မလေးမေ
ကျမဘ၀ရဲ့ အချိုးအကွေ့မျှော်လင့်ခြင်း ကြေကွဲခြင်း ပျော်ရွင်ခြင်းနဲ့ အခြား အခြား သောအရာ
တွေဟာချစ်သူဆိုတဲ့
ဝေါဟာရကချည်းပဲကိုယ်စားပြုနိုင်တာမဟုတ်ပါဘူး။ကျမဘ၀ရဲ့ တယောက်သော ဇာတ်ကောင် ကတော့ ကျမရဲ့အကိုပါ။
အမှန်အတိုင်းဝန်ခံရရင်ကျမ

ကမိသားစုရဲ့ အကြီးဆုံးနေရာကိုနာကြည့်စွာနဲ့မွေးဖွားလာခဲ့တာကိုမုန်းတီးတာပါ။
ဒါကြောင့်မိတ်ဆွေသူငယ်ချင်းနဲ့။ ဒါကြောင့်မိတ်ဆွေသူငယ်ချင်းနဲ့ချစ်သူပင်ဖြစ်စေ
ကျမထက်အသက်ကြီးသူတွေကိုပိုပြီးမက်မောစွာရွေးချယ်ချင်ပါတယ်။
ကျမထက်အသက်ကြီးတဲ့သူနဲ့မှပိုပြီးကျမနဲ့သင့်တော်တယ်
လို့ ခပ်ကြောင်ကြောင်လဲတွေးတတ်သူပါ။ကံကောင်းစွာနဲ့ပဲကျမရဲ့ ကလေးဘ၀မှာ
အကို၃ယောက်ရှိခဲ့ဘူးပါတယ်။
အဲဒီအပိုင်းအခြားကာလလေးကကျမအတွက်တို
တောင်းလွန်းအားကြီးလွန်းလို့ 
လို့ကျမရဲ့ သေးငယ်လှတဲ့ကလေးငယ်လက်ချောင်းလေး
တွေနဲ့ ဖမ်းဆုတ်ဖို့ရာမတတ်နိုင်ခဲ့ပါဘူး။


အဲဒီအချိန်တုန်းကအရွယ်ရောက်ပြီးသား
အကိုကြီးနဲ့ အရွယ်ရောက်စအကိုလတ်ထက်ကို ကျမထက်တနှစ်သာကြီးတဲ့အကိုအငယ်ဆုံးကိုကျမပိုပြီးတွယ်တာပါတယ်။
မတွယ်တာလို့လဲမရပါဘူး။ာက်တည်းသောညီမငယ်ကကျမဖြစ်ပါတယ်။
ဒါပေမယ့် ဆိုးဝါးတဲ့ကြမ္မာမိုးကကျမတို့အပေါ်ရုတ်တရက်ရွာကျတဲ့အခါကျမတို့မှာ
နာကြင်မှု အထီးကျန်မှုတွေနဲ့ရွဲရွဲစိုရင်းကျန်ရစ်ခဲ့ပါတယ်။
ရောင်စုံသကြားလုံးလေးတွေ
ရွေရောင် ငါးတွေနဲ့အတူအကိုဟာကျမဘ၀မှာဘယ်တော့မှပြန်လည်ငှားရမ်းမရနိုင်တော့တဲ့
အတိတ်ထံမှာကျကျန်ရစ်ခဲ့ပါတယ်။

