မလေးမေ
ဒုတိယမြောက်ကျမဧ။်ချစ်သူအကြောင်းကျမပြောလျှင်ယုံပေးစေချင်လှပါသည်။
ကျမချစ်သူသည်သူ့ချစ်သူထံမှမေတ္တာကိုပြန်လည်ရရှိပြီးကြောင်းကျမထံ
သို့ ဖုန်းဆက်ပြောပြီး၂၄နာရီအကြာမှာကျမသည်နောက်ချစ်သူတယောက်ကိုချစ်ပါသည်တိုးတိတ်ညှင်သာ
စွာပြောမိလေသည်။
ကျမဘ၀တွင်နောက်တကြိမ်တခါမှယောကျားတယောက်ကိုထိုမျှ
ရင်ခုန်ချစ်မြတ်နိုးစွာနှင့်အဖြေပေးနိုင်တော့မည်မဟုတ်ပါ။
ထိုမျှလောက်ရိုးသားသောမျက်ဝန်းများ , ကျမနှင့်အမြဲလိုလိုစကားပြောချင်
နေသောသူ့ စိတ်ထားများသူ့ ဘ၀အခြေအနေများသည်ကျမကိုသူအလိုရှိသောအဖြေပေးဖို့ဆွဲဆောင်သွားခဲ့တာပါ(တကယ်တမ်းဒီအရာတွေဟာ
အတုတွေပါလို့သိလာရသည့်တိုင်အောင်

ကျမသူ့ကြောင့် ရင်ခုန်ပျော်ရွင်ခဲ့ရသောနာရီမိနစ်များအကြောင်းကိုကျမမြတ်နိုးစွာ
တွေးတောချင်နေဆဲဖြစ်အောင်ကိုသူကစွဲဆောင်နိုင်ဆဲပါပဲ)

သူက" ညီမလေး "
လို့နှူးညံ့စွာရေရွတ်တဲ့ တဲ့အခါတိုင်းအခါတိုင်းမှာကျမရင်ခွင်ကိုအနူးညံ့ဆုံးမုန်တိုင်း
အေးလေးတွေဖြတ်သန်းသွားလေ့ရှိပါသည်။
တကယ်တော့ကျမတို့ဟာသင်တန်းတခုမှာမိနစ်ပိုင်းလေးသာဆုံစည်းခဲ့ဘူးတာပါ။
ကျမပေးထားခဲ့တဲ့အီးမေးလိပ်စာလေးနဲ့အတူကျမသူ့စကားသံကိုနောက်တကြိမ်ပြန်ကြားရတဲ့
အချိန်မှာကျမတို့၂ယောက်ကမ္ဘာတခြမ်းဆီမှာလွင့်စင်နေခဲ့ပါပြီ။
ဒါပေမယ့်အရာအားလုံးဟာ၃၃ရက်အကြာမှာသူ့ရဲ့နောက်တယောက်သော
ချစ်သူနဲ့ပတ်ပင်းတိုးရင်းအထိတ်တလန့်လန့်နိုးသွားပါတယ်။
ဒါပေမယ့်ဒါဟာကျမအတွက်အမှန်တရားပါပဲ။မကြာခင်မှာပဲကျမရဲ့
အမှန်တရားတွေက တခုပြီးတခုကြမ်းတမ်းစွာကျမရှေ့ မောက်ကိုရောက်လာခဲ့ပါပြီ။
ကျမတို့၂ယောက်ရဲ့ 
ချစ်သက်တမ်း၂နှစ်အတွင်းမှာကျမသူ့ ချစ်သူ၅ယောက်နဲ့ကြေကွဲစွာစကားပြောခဲ့ဘူးတာလဲအမှန်တရားတခုပါပဲ။
နောက်ဆုံးတော့ကျမရဲ့ 
ခံနိုင်ရည်တွေကအားနည်းရော့ပါးလာပါတယ်။
ဒါပေမယ့် "အရင် ကလို" ဆိုတဲ့စကားလုံးလေး
နဲ့သူ့ဆီကအကြင်နာနဲ့သစ္စာတရားတွေကိုကျမစောင့်စားနေဆဲမှာပဲသူလက်ထပ်ဖို့
အထိရည်ရွယ်ထားတဲ့မိန်းကလေးတယောက်ဟာကျမ
ရဲ့ အေးစက်နေတဲ့အိမ်မက်တွေကိုအပြီးတိုင်အလဲထိုးသွားခဲ့ပါတယ်။
ကျမသူ့ကိုမုန်းသွားပြီလားလို့စုံတယောက်ကမေးလာခဲ့ရင်
ကျမလျှင်လျှင်မြန်မြန်ပဲခေါင်းခါနိုင်ပါတယ်။
ကျမရင်ထဲမှာစိုးထိတ်ဆုံးအရာကသူ့ဘ၀မှာသူ့ အတွက်
တကယ်သင့်တော်သူသူ့ကိုကြည်ဖြူတဲ့မိန်းကလေး
နဲ့ သာဖြူစင်စွာလက်ဆက်စေချင်တာပါ။
သူကိုမနာကြည်းခဲ့ပေမယ့်တကယ်တမ်းဆုံးရှုံးပြီဆိုတာသိရတဲ့အချိန်မှာတော့
ကျမသူ့အတွက်စိုးရိမ်စိတ်ပူစိတ်တွေနဲ့ သာပူလောင်နေပါတော့တယ်။
ကျမငယ်စဉ်တုန်းကမြစ်ဘေးချောင်းဘေးမှာစက္ကူလေလှလှလေးတွေကို
စွဲမက်စွာလုပ်ပြီး လွတ်ခဲ့ဘူးပါတယ်။
ကျမမည်မျှပဲမြတ်နိုးစွာဖန်တီးခဲ့သည်ဖြစ်စေတချိန်မှာ
ကျမစွန့်လွတ်ရတော့မှာ
သိပ်ကိုသေချာနေပါပြီ။ကျမမပိုင်ဆိုင်နိုင်တော့ပါဘူး။
အရာရာကိုကံကြမ္မာကသာကျမဆုံးဖြတ်စေချင်တော့တာပါ။
အဲဒီတကြိမ်မှာတော့မြန်မာပြည်မှာပြန်လာပြီးကြာကြာနေရင်းဖဲချပ်တွေစာအုပ်တွေ
ပန်းချီကားတွေကြားမှာပဲ
ကျမရဲ့ရင်ခုန်သံမှန်သမျှကိုနှစ်မြုတ်ထားလိုက်ပါတယ်။
ကျမမြတ်နိုးတဲ့စက္ကူလှေလေးကတော့ကျမမြင်ကွင်း
ကနေဝေးသထက်ပိုဝေးရင်းကျမကိုမေ့လျှော့နိုင်ရာအရပ်
ကိုသူသည်စုန်ဆင်းလျှက်ရှိနေပါပြီ။


0 Responses