ရေခဲအိမ်
အခြားနံရံ တဘက်တွင် နေ့ သည်အမှောင်ရောင် အဆိုးခံရလျှက် ပိန်းပိတ်အောင် မဲနက်နေသည်။ ပြတင်းပေါက်များ သည်
လည်းကောင်း မြေနီရောင်လမ်းမ များသည်လည်းကောင်း အိမ်နံရံများ သည်လည်းကောင်း အမှောင်ကြားတွင် ပြားပြားဝပ်လျက် ..
မီးလုံးဝါ၀ါများသာ ကျမ ဘက်မှာမရှိလျှင် ကျမလည်း အမှောင်အောက်မှာ ထိုင်နေရမှာ ..
လရောင်ဖြူဖြူများ ဖြားကျနေတတ်သော မြန်မာပြည်က ည များက လရောင်တွေတောင်
အခုလောက်ဆို မြောက်ဝန်ရိုးစွန်းမှာများ အေးခဲနေမလား ကျမ မသိနိုင်ပါ ။
ကျမ အသဲနှလုံးကိုတော့ အေးခဲအောင် သို့ မဟုတ် အေးစက်အောင်ကြိုးစားလို့ မရသေး ..
----------------------------------------------------------------------------------------
တစုံတဦးက ကျမအိမ်အပြန်ကို စောင့်မျှော် မနေလျှင် ထိုနေရာသည် အိမ်မဟုတ်
လို့ ကျမယုံကြည်ထားပါသည်။ ဒါသည် တိုင်ခန်း ဒါမဟုတ် အိမ်ခန်းသာ ဖြစ်ရမည် ။
ကျမမှာ အိမ်မရှိခဲ့တာ ၄နှစ် နီးပါးကြာခဲ့ပြီ ။
အခန်းတွေ တခုပြီးတခုပြောင်းရွေ့ လျက် ငှားရမ်းလျှက် ကိုယ်မပိုင်သော နေရာတွေမှာ ကျမနေခဲ့သည် ။
လေးလ တကြိမ် အမေရှိသော အိမ်ကို ကျမပြန်ခဲ့သည် ။ သို့ သော် ဒီတကြိမ်မှာတော့ အရင်လို
ကျမ အိမ်ပြန်ခွင့် လွတ်ကျသွားလေသည်။
လူငယ်တယောက် ရဲ့ မိုက်မဲခြင်းလား မြမိုရ်တောင်ကို ပြစ်ပေါက်ရင်း ကွဲကြေသွားလွင့်စင်သွားသော
ဆီးစိ လေးမှာ ကျမလား ..
ညောင်သီးသာစားရင်း လေးသုံကို နားမစွင့်မိသော ကျမသည် ချီကွေဗား လို လူတန်းစား တရပ်လုံးဧ။်
ရောဂါကို မကုနိုင်သေးခင် အိမ်အလွမ်းရောဂါ စွဲကပ်လျက် မိန်းမောရလေသည် ။
ထိုအချိန်တွင် ချစ်သူနှင့် ကျမ ဆုံရလေသည် ။
သူနှင့် ကျမ ပြောစရာ အနည်းဆုံးအကြောင်းအရာသည် နိုင်ငံရေးဖြစ်သည် ။ သို့ သော် အသိမိတ်ဆွေများ အကြောင်း
ပြောမိသောအခါ ကျမက ကျောင်းတုန်းကလေ လို့ အစ ချီလျှက် သူက တော်လှန်ရေးထဲကလေ ဟု သုံးနှုန်းတတ်လေသည် ။
ကျမတို့ နှစ်ယောက်သည် အစွန်း တဘက်တွင် အတူတကွ ရပ်နေပါလျှက် မျက်နှာခြင်းမဆိုင်ဖြစ်သော
စုံတွဲသာ ဖြစ်လေသည် ။
ကျမတွင် လူသိပ် မသိသော ဘလော့လေးတခုရှိလျှက် သူ့ ထံတွင် ဆန်းကြယ်သော သမိုင်းတခုရှိလေသည်။
သူသည် Pop website များကို ဖတ်လျှက် ကျမ က နိုင်ငံရေး website များကိုသာ အဖတ်များပါသည်။
ကျမသည် မေလတရက် တွင် အိမ်မှ အပြီးတိုင်ခွဲခွာခဲ့ ရလေသည် ။ သူသည် နှစ်ပေါင်းများစွာ
