မလေးမေ
ဒီပရင်္ဂ
( ကြည်မောင်သန်း )

ပုံပြင်ထဲက မြို့ လည်း မဟုတ်
ဒဏ္ဍာရီထဲက မြို့ လည်းမဟုတ်
ရာဇ၀င်ထဲက မြို့ တမြို့ 
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ကျော်တည်းက ရှိတဲ့မြို့ တမြို့ 
သမိုင်းဝင်မြို့ တမြို့ ။ ။

ဒီမြို့ ကို ကတူးလူမျိုးတွေတည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း
တိုင်းခန်းလှည့်လည်ရင်း
မြောက်ဘက်အရပ်အရောက်
အရှေ့ ဘက်ကနတ်တွေ ဆိတ်ယောင်ဆောင်
ရေသောက်မယ့်ဟန်မြည်သံပေးတာကို အစွဲပြုလို့ 
ဒီမြို့ ဒီနာမယ်တွင်ခဲ့ရ ။ ။

အရှေ့ မှာဧရာဝတီ
အနောက်မှာချင်းတွင်း
မနီးဝေးမှာမူးမြစ်နဲ့ 

စိုက်ပျိုးရေးလုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ် ။
သာသနိက အဆောက်အအုံတွေပေါများ
ရဟန်းပညာရှိ လူပညာရှိတွေထွန်းကား
တခြားမြို့ တွေနဲ့ စီးပွားကူးသန်းသွားလာဖို့ လွယ်ကူ
ဘိုးတော်ဘုရား လက်ထက်စစ်တမ်းတွေအရ
အစည်ကားဆုံးမြို့ ၁၂မြို့ ထဲကမြို့ တမြို့ 
အလောင်းဘုရားလက်ထက်မှာ
အိမ်ရှေ့ စံနောင်တော်ကြီး ဒီမြို့ ကိုစားရ
ဘိုးတော်ဘုရားလက်ထက်မှာ စစ်သူကြီးမဟာဗန္ဓုလ
နေမျိုးသူရရဲခေါင်ဘွဲနဲ့ ဒီမြို့ ရဲ့ မြို့ ဝန်။

ဘုံးခန်းမျို့ ဆရာ အရှင်အဂ္ဂသမာဓိ
စစ်သူကြီး မဟာဗန္ဓုလ
အတုလဆရာတော် အရှင်ယသ
မြသိန်းတန်ဆရာတော် အရှင်ဇိန
အယူတော်မဂ်လာဦးနိုး
လယ်တီဆရာတော်
ဒါ ဒီမြို့ သား ပုဂ္ဂိုလ်ကျော်တွေ။
ဒီမြို့ မှာ
မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့
ပတိမ်းမင်းသား ခိုလှုံခဲ့ဖူးတယ်
ဒီမြို့ ကနေ
ကောက်ကျစ်ယုတ်မာတဲ့ မြို့ ဝန်ဦးမှန်း
အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်
ဒီလိုနဲ့ 
ဒီမြို့ မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်
ဒီမြို့ မှာ
သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်
ဒီမြို့ မှာ
လူငယ်လေးတယောက်
သူ့ ဆိုင်ကယ်ကျပျောက်ခဲ့ရတယ်
အမျိုးသမီးတယောက်
သေကံမရောက် သက်မပျောက်ဖြစ်ခဲ့ရတယ်
ဒီမြို့ မှာ
အံကြိတ်ရ တက်ခေါက်ရတဲ့
အဖြစ်အပျက်တွေရှိခဲ့တယ် ။ ။

တနေ့ တော့
မိုးနည်းတဲ့ဒီဒေသ
ဆောင်းတွင်းအခါ သမယမှာ
မိုးရွာဖို့ မဆိုထားနဲ့ 
မိုးအုံ့ ဖို့ တောင် အကြောင်းမရှိပေမယ့်
ရုတ်တရက်မိုးကြီးရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကော ပပျောက်သွားအောင် ရွာတဲ့မိုးမို့ 
အညာအခေါ်ဆင်ရာတိမ်မိုးတဲ့လေ
မုံရွာ-ရေဦး လမ်းကိုဖြတ်သန်းရင်း
ဒီမြို့ ကို ကားပေါ်ကလှမ်းကြည့်မိတဲ့အခါ
အတိတ်တစ္ဆေက ငါ့ကိုခြောက်လှန့် နေလေရဲ့ ။ ။

( ၂၀၀၈ ခုနှစ် ဇွန်လထုတ် ချယ်ရီမဂ္ဂဇင်း မှ ကူးယူဖော်ပြပါသည်)

ဧရာဝတီမဂ္ဂဇင်း မှကူးယူပြီး မည်သည့် ဘလော့နှင့် website များတွင်မဆို လွယ်ကူစွာ ဖော်ပြနိုင်ရန် ဇော်ဂျီဖြင့် ရိုက်ပေးထားခြင်း ဖြစ်ပါသည်
မလေးမေ



0 Responses