခါ တော့ လိမ်တဲ့ အလိမ်မှာ အသက်ပေါင်း ဘယ်နှခု ကပ်ပါသွား ခဲ့သလဲ ဆိုတာ .. တွေးကြည့်ရင် အသဲနာ ကမ္ဘာမကြေဘူး ဆိုတဲ့ စကား ကျမ အတွက် ပျော့နေသေးတယ် .

------------------------------------------------------------------------------










ခွင့်လွတ် နိုင်ပါရဲ့ လား ... ကျမ တို့ ခွင့်လွတ် ကြဦးမှာလား ..?


လူတွေရဲ့ အမုန်းကသာ ကျည်ဆံ ထွက်မယ်ဆိုရင် နောင်လာနောက်သား တွေ စစ်သားဆိုတာ မြင်ဘူးအောင် အရုပ်ရေးပြ ရလိမ့်မယ်
မလေးမေ



ဒို့ နိုင်ငံက ဒုက္ခသည်တွေများ တီဗွီနဲ့ ဘာနဲ့ တယ်ကောင်း ..

------------------------------------------------------------------------

ဒါဘယ်နိုင်ငံ က ဘာလိမ့် ??





---------------------------------------------------------------------------

အသဲနာ လာ တို့ တင်လိုက်တဲ့ post .. ချစ်သူလေးလဲ ရွဲ့ တတ်တယ်
မလေးမေ
အလွမ်း တွေကို ရေတွက်ရင်း
ပိုပိုနွမ်း လာတဲ့ ငါပါ..
အို.. ပန်းလေးတပွင့်လား ..
သမုဒ္ဒရာထက် ကျယ်တဲ့ အိမ်မက်တွေလည်း ငါ့မှာရှိတယ်
ပျံသန်းခွင့်ပေးပါ ချစ်သူ ..
ဒါပေမယ့် ..ခြေရာတိုင်းမှာ
ထပ်ချပ်မကွာ လိုက်ခဲ့ ပေးပါ ..


တိမ်တိုက် ထဲမှာ ..
ညနေတွေမှာ ..
ငါ ကဗျာ ဆို ခဲ့တာ အခါခါပါ ..
သိုးလေး တကောင်အကြောင်း ငါပြန်ကြား
ရင်ခုန်သံတွေ ပဲ့တင်သွားပြန်တယ် ..
စိုက်ပျိုးခဲ့တယ်
ရိတ်သိမ်းခွင့်မရ မယ့် အိမ်မက်တွေပါ ..
ဒါမှမဟုတ် ငါမရိတ်သိမ်း ချင်တဲ့



အနာဂတ်ဖြစ်မယ်..

လူပျင်းတယောက် က
လွမ်းချင်းတွေဆိုတယ်.
ငါလဲပဲ ပါဝင်ပါရစေ ..
ဘ၀ဆိုတာ ပေါင်မုန့် ထက်တော့ပိုမယ်..
ချို ဖို့ ကြတော့ ချစ်သူ လိုပြန်တယ် ..
ကဲ .. ဘာပဲဖြစ်ဖြစ်
နောက်ဆုံးညနေကျ
ငါတို့ တွေ့ ကြရအောင် .


---------------------------------------

ဒီတခါကတော့ .. မိကောက် မဟုတ်တော့ပါ ..
မိချစ်သူလေး ဖြစ်ပါတယ် :P