တခုသောညနေတွင်ကျွန်မချစ်သူတယောက်ရလေသည်။
လက်သည်းကိုက်တတ်သော
လက်ဖက်ရည်ကြိုက်တတ်သောကျွန်မဧ။်စိတ်ထဲတွင်
ကစားဖော်တယောက်ရသည့်အတိုင်းပျော်ရွင်နေလေသည်။
ထိုအချိန်ဧ။်ခံစားမှု ကိုပြောပြပါဆိုလျှင်
ကမ္ဘာတွင်လမ်းလျှောက်ပထမဆုံးအကြိမ်မတ်တတ်ရပ်နိုင်သောဘူး
သောကလေးငယ်တယောက်ရဲ့စိတ်ကူးနှင့်
ခပ်ဆင်ဆင်တူမလားမပြောတတ်ပါ။
မျှော်လင့်ချက်နှင့်စိတ်ကူးအိမ်မက် အသစ်အသစ်များစွာ
ချစ်သူထံမှရဘူးလေသည်.။
နေ့ စဉ်နေ့ တိုင်းဖုန်းပြောနေပါလျက် တွေ့ ဆုံနေပါ
လျက်နဲ့ လဲညစဉ်ညတိုင်းသမီးရည်းစားထုံးစံ ဟုဆိုကာစာရေးဘူးတာတော့
ဝိုးတ၀ါး မှတ်မိနေသည်။
ထီးတချောင်းထဲအတူတူဆောင်းကာ မိုးစိုခံခဲ့ဘူးသည်။
ချစ်သူကလှလိုက်တာဟုပြောသောအခါဘယ်သောအခါမှမိမိကိုယ်ကိုယ်လှတယ် မထင်ဘူးသောကျွန်မကခိုးခိုးခစ်ခစ်ရယ်ကာသဘောကျတတ်ပါသည်။
မည်သူမျှပြငှန်းစရာ သင်ကြားစရာမလိုသော တတ်မြောက်နိုင်သော အစွမ်းသတ္တိမျိုး အချစ်ပေးနိုင်ကြောင်းလက်ခံရမလိုလိုဖြစ်ခဲ့ပါသည်။မြောက်မြားစွာသော
အပျော်ဖတ်ဝတ္ထုများမှာမင်းသမီးနှင့်မင်းသားချစ်ကြိုက်သွားသော
အခါဇာတ်သိမ်းကြသည်။ကျွန်မတို့နှစ်ယောက်ရိုက်ခဲ့သောဇာတ်လမ်းထဲမှာ သိပ်ချမ်းသာသောသငှေးသားနှင့်စတိုးဆိုင်အရောင်းစာရေးမလေး
အကြောင်းမပါပါ။
ထိုအချိန်ဧ။်အိမ်မက်ထဲတွင်ကျွန်မသည်သစ်ပင်လေးတပင်ဖြစ်လေသည်။
လောင်းရိပ်အောက်တွေနေရစေကာမူပျော်နေမိပါသည်။ကျွန်မကိုစောင့်လျှောက်
လိုသောကာကွယ်လိုသောချစ်သူကိုသာအလိုရှိပါသည်။တစုံတယောက်ကကျွန်မအား
မရင့်ကျက်လိုက်တာဟုပြောလဲနေပါစေတော့။
သို့သော်ကျွန်မတောင်းသောဆုတောင်းမပြည့်ခဲ့ပါ။
ချစ်သူတယောက်ထံမှမေတ္တာများချစ်ခြင်းများလွင့်ပါးလာပြီမှန်း
ကျွန်မသိသောညနေမှာဆောင်းတွင်းဧ။်နေ့ တနေ့ ဖြစ်ပါသည်။
ချစ်သူသက်တမ်း၂နှစ်ပြည့်သောနေ့မှာသူရောက်မလာပါ။
ချစ်သူဧ။်ရောက်မလာခြင်းများအပေါ်ရိုးအီနေပြီဖြစ်သော
ကျွန်မအတွက်ထိုနေ့သည်အထိမ်းအမှတ်နေ့ တနေ့ ဟုမသတ်မှတ်တော့ပါ။
ကန်ဘောင်ပေါ်ကအတွဲလေးများကိုငေးတတ်သောအခါအလွမ်းသီချင်းများကို
နားထောင်တတ်လာသောအခါအထီးကျန်မှုအားငယ်မှုနှင့်အတူ
ဝမ်းနည်းခြင်းများကရောက်နှင့်နေပြီ။ထိုနေ့ ကစလို့ ကျွန်မခေါင်းငုံ့ကာလမ်းလျှောက်တတ်လာသည်။
ချစ်သူကိုလှမ်းမျှော်ကြည့်မိသောအခိုက်အတံ့တွင်
ကျွန်မတို့ ၂ယောက်အဝေးကြီးဝေးခဲ့ပြီမှန်းသိခဲ့ရပြီ ။
မတုန်လှုပ်တော့ပါ။
ချစ်သူဧ။်စိတ်စားမှုများသည် ကျောပိုးအိပ်အပြာထဲတွင်
မျှောင်လင့်ချက်များထည့်သွင်းယူဆောင်သွားတတ်သော
ကောင်မလေးတယောက်ထံတွင်ပျောက်ဆုံးသွားလေပြီ။
ချစ်သူရှာဖွေသောလော်ရယ်၊ရက်ဗလွန်နှင့်ကြိုးတချောင်းအကျီဧ။်
