မလေးမေ


တခါတုန်းက ...........

အင်တာနက် ပုံပြင် ဖအေက သမီးနဲ့ chat ချင်တာ
သမီးက ဘဲနဲ့ ပြောလက်စကြီးမို့ ဖအေကို ခဏ ဘလော့ ထားတာ။
ဖအေခဗျာ အဲဒါတွေ မသိရှာတော့ အင်တာနက်မှာ ကြုံရာ site လေး ဖွင့်ပြီး
သမီးအလာကို စောင့်နေ လေရဲ့

တခါတုန်းက .............

ဆိုင်ဘာကဖေးတစ်ခုတွင်အမျိုးသမီး တဦးက နိုင်ငံခြား သွားနေသော ယောကျာင်္း၏ အီးမေးကို
Check လုပ်ကြည့်သည် ..
ပြီး တော့ သူ့ Gtalk ကို ဖွင့်လိုက်သည် Gtalk မှာ သူ့ယေကျာင်္း Gmail က online ဖြစ်နေသည်
ထို့ကြောင့် ခေါ်သည် ...
ဟိုဘက်က ပြန်မထူးထပ်ခေါ်သည်ပန်မထူး .......
Hi ! တွေ တစ်ရာလောက် ရိုက်ပြီး ခေါ်သည် ။
လုံးဝ ပြန်ထူးခြင်းမရှိ ...........
ထို့ ကြောင့် ............
သေနာ ဘယ်ဆော်နဲ့ ဖွန်ကြောင်နေလဲ မသိဘူး ဟု ပြောပြီး ပြန် သွားသည် ..........
တကယ်တော့ သူ့Gtalk ထဲတွင် ယောကျာင်္း အွန်လိုင်းဖြစ်နေခြင်း မှာ
ယောကျာင်္း email ကို သူဖွင့်ထားခြင်းဖြစ်သည်ဆိုတာကို ထိုအမျိုးသမီး မမှတ်မိရှာပေ ..


တခါတုန်းက ..............

တယ်လီဖုန်းက မြည်လာသည်။ သေချာပြီ စောစော ကမန္တလာသား ဆက်တာ ဖြစ်လိမ့်မည်။
ကောင်လေးက ချက်ထဲမှာ မိန်းကလေးလို့ သူ့ ကိုယ်သူ နောက်ထားသည် ။
ခက်သည်က အယောင်ဆောင် ကိုင်ခိုင်းလို့ ရအောင် အိမ်မှာ မိန်းကလေး တစ်ယောက်မျှမရှိ။
ဖုန်းကို သွားကိုင်ဖို့ ရာသူမ၀ံ့ရဲ။
နောက်ဆုံးတော့ ဘာဖြစ်ဖြစ် ဆိုပြီး စိတ်ပိုင်းကာ သွားကိုင်လိုက်သည်။
'' ဟလို ပြောပါ ''
သူကပြောလိုက်သည်

'' ဟုတ်ကဲ့ ခင်စပယ်လှိုင်နဲ့ ပြောချင်လို့ ပါ ''
သေချာ သွားပြီ မန္တလာသား။
ဒီနေရာမှာ ထုံးစံ အတိုင်း ဥာဏ်နီ ဥာဏ်နက် သုံးမှ ရတော့မည်။ မဟုတ်ရင်မလွယ် ..

'' အေးပြော ငါခင်စပါယ်လှိုင်ရဲ့ အစ်ကိုပဲကွ။ ဘာကိစ္စရှိလို့လဲ ''
လေသံကို ခပ်မာမာပင် ပြောလိုက်သည်

'' ကျွန်တော်သူ့ သူငယ်ချင်းပါဗျ။ သူနဲ့ ပြောချင်လို့ ပါ ''
'' အောင်မလေး လေသံက ရိုသေနေလိုက်တာ သူ့အဖေနဲ့အမေ ပေါ်တောင်
ဒီလောက်ရိုသေ ရဲ့လားမသိ။ ဒီနေရာမှာ တော်တော်လေး အပိုးကျိုးနေသည်။

