ကြေးမှုံဦးသောင်း - ဘီလူးတို့ ရွာ
http://www.mediafire.com/?m4zzwt0jqyy
(ဘယ်ကဘယ်လို မေ့ကျန်ခဲ့တယ်မသိပါဘူး .. ချက်ချင်း upload မလုပ်ပေးနိုင်တာ တောင်းပန်ပါတယ်)
နှင်းဆီ ကိုချစ်လို့ ဆူးစူးခံဝံ့ ပါတယ်
ကိုယ့်ရင်ထဲ က နှလုံးသားကို
ကိုယ်ပြန်ပြီးကျောသပ်
နှစ်သိမ့်လို့  လွမ်းပြ တတ်ခဲ့ပြီ
အချိုမြိန်ဆုံး အရသာ တွေထဲမှာ
မျိုသိပ် ထားရတာတွေလည်း ပါတယ် ။
မျက်ဝန်း အိမ်ကဲလားပေါက် ကို
သောက နဲ့ ဒေါက်ထောက်လို့ 
ကြေကွဲမှု မိုးရေပေါက်တွေ က
ရင်ထဲထိ တောက်လျှောက် စိုရွဲနေတုန်း။
ကြွေကျသွားတော့မှ ပိုစိမ်းနေတဲ့
သစ်ရွက်တွေရဲ့ ဈာပနကို
လေညှင်း ကလည်း ဂီတနဲ့ လိုက်ပို့ဦး
အတွင်း ကနေ
အပြင်ကို လှမ်းမကြည့်တတ်သူတွေကြား ထဲမှာ
အပြင်ကနေ
အတွင်းကို မြင်အောင်ကြည့်တတ်သူ
တရားတွေ အများကြီးရခဲ့ပါတယ်။ ။
မောင်နီဦး ( မဟေသီ , ၁၉၉၇ စက်တင်ဘာ )