မလေးမေ
အိမ်မက်မျှားသူ

လူတချို့ သည် မိမိအနာဂတ်ကို ငွေကြေးဖြင့် လည်းကောင်း ပညာဖြင့်သော်လည်းကောင်း ဂုဏ်အားဖြင့်သော်လည်းကောင်း မျှားကောင်းမျှားကြလိမ့်မည် ။
ကျမသည် ကျမအနာဂတ်ကို မျှော်လင့်ချက်ဖြင့် များရန် အိမ်မက်ကမ်းပါးဘေးတွင် ထိုင်နေသူသာဖြစ်ပါသည် ။
ကျမမျှော်လင့်အပ်သော အရာ များမှာ ကန္တာရဆူးပင် တပင်ကဲ့သို့ပင် လိုအပ်နည်းပါးစွာရှင်သန်ချင်ပါသည် ။
သို့သော် .. ကျမ တွေ့ မြင်ချင်သော ကောင်းကင်မှာ အမှောင်အတိပြီးသော ကွင်းပြင်တခုသာ ဖြစ်ပြီး ပြာလဲ့သောအဆင်းရှိမနေမှန်း ကျမသိလာသော အခါ ကျောက်သားမျက်နှာ
ပြင်ကို တွယ်ကပ်ပြီး ရှင်သန်ရန် ပြင်ဆင်ထားသော ကျမထံတွင် မျှော်လင့်ချက်များရောက်မလာတော့ပါ ။

အခန်း ( ၁ )

၈နာရီခန့် ခွဲခွာပြီးအလုပ်မှ ပြန်ရောက်လာသော ကျမချစ်သူထံတွင် ကျမ အတွက်လွမ်းဆွတ်သတိရခြင်းများ ပါမလာတတ်ပါ ။
တနာရီပြီးတနာရီ ရေတွတ်ရင်း .. ကိုကိုနဲ့ခွဲရတာ ဘယ်နှနာရီတောင် .. လို့လွမ်းလွမ်းဆွတ်ဆွတ် ပြောပြချင်သောကျမ ဧ။်
စိတ်ကူးသည် မီးမြိုက်ခံရသော စက္ကူလို ဟုတ်ခနဲ ကုန်ဆုံးသွားခဲ့ဘူးပါသည် ။
အနည်းဆုံးပြီးခဲ့တဲ့ ၈နာရီအတွင်းကျမ ဘာလုပ်နေသလဲဆိုတာ တောင်မေးရန်သူသတိရရင်တောင်မှ ထိုမျှလောက် ကျမခြောက်ခြားမည်မထင် ။
ယုံကြည်လို့ မမေးတာ ဖြစ်ကြောင်းသူ့ ထံတွင်အဖြေ ရှိမှန်းကျမသိပါသည် ။ သို့သော် ထိုအဖြေသည် ကျမ မျှော်လင့်သော
အရာမဟုတ်ပါ ။

အခန်း ( ၂ )

ကျမ ဘ၀တွင်အဆိုးဝါးဆုံးသော အချိန်သည် အိပ်မောကျနေသာ သူ့ ကျောပြင်ကိုမြင်တွေ့ ရသော အချိန်ဖြစ်ပါသည် ။
၂၄နှစ်ကျော် ဘယ်ဘက်သို့ စောင်းအိပ်တတ်သော နံရံကိုမျက်နှာမူအိပ်တတ်သော ကျမသည် ၁၄ရက်တည်းနဲ့သူရှိရာ ဘက်
သတိထားမျက်နှာမူတတ်သွားသော်လည်း
မျက်လုံးပွင့်လိုက်တိုင်း ကျမ မျက်နှာမူရသည်မှာ သူ့ကျောပြင်သာဖြစ်ပါသည် ။ အရင်လို ကျမအား မြတ်နိုးစွာကြည့်တတ်သော
သူ့ မျက်လုံးတစုံမှာ အိမ်မက်သာဖြစ်ပါသည် ။
ညအိပ်မီး လှလှလေးများ ၀ယ်ရန် စိတ်ကူးဘူးသော ကျမသည် သူ့ကျောပြင်ကို မျက်နှာမမူမိရန် သာအားထုတ်ဖို့ပိုလိုအပ်
မှန်း သေချာသိနေမိပြန်သည် ။

