Jun
30

လုပ်တုန်း ကတော့ ငှက်ပျောသီး ဆနွင်းမကင်း ပါ ...
ပထမတခါ ပူတင်းဖြစ်သွားပြီး နောက်တခါတော့ ကိတ်မုန့် ဖြစ်သွားပါတယ်..
ဘာပဲပြောပြော ပူတင်းအဆင့်ကတော့ တော်တော်လေး စားကောင်းပါတယ်..
တတိယ တဘန်းဖုတ်တော့ recipe က မှန်သွားလို့ ဟုတ်သွားပါပြီ ..
မုန့် လုပ်နည်း
ငှက်ပျောသီး - 5လုံး
ထောပတ် - 3ဇွန်း
ကြက်ဥ - 3လုံး
နို့ ဆီ - 2ဇွန်းသကြား - 2ဇွန်း
ဆား - အနည်းငယ် ပြင်ဆင