''အေး .... သူ အခန်းထဲမှာ စာကျက်နေတယ်။ ခေါ်ပေးလို့ မရဘူး ။ ပြောစရာရှိ ရင်ငါ့ကို မှာထားခဲ့''

'' သြော် ... ရပါတယ် ဗျ။ မမှာတော့ ပါဘူး။ မန္တလေးက အောင်ကျော်စိုး ဆက်တယ် လို့သာပြောပေးပါ။''

သူ့ကို ပြောပေးမယ်လို့ လဲမပြော။ မပြောပေး ဘူးလို့ လဲပြန်မပြော။
သူ့စကားဆုံး သည်နှင့်ဖုန်းကို ချလိုက်သည်။ ပြီးတော့မှ ကောင်လေး ခမျာ သက်ပြင်းချ နိုင်တော့သည်။
ကွန်ပျူတာရှေ့ ပြန်ရောက်တော့ ငနာကောင်က ချက်ထဲမှာ ပြန်ရောက်နေပြီ။
သူက စကား လာပြောသည်။ '' ဘာတဲ့ မမကို မောင်လေး ဖုန်းဆက်တယ် နော် '' တဲ့
'' မမရဲ့ အစ်ကိုက ခေါ်မပေး လို့ ''
'' အေး ဒါကြောင့် နင့်ကို ပြောသားပဲ မဆက်ပါနဲ့လို့ အခုတော့ ငါ့ကို ငါ့အစ်ကိုဆူတော့ မယ် ''
လို့ပြောလိုက်တော့ ငနာကောင်က .........
ကောင်လေး ကို တောင်းပန်ရှာပါသည်။ ပြီးတော့လဲ ပြောသေးသည် ။
သူ့အတွက်နဲ့ မမဒုက္ခရောက် တာကို မကြည့်ရက်တာတွေရော တောင်းပန်တာတွေရော စုံနေတာပါပဲ။
သူ့ က ဒီဘက်ကနေ သူ့အဖြစ်ကို ကြည့်ပြီး အူတက်မတတ် ဟားနေရသည်။
သြော် တော်တော် မလွယ်တဲ့ ကလေးတွေပဲ။
သူများကို အားရပါးရ အရူး လုပ်ပြီးကာမှ တစ်ခု ပြန်စဉ်းစား မိသည်။
'' ပြသနာပဲ အခု ငါနဲ့ ချက်နေတဲ့ ကောင်မလေးတွေ ဆိုတာ တွေကရော
ငါ့ လို ကောင်မျိုးတွေ မဖြစ်နိုင်ဘူး လား။''

တခါတုန်းက ပုံပြင်များကို ကိုစိုးဇေယျ မှ ပြောပြထားပါသည် ။
မလေးမေ


တခါတုန်းက ကျမ အိမ်မက် မက်တယ် .. အလှမ်း သိပ်ကျယ်တဲ့ ကွင်းပြင်ကြီးထဲ ..
လမ်းတွေလျှောက်လိုက်ရတာ ဆုံးတယ်လို့ ကိုမရှိဘူး ..
.မနေ့ က ဆိုတာ အတိတ် .. မနက်ဖြန်ဆိုတာ စိတ်ကူးယဉ်ခြင်း တမျိုး .
ဒီနေ့ ကိုပဲ ကျမပိုင်တယ် ဆိုတာယုံကြည် တယ် ..
တခါတလေ .. အခတ်အခဲတွေ ကျမရင်ဆိုင်ရတဲ့အခါ ဒီနေ့ ရဲ့ ဒုက္ခဆိုတာ
မနက်ဖြန်ကျရင် ..' တခါတုန်းက' လို့ ပဲ ပြောရမယ့် အတိတ်ချည်းသက်သက်ပါပဲ
လို့ တွေးတောမိရင်း ဖြတ်ကျော်ဖို့ ကြိုးစားရတယ် ...
ကွင်းပြင်ကြီးကို ကျမ ဖြတ်နေဆဲ ....
မနေ့က .. ဒီနေ့ နဲ့ မနက်ဖြန်လည်း .. ကျမကို ဖြတ်သန်းနေဆဲ ..
ဒါပေမယ့် တခါတုန်းကတော့ ..

တခါတုန်းက …

ရုပ်ဆိုးတယ်လို့ သူ့ ကိုယ်သူယုံကြည့်တဲ့ ကောင်လေး တယောက်ကို
အသဲကွဲကြောင်း ရင်ဖွင့်မိတယ် ..
သိပ်မကြာခင်ပဲ အားပေးတဲ့ စာတွေ သူကရေးပို့ ခဲ့တယ် ..
သူ့ မှာရိုးသားတဲ့ စိတ်တွေ နဲ့ ဘ၀အတွက် မျှော်လင့်ချက်တွေ
တနင့်တပိုး ချမ်းသာတယ် ..
သူသွားလေရာပါတာ သူ့ ရဲ့ အကောင်းမြင် တတ်တဲ့ အကျင့် ပေါ့
သူနဲ့ ခင်ခဲ့တာ ၆နှစ်ရှိပြီ .. သူလည်းပဲ နိုင်ငံတခုမှာ အလုပ်လုပ်နေပြီ ..
ဒါပေမယ့် အခုထိကို အဆက်အသွယ်ရှိနေကြတုန်းပဲ ..
သူရိုးသားသမျှကိုလည်း ကျမ လေးစားနေတုန်းပဲ …



တခါတုန်းက ..

ကျမ နေတဲ့ နေရာကနေ ရန်ကုန် နဲ့ မန္တလေး ခရီးလောက် ကွာဝေးတဲ့
မြို့ တော်ကြီးဆီ အလည်သွားဖို့ ကြိုးစားမိတယ် ..
အဝေးကိုလည်း ထွက်ခွာရဖို့ လည်း ရှိနေ .. နေလာတာ ၃နှစ်နီးပါးရှိပြီမို့
သူများတွေ ရန်ကုန် ကနေ အိမ်ဦးနဲ့ ကြမ်းလို ခရီးဆန့် နေတဲ့ အရပ်ကို
ကားကလေးစီးပြီးသွားဖို့ ကျမဆုံးဖြတ်လိုက်မိတယ်..
ဒါပေမယ့် ခရီးကထင်သလို မလွယ်ဘူး ..
ကျွန်းပေါ်မှာ ကျောင်းတုန်းက သူငယ်ချင်း မိတ်ဆွေတွေ ပေါလို့ 
အရင်ဆုံး ကျောတနေရာစာ စနည်းနာမိ ပေမယ့်
အဆင်မပြေတော့လည်း စိတ်ပျက်မိတယ်
အဲဒီမှာ .. အွန်လိုင်းပေါ်က အမတယောက် မမျှော်လင့်ပဲ သူနဲ့ ''အိမ်မှာလာနေလေ '' တဲ့ ..
အွန်လိုင်းပေါ်က အကိုတယောက်က ကျမသိပ်ကြည့်ချင်တဲ့
သီချင်းတွေနဲ့ မီးရောင်စုံ
တွေနဲ့ ဖျော်ဖြေပွဲကို လိုက်ပို့ မယ်တဲ့ …
ကျမ မှာ ခရီး လေးနာရီစာထက်ကို ပဲ မရောက်ဘူးတဲ့ဒေသမှာ စိတ်သဘောထားခြင်း
မတူသူ့ လာမိပြန်တော့ တာ .. စိတ်တွေကို လေးနာရီစာမက ပင်ပန်းသွားစေတယ် ..
အဲဒီနေ့ လည်က အမ က ပဲ ကြံရည်အေးအေးလေးနဲ့ ကန်စွန်းရွက်ပြုတ် ပါတဲ့
ထမင်းတနပ်ကျွေးတယ်. အဲဒီတုန်းက ဆာလောင်လွန်းလို့ အရမ်းပူတဲ့ ဟင်းရည်ကို မှုတ်မသောက်မိဘူး ..
ညနေ ကျတော့ အကိုက သူ့ အမေနဲ့ ညီမလေးနဲ့ အတူ ကျမသွားချင်တဲ့
နေရာတွေ လိုက်ပို့ ပြီး ညစာကျွေး ပြန်တယ်
အမရဲ့ တိုင်းရင်းသားမောင် နှမတွေ နေကြတဲ့ အမအိမ်က
ကျမကို ဧည့်သည်လုပ်ခွင့် မပေးဘူး ..
အိမ်သားလို ပဲနေစေတယ် ...
နောက်နေ့ ညမှာ အကြောင်းတခုကြောင့်ကျမ ခရီးသွားဖော်ကိုပါ
သူတို့ အိမ်ကျဉ်းကျဉ်းလေး ထဲခွင့်မတောင်းပဲတည်းဖို့ ခေါ်လာမိတော့
ကျမ ကသာ အားတွေနာလို့  ..
သူတို့ ကတော့ ဘာမှမဖြစ်သလို ..




တခါတုန်းက ….

ကျမ အနောက်အရပ်ကို ခရီးထွက်လာမိတယ် ..
တခါမှ မမြင်ဘူးတဲ့ အဖေရဲ့ မိတ်ဆွေဟောင်း တယောက် လေဆိပ်မှာ စီးကြိုတယ်..
သူတို့ အိမ်သားတွေ ဧည်သည်မျှော်ကြတာ ကျမ ယူလာတဲ့ ရိုးရာအစားတွေ
ကြောင့်မဟုတ်ဘူး ..
ကျမ ကူညီချက်ပြုတ်ပေးတဲ့ အရသာ မကောင်းလှတဲ့ အရွက်ကြော်တခွက် ကို
သဘောကျကြတယ် ..
ကျမ ကျောင်းတတ်ရမယ့် ကျောင်းခန်းမှာ ၂ညလိုက်အိပ်ပြီး သေချာ စိတ်ချရမှာ
ကျမကို ထားခဲ့ပြန်တယ် ..

မလေးမေ
http://www.mediafire.com/?uwyglynjmm5


နောက်ထပ် link တခု နော်

http://www.mediafire.com/?sharekey=ec16fb10fc28153ddd8b33b5aa27078d


မလေးမေ

ဆွဲခဲ့ ဖူးတဲ့ ကာတွန်းအဟောင်းလေးပါ ..မောင်ဒိုင်းရဲ့ သရော်စာက စာကြောင်းလေးကို
ကြိုက်လွန်းလို့ ကာတွန်းပြန်ဆွဲမိတာပါ .. အဲဒီတုန်းက လက်ရာလည်း
မကြိုက်တာနဲ့ အခုပြန်ဆွဲမိတာ ..
ကာတွန်းလည်းဆွဲချင် ပေမယ့် ပျင်းနေတဲ့ ကိုယ့်ကိုကိုယ်လည်း အားပေးရာ ရောက်တာပေါ့



မလေးမေ
အလွမ်းသီချင်း

အလွမ်း တွေကို
ရေတွက်ရင်းပိုပိုနွမ်း လာတဲ့ ငါပါ...
အို.. ပန်းလေးတပွင့်လား ..
သမုဒ္ဒရာထက် ကျယ်တဲ့
အိမ်မက်တွေလည်း
ငါ့မှာရှိတယ်
ပျံသန်းခွင့်ပေးပါ ချစ်သူ ..
ဒါပေမယ့် ..ခြေရာတိုင်းမှာ
ထပ်ချပ်မကွာ လိုက်ခဲ့ ပေးပါ ..

တိမ်တိုက် ထဲမှာ ..
ညနေတွေမှာ ..
ငါ ကဗျာ တွေဆို ခဲ့တာ အခါခါပါ ..
သိုးလေး တကောင်အကြောင်း
ငါပြန်ကြား
ရင်ခုန်သံတွေ ပဲ့တင်သွားပြန်တယ် ..

စိုက်ပျိုးခဲ့တယ်
ရိတ်သိမ်းခွင့်မရ မယ့် အိမ်မက်တွေပါ ..
ဒါမှမဟုတ် ငါမရိတ်သိမ်း ချင်တဲ့
အနာဂတ်ဖြစ်မယ်..
လူပျင်းတယောက်
ကလွမ်းချင်းတွေဆိုတယ်.
ငါလဲပဲ ပါဝင်ပါရစေ ..

ဘ၀ဆိုတာ
ပေါင်မုန့် ထက်တော့ပိုမယ်..
ချို ဖို့ ကြတော့ ချစ်သူ လိုပြန်တယ် ..
ကဲ .. ဘာပဲဖြစ်ဖြစ်
နောက်ဆုံးညနေကျငါတို့ တွေ့ ကြရအောင် .....

မလေးမေ
မလေးမေ




မလေးမေ
ဦးနု - တာတေစနေသား


http://www.padonma.com/aspire/pdf/unutartaysanaythar.pdf
မလေးမေ

http://www.mediafire.com/?dvbmd4dokxh

မလေးမေ






မလေးမေ
http://www.mediafire.com/?2mmmsnwfbt0
မလေးမေ

မလေးမေ

2007 ရဲ့ အကောင်းဆုံး blog များကို ကြည့်ဖို့ 

http://2007.weblogawards.org/ ကိုကြွရောက်ဖို့ တိုက်တွန်းပါရစေ ..
အဲ .. ထူးထူးခြားခြားတခုက တော့ Best Asian Blog ထဲမှာ ကိုထိုက်ရဲ့ blog ပါဝင်နေပါတယ်
ရာခိုင်နှုန်းအရ vote နည်းနေပေမယ့် Asian Top 10 blog စာရင်းထဲမှာ ပါဝင်နေတယ်အတွက်
ဂုဏ်ယူစရာပါ .. နောက်နှစ်တွေမှာ မြန်မာblog များလည်း အများနည်းတူပါဝင် ဆုများချိတ်နိုင်ဖို့ 
ကြိုးစားကြရင်း နိုင်ငံတကာ ထိပ်တန်းဘလော့များကို မြည်းစမ်းကြည့်ကြပါစို့ ..

မလေးမေ
AUNG SAN SU KYI ( The Fighting Peacock )


http://www.mediafire.com/?199imxtw9il

ဂျပန်ကာတွန်းစာအုပ်လေးပါ .......
ကာတွန်းစာအုပ်လေးအား email မှ ပို့ ပေးခဲ့သော sowhat အား ကျေးဇူးတင်ပါသည် ။


.
မလေးမေ

သတင်းလည်း မဟုတ်ပါ . အတင်းလည်းမဟုတ်ပါ .. အသိပေးလိုပါသည် ။
မလေးမေ သည် ၃၂နာရီခန့် ကားမောင်းရသော သော မြို့ သို့ပြောင်းရွေ့နေပါသည်။
7.7.2006 မှ စ၍ လူနှင့် ကွန်ပြူတာ အတူမရှိသောပါ ။
ထိုအတောအတွင်း www.padonma.com တွင်လည်းကောင်း www.myanmarcupid.net တွင်
လည်းကောင်း chitthulay23@gmail.com တွင်လည်းကောင်း မလေးမေ ဘလော့နှင့် ကိုရဲရင့်ဘလော့တွင်လည်းကောင်း ပေါ်မလာဇာတ်ခင်း နိုင်ပါမည်။
လူဆွဲသွားခြင်း မဟုတ် ကျမ်းမာ ချမ်းသာစွာရှိနေပါသည်