အခန်း ( ၃ )

ချစ်သူပေးသော မျှော်လင့်ချက်သည် ကျမအတွက် သစ်စေ့လေးတစေ့သာ ဖြစ်စေချင်သည် ။ ကျမ ဧ။် အနာဂတ်နှင့်မျှော်လင့်
သော အရာများအားလုံးကို
ထို သစ်စေ့လေးအား ဆုတ်ကိုင်ရင်း အိမ်မက်ချင်ပါသည် ။ သို့သော် မသေချာသော အရာများအား ကျမ လက်ထဲသို့မထည့်လို
သော ကျမချစ်သူရှေ့ တွင်ကျမ စကားလုံးများသည်
တဖြုတ်ဖြုတ်သေဆုံးလျှက် ရှိပါသည် ။ တသက်တွင်တကြိမ်သာဝတ်ခွင့်ရမည်ဖြစ်သော မဂ်လာဝတ်စုံဖြူလွလွလေးများ
တွေ့ လျှင် ငါနဲ့များလိုက်ပါ့မလားလို့တွေးတတ်သောကျမ သည်
မဂ်လာဆောင်အကြောင်း ချစ်သူကို စကား စမိသည့် အခိုက် အလကား အပိုတွေပါ ကွာ ဟု Game ဆော့ရင်းပြောသော အခါ
ကျမ ကိုယ်ထဲမှသွေးများသည် စက္ကန့် အတွင်းခမ်းသွားလေသည်။
ထိုညကစလို့ ကျမ computer ထဲမှာ စုထားသော မဂ်လာဆောင်အကျီဖြူဖြူဓာတ်ပုံလေးများသည် ထိုအချိန်မှစပြီး
Hidden file အနေနှင့် ဖွတ်ထားမိသော အဖြစ်ရောက်သွားပါသည်။
သွားရင်းလာရင်း သတိုးသမီးဝတ်စုံလေးများရောင်းသော ဆိုင်ရှေ့ ဖြတ်မိလျှင် အရင်လိုကျမ မငေးရဲ ..
သူမြင်မှာပင် ကျမကြောက် သွားခဲ့ပြီ ..
ကျမ လိုချင်သော အကျီဖြူဖြူလေးဝယ်ပေးရန် တနေ့တနာ၇ီပိုအလုပ်လုပ်နေသော အချစ်ဆုံးသူငယ်ချင်းကို
တောင် ကျမဖွင့်ပြောရဲ ။
တကယ်တမ်းကျတော့လည်း ခန်းနားသော မဂ်လာဆောင်တွေကို ကျမစက်ဆုပ်သည်။
သို့သော် ကျမ အတွက် သတိုးသမီးဖြစ်ခွင့်ရမည့်အခိုက်အတန့် လေးကို စုံမက်ခွင့်တွေးသောကြည်နူးခွင့်တောင် သူကျမလက်ထဲထည့်မပေးခဲ့ပါ။
လက်ထပ်ပြီးကြရင်ဆိုသော စကားလုံးကိုရှောင်ကွင်းကာ ကျမ စကားပြောသော အခါ ဟိုး ..ငယ်ငယ်ကျောင်းသားဘ၀က
ရည်းစား
ဦးနဲ့ အတူ ငါတို့အတူတူနေကြရင်လေ.. ဆိုသော မမြင်နိုင်သော ဟိုး.မမှန်းဆနိုင်သော အနာဂတ်ကို တမ်းတရင်းစကားပြောခဲ့ဘူးတာသတိရပါသည် ။ အခုတော့ ကျမရှေ့ လက်တကမ်းတွင်ရှိသော အရာသည် ပိန်းပိတ်အောင်
မှောင်မဲ လျှက် ... တခါတလေကျတော့လည်း
နီးလွန်းလျှင်သဲကွဲစွာမြင်နိုင်ခြင်းမရှိဘူးလား ..