ကတည်းကပင် သူ့ အိမ်ကလေး ပြန်ခွင့်ပျောက်ဆုံးထားလေသည် ။
သစ်ရွက်များ မကြွေခင် နှင်းတို့ မလာခင် ကပျာကယာ တည်ခဲ့သော ကျမတို့ အိမ်ကလေးသည်
သူ့ အတွက် အခန်းလေးတနေရာထက် အဓိပ္ပါယ် မပိုမှန်း ကျမသိပါသည် ။
တခါတရံ ထမင်းအတူစား ချင်သော ကျမနှင့် , တဦးတည်း ရပ်တည်ချင်သော ချစ်သူတို့  လမ်းခုလပ်တွင် ခလုပ်တိုက်သော
အခါနာကြင်ရသူမှာ ကျမသာ ။
တခါတရံ နေရာကျဉ်းလေးကို ရှင်းလင်းချင်သော , လိုသည်ထက်ပို ဂရုစိုက်မိသော
ကျမ နှင့် စိတ်ရှုပ်လာသော အနှောင်အဖွဲ့ များကို မုန်းတီးသော ကျမချစ်သူတို့ သည် ရန်သူ များ ဖြစ်လာ ပြန်သည် ။
အဖြေရှာချင်သော ကျမ , ပြသနာကို မေ့ပျောက်ပြစ်ချင်သော ချစ်သူကို
မေးခွန်းများနှင့် ပြစ်ပေါက် သော အခါ ကျမလိုချင်သော အဖြေကားမရ ….
ဆွဲခါ ကိုင်ဆောင့်ချင် လောကအောင် ကျမဒေါသတို့ ဆူဝေ တတ်လာ သောအခါ လမ်းခွဲမယ်
ပြောတိုင်း တိတ်တဆိတ် တဘက်သို့ လှည့်နေတတ်သော ချစ်သူကို ပွေ့ ဖတ်ခါ ငိုမိတိုင်း ကျမတို့ အိမ်ကလေးသည် လှုပ်ရမ်းခါ
နေသည်ဟု ထင်မိသည် ။
တဘက်သတ် ကျမသတ်မှတ်ထားသော ကျမရဲ့ အိမ် .. ကျမရဲ့ မိသားစုကား ဒဏ်ရာဒဏ်ချက်
လိုအပ်ချက် တို့ ကို ကျမ တဦးတည်း ထားရှိသော အနှောင်အဖွဲ့ များက မကုစားနိုင်ပါ ။
ကြီးမား လှသော အဓိပ္ပါယ်ကို တဦးတည်းထမ်းပိုးရင်း ကျမ လက်ချောင်းတို့ တစစ်စစ်
နာကျင်လာလေသည် ။ အကူအညီတောင်းရန် စကားလုံးကား ပျောက်ဆုံးလျှက် ….
ကျမသာ သည် နေရာမှနေ ခွဲခွာရတော့ မည်ဆိုလျှင် ကျမ မုန်းသော ရေခဲထားသည့်
အစားအသောက်များလို ကျမ နှလုံးသားနှင့်တကွ အိမ်ကလေးကို ရေခဲပြီးထားခဲ့ချင်ပါသည် ။
မနွေးထွေးစေနိုင်တော့သော ကျမလက်များ မေတ္တာများ စိတ်ကူးများ နှင့် ချစ်ခြင်းများကို
မပျောက်ဆုံးနိုင်မည့် နေရာမှာ ထားခဲ့ရင်း လာရာအရပ်ကို အိမ်မက်ဗလာနှင့် ပြန်လှည့်ရန် ကျမခြေထောက်များက
အသင့်ဖြစ်လျှက် ။
သို့ သော် အသဲနှလုံးများကား မအေးခဲနိုင်သေး ။

အမ...နွေးထွေးတဲ့အိမ်လေး အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေ၊
ကိုယ်ချင်းစာပါတယ်အမရယ်၊လူတွေဟာအဖြစ်ချင်းတူမှကိုယ်ချင်းစာနိုင်တာလေ။အားမငယ်ပါနဲ့နော်
ကျွန်တော် အိပ်မပျော်လို့  ကောင်မလေးရဲ့ 
ဝတ္ထုတွေကိုဖတ်ခဲ့ပါတယ်။
လမ်းလျှောက်တိုင်း ချော်မလဲပါဘူး။
ကြိုးစား ကောင်မလေး။