ကျမပိုင်ဆိုင်တဲ့ကလေးဘ၀ဆိုတာအများတကာလိုတောင်းတစရာ
ကောင်းလောက်အောင်မချိုမြိန်
သလိုဖြစ်နိုင်ရင်ခြစ်ထုတ်ပြစ်ချင်စရာတောင်ကောင်းလှပါတယ်။
အထီးကျန်ခြင်းနာကျင်ခြင်း
နဲ့ ဘယ်တော့မှကျမမက်မောတဲ့အမေ့အိမ်မှာကျမဘ၀ကို
ကျမတောင်းတောင်းတတကိုမုန်းတီးပါတယ်။
အထီးကျန်ရင်းကျတဲ့မျက်ရည်အိမ်မက်
တွေမှာအကိုအခါခါပါခဲ့ဘူးပေမယ့်နောက်တော့လဲ
အဲဒီမျက်ရည်တွေနဲ့ အတူအကိုဟာကျမအိမ်မက်
ကနေခြောက်သွေ့လွင့်ပါးသွားပါတယ်။
ဒါပေမယ့်တခုသောညမှာကျမအကိုရဲ့
ဖုန်းသံဟာကျမဆီ
ကိုရောက်လာခဲ့တယ်။နောက်သိပ်မကြာခင်မှာပဲကျမနဲ့
စကားပြော တော့ သူနေခဲ့ရတဲ့အိမ်ကလေးနဲ့သူ့ကို
ကျောခိုင်းပြီးသွားခဲ့တဲ့ညီမလေးကိုသူသတိရနေဆဲလို့
ကျမသိရပါတယ်။
(အဲဒီစကားဟာနောင်တချိန်မှာကျမကိုကြိမ်ဖန်များစွာကျမကိုမျက်ရည်
ကျအောင်အလဲထိုးစေမယ့်စကားဆိုတာအဲဒီတုန်းကမသိခဲ့သေးပါဘူး) ။
၁၀စုနှစ်တခုတောင်ကျမတိုး၂ယောက်မတွေ့မမြင်ခဲ့ကြပေမယ့်မနေ့ကမှ
နှုတ်ဆက်ပြီးခွဲခွာထားခဲ့တဲ့လူ၂ယောက်လို
ကျမတို့နှစ်ယောက် ရင်းနှီးနေဆဲပါပဲ။
ဒါပေမယ့်အကြောင်းအမျိုးမျိုး ကြောင့် ကျမမြန်မာပြည်ကို နောက်တကြိမ်ပြန်
လာချိန်မှာတော့
အဆက်အသွယ်ပြတ်သွားပြန်ပါတယ်။ရီစရာပါပဲ။
ကျမကအကိုပြောခဲ့တဲ့စကားတခွန်းကြောင်း
Tea shop တွေ ဖိုရမ်တွေမှာအကို့ကိုဝင်ရှာရင်း
နဲ့ ဖိုရမ်မာတယောက်ဖြစ်သွားခဲ့ကြောင်းတော့အခွင့်သင့်ရင်အကို့ကို
ပြောပြခွင့်ပြုစေချင်ပါတယ်။
ဒါပေမယ့်အကိုရုတ်တရက်ရောက်လာတဲ့နေ့မှာတော့အကိုတယောက်ထဲ
မဟုတ်တော့ပါဘူး။
မိန်းကလေးတယောက်နဲ့အတူတနေရာကို
ထွက်သွားဖို့အဆင်သင့်ဖြစ်နေပါပြီ။
နောက်တော့အကိုနဲ့မဆုံတော့ပြန်ပါဘူး။
ဒီတခါကျမ ရှာဖွေတဲ့ အခါမှာတော့ ကံကောင်းစွာနဲ့ပဲအမှတ်မထင် ကူညီသူ ရလာလို့
ခပ်မြန်မြန်ပဲအကို့ အကြောင်းကိုစုံစမ်းရပါတယ်။
ကျမနောက်တကြိမ်မြန်မာပြည်ကိုပြန်ချိန်မှာတော့
အကိုကကျမတို့ဆီကိုဖုန်းမဆက်နိုင်မလာနိုင်တော့တဲ့အခါကျမကပဲ
အကိုရှိရာကိုရောက်အောင်သွားခဲ့ရပါတယ်။
လက်ပြပြီးနှုတ်ဆက်ကျန်ခဲ့တဲ့အကို့ကိုလှည့်ကြည့်ရင်း
ကျမလေးနက်စွာဆုတောင်းခဲ့တာကတော့
အကိုနဲ့နောက်တကြိမ်အမြန်ဆုံးပြန်ဆုံတွေ့ ဖို့ပါပဲ။
ဒါပေမယ့်ကျမရဲ့ ဆုတောင်းကအင်အားနည်းပါးလွန်း
လို့ လားမသိပါဘူး။ နောက်ထပ် ၃၅ရက် အကြာမှာအကို့ဆီကိုထပ်သွား ခဲ့ပေမယ့်ကျမ အကိုနဲ့ထပ်တွေ့ ခွင့်မရတော့ပါဘူး။
အဲဒီနေ့ ကအပြင်မှာရွာတဲ့မိုးထက်ဘယ်မိုးမှပိုပြီးသည်းသိမ့်မယ်အထင်ပါဘူး။
ကျမကျတဲ့မျက်ရည်ကိုဘယ်သူကမှနားမလည်နိုင်
သလိုကျမကြုံနေရတဲ့ ကံကြမ္မာ မျက်လည့် တွေကိုအလျင်မှီအောင်လိုက်ပြီး ယှဉ်ပြိုင်
ဖို့ ကျမရင်ထဲကသံယောဇဉ်နဲ့မေတ္တာတရားတွေကလည်းတခါတလေကျတော့
မတတ်နိုင်ကြတော့ပါဘူး။




0 Responses