အခန်း ( ၄ )

ချစ်ခြင်းတွင် မည်သည့်စည်းကမ်းချက်များမှမရှိ ။ ပုံသေသက်မှတ် အပ်သော လိုအပ်ခြင်းများမရှိ။
သို့သော် ကျမ အတွက်အချစ်သည်သူနှင့်ကျမခွဲခွာခံနီး လိုက်ပို့ ရင်း
ပွေ့ ဖက်နှုတ်ဆက်ဘူးသော အချိန်ခဏလေးများ သူထမင်းခွံ့ ကျွေးဘူးသောအချိန်များ ..
ဘယ်နှကြိမ် ဘယ်နှခါဆိုတာ ကျမမှတ်မိနေသည် ။ ဘ၀ဆိုတာ ထပ်ခါထပ်ခါ လှပနေမှာပါလို့ မယုံကြည်သော
လူတယောက်အတွက် ပြင်ဖျက်မရသော အတိတ်လှလှလေးများက လွဲပြီး ဘာများ မှတ်ထားစရာရှိလို့ပါလဲ ?။
ကျမမှာ လှမ်းမျှော်စရာ အနာဂတ်လည်းမသိ ။ အိပ်ရာထဲမှာ ကျမကိုပွေ့ ဖက်ရင်း ရောက်တတ်ရာရာ စကားများ ကို
ချစ်သူနဲ့ ပြောချင်သော ကျမအိပ်ရာဝင်ချိန်များကို model မိန်းမချောလေးများဧ။် ဓာတ်ပုံများ Youtube ပေါ်က MTV များ နဲ့
ကျမလဲလို့ မရနိုင်ပါ ။
နောက်လည်း ရမည်မဟုတ် ။ အရာရာကို တိုက်ခိုက်ရယူချင်ဝံ့သော သတ္တိသည် မမျှော်လင့်သော အရာများစွာ
ဆုံးရှုံးပြီးစ ကျမ မှာမရှိ ။ တကယ်တမ်းသော အိမ်မက်သည် အိမ်မက်သာ ဖြစ်လိမ့်မည် ။
ချစ်သူအကြောင်းအကြောင်းငယ်သူငယ်ချင်းအကြောင်းပြောပြ မိတော့ သူငယ်ချင်းက
'ဟာ.ကောင်းလိုက်တာ ..
နင့်ကိုခဏခဏ သီချင်းဆိုပြ ..ဂီတာတီးပြမှာပဲနော် .. နင်ကသူ့ ချစ်သူကိုး .. " လို့ 
ဝမ်းသာအားရပြောသည့်အခိုက် ကျမ အသဲနှလုံးသည်ဇောက်ထိုးမိုးမျှော်ပြောင်းပြန်ဖြစ်ကုန်ပီလား မသိလောက်အောင် လှိုက်ခနဲဝမ်းနည်းသွားမိပါသည် ။
ကျမ မျှော်လင့်ဘူးသော လူတယောက်ဧ။် ချစ်သူဖြစ်ရသည့်တိုင်အောင် ( သူကျမ ကိုချစ်သူဟု မသုံးနှုန်းဘူးပါ .. )
ကျမ မျှော်လင့်သော အရာများသည် သူ့ထံမှပါမလာပါ ။

အခန်း ( ၅ )

ကျမ မွေ့ နေ့ သည် သည် စက်တင်ဘာလထဲက နေ့တနေ့မှန်းကျမသိသော်လည်း ၂ရက်နေ့လား ၃ရက်နေ့ လား
၂၃ရက်နေ့
ကဘာနေ့ များကျသလဲ ..သောကြာလား စနေလား ကျမ မသိချင်ခဲ့ပါ ..
ပြက္ခဒိန်ကြည့်ရန်ကိုယ့်ဘာသာ မရမကမေ့ထားပြီးဖြစ်နိုင်ရင် စက်တင်ဘာလ ၂၃ရက်နေ့ကိုပြက္ခဒိန်ထဲက ကျမ
ခြစ်ထုတ်ပြစ်ချင်ခဲ့ မိသည် ။
အထူးသဖြင့် ကျမချစ်သူမေ့လျှော့စေချင်ခဲ့သည် ။ တကယ်လို့များ အဲဒီအချိန်သူ့မှာ ငွေကြေးအဆင်မပြေခဲ့သော်
သူအားငယ်
သွားမှာ စိတ်မကောင်းဖြစ်မှာ ကျမနှင့်တွေ့ ရမှာ
ရှက်နေမှာ ကျမမလိုလား ..။ သို့သော် သူငွေကြေးနှင့်
ပေးဝယ်ရန်မလိုအပ်သော သူ့ စိတ်ကူးများ . ကျမနှင့်အတူသွားရမည့်ကျမတို့နှစ်ယောက်အနာဂတ်အတွက်
မျှော်လင့်ချက်များ လည်း ကျမမရပါ ။

အခန်း ( ၆ )

သူငယ်ချင်းတယောက်ကို ' ငါလေ .. သစ်ပင်တပင်သာဖြစ်ရမယ်ဆိုရင် ကန္တာရသစ်ပင်လေးသာဖြစ်ချင်တယ်.. ပန်းပွင့်ပိစိလေးတောင်ပွင့်လိုက်သေးတယ်..သူ့မှာလိုအပ်ချက်နည်းနည်းနဲ့
ရှင်သန်နေတာ မဟုတ်တဲ့အတိုင်းပဲ ' လို့ ပြောတော့ .. သူငယ်ချင်းက ' ဟာ.. နင်ကလည်း .. ဖြစ်ချင်းဖြစ် အိုအေစစ်
လောက်ဖြစ်ပါလား ..စိမ်းစိမ်းစိုစိုလေးပေါ့ ' တဲ့ ..
ကျမ ဆိုလိုချင်တာ သူသဘောမပေါက်လို့သာနေလိမ့်မယ် .. ကန္တာရပေါ်သွားပြီး အားမနာပါးမနာစိမ်းပြနေသော အိုအေစစ်ကြီးတော့ကျမမဖြစ်ချင်ပါ ။ ကန္တာရကြီးတခုလုံးများ
မစိမ်းပေးနိုင်ပဲနဲ့တော့ သူနဲ့ လိုက်ဖက်သော ဆူးပင်လေးဖြစ်ရတာပဲ ပိုကောင်းတယ်ထင်မိသည် ။
သို့သော် ... အိမ်မက်များကို မျှားမရသော နောက် အနာဂတ်ဆီသွားရန် လိုအပ်သော ကျမ မျှော်လင့်ချက်သည်လည်း
အငွေ့ ပြန်လေသည် ။

အခန်း ( ရ )

အတူတူရှိနေရန် မဖြစ်နိုင်တော့သော အခါ ကျမ တို့ နှစ်ယောက်အတိတ်သည် သူ့ထံတွင် ကြားဖူးနားဝ
ပုံပြင်လောက်မျှပင် အရိပ်မထင်ခဲ့စေချင်ပါ ။
ကျမဧ။် အိမ်မက် ကမ်းပါးမှာ မျှော်လင့်ချက်တို့နှင့်ဝေးနေဆဲ ..

အခန်း ( ၈ )

လူတချို့ သည် မိမိအနာဂတ်ကို ငွေကြေးဖြင့် လည်းကောင်း ပညာဖြင့်သော်လည်းကောင်း ဂုဏ်အားဖြင့်သော်လည်းကောင်း မျှားကောင်းမျှားကြလိမ့်မည် ။
ကျမသည် ကျမအနာဂတ်ကို မျှော်လင့်ချက်ဖြင့် များရန် အိမ်မက်ကမ်းပါးဘေးတွင် ထိုင်နေသူသာဖြစ်ပါသည်
1 Response
  1. wai lu Says:

    I very sad when i read this nobel.If you know value of love,you would not feel like that. Life is fair.