အဓိပါယ်မှာလဲကျွန်မဧ။်အဘိဓါန်တွင်မရှိ။ချစ်သူလဲသိလေသည်။
ချစ်သူသည်ရည်းစာအသစ်ချက်ချွတ်လေးဧ။်လက်ကိုကိုင်ခွင့်
ရသောနေ့တွင်ကျွန်မသည်ပန်းဆိုးတန်းတွင်စာအုပ်အဟောင်းများကို
ငေးမော၍သော်လည်းကောင်း
တနော်ခနဲ့လက်ဖက်ရည်ဆိုင်ထဲတွင်အပေါင်းအသင်းများနှင့်တော်တီလာဖလက၊်
မြသန်းတင့်နှင့်သော်လည်းကောင်း
အရှေ့ အလယ်ပိုင်းငြိမ်းချမ်းရေးနှင့်သော်လည်းကောင်းအလုပ်များနေပေလိမ့်မည်။
ကျွန်မတို့ နှစ်ယောက်ဧ။်ဇာတ်သိမ်းအတွက်အလွမ်းသီချင်းလည်းမဆိုတတ်ပါ။
ချစ်သူကိုပြင်းရှစွာသတိရမိသော
နေ့ မှာဆောင်းဦးပေါက်ပေါက်ရာသီတွင်ကျောင်းဆောင်းရှ့ က
ငှဝါပင်ကြီးမှာရွက်နှလေးများကျွန်မမြင်ရချိန်တွင်ဖြစ်ပါသည်။
တနေ့ သောအခါကျွန်မဆီလာသောဖုန်းတခုမှာချစ်သူဖြစ်နေပါသည်။
တောင်းပန်စကားဆိုပါသည်။
ရင့်ကျက်သောမိမိကိုယ်ကိုယ်လှပစွာနေတတ်သောမိန်းမတယောက်ရဲ့
ဂုဏ်မက်ကြောင်းလည်းဖွဲ့ ဖွဲ့ နွဲ့ နွဲ့ ပြောပါသည်။
သုံးတောင်ဝတ်ယောကျာ်းတို့ ဧ။်သူကစလို့ ပါဆိုသောစကားသည်
ကျွန်မသတ်မှတ်ထားသော ယောကျာ်းတဦးဧ။်ရွံရှာဖွယ်စကားဖြစ်သည်။
ပျင်းရိဖွယ်ကောင်းသောပုံပြင်တပုဒ်ကိုကျွန်မနားမထောင်လိုပါ။
အားနာချင်းနှင့်နားလည်းပေးခြင်းဆိုသည်မှာကျွန်မထံတွင်အကန့်
အသတ်နှင့်သာရှိ
သောအရာများဖြစ်ပါသည်။
ကျွန်မရေးခဲ့သောအသဲကွဲကဗျာများရေးခဲ့ဘူးပြီ၊
အဟောင်းဆိုင်များမှတွေ့ကရာစာအုပ်များကို
ဈေးပေါပေါဝယ်ကာနှင့်အခန်းအောင်းပြီးဖတ်ခဲ့ဘူးပြီ
၊လဘက်ရည်ဆိုင်ကိုလိုသည်ထပ်ပိုထိုင်ကာလည်းအချိန်ဖြုန်းခဲ့ဘူးပြီ။
အသဲကွဲခြင်းဧ။်အရသာကိုသစ်ရွက်စားသောဘောက်ဖတ်တကောင်လို့
ဝါးမြိုခဲ့ဘူးပြီးမှဘာကိုမှပြန်မလိုချင်တော့ပါ။
တဘက်ကတောက်ခေါက်သံအဆုံးမှာညင်သာစွာဖုန်းကိုချရင်းထလာခဲ့သည့်
အခိုက်အတန့်ကိုမှတ်မိနေပါသေးသည်။
ကျွန်မရင်ထဲကစကြာဝလာမှာပြိုကွဲသွားပေပြီ။
ကျွန်မအသဲကွဲကဗျာများဆက်ရေးသည်။
သူငယ်ချင်းတယောက်ကနင်လမ်းသိပ်လျောက်တယ်နော်ဟုတခုတ်တရဆိုသည်။
သုံးဆယ့်တစ်လမ်း၊ကီးတော်ကျန်၊ရွေတိဂုန်တောင်ဘက်မုတ်နှင့် တွင်အချိန်များစွာ အကုန်ခံသည်။
နောက်တနှစ်ငှပင်တွင်ရွက်နှလေးတွေထွက် လာသောအခါ ချစ်သူကိုတမ်းတမိမှာပဲ
ဟုလွမ်းလွမ်းဆွေးဆွေးတွေးတတ်လာသည်။
သို့သော် ကျောင်းဆီသို့ ကျွန်မပြန်မသွားတော့ပါ။
ပလိမ်းကော်ဖီမစ် ကို ကျွန်မမှာမသောက်တော့ပါ။
၅၅ ကားကိုမစီးတော့ပါ။
အင်းယားလမ်းမှာလမ်းမလျှောက်တော့ပါ။
အရေးအသားကောင်းတာပဲဗျ..
nyimangal.... sat yayy per...!
arr payy nay per tel .....
u have good idea...
very clever.
" Juu:" ye`..." Chit tu yayy taw...kya ma ye` nya twe..." lo be`.....read ya ter....good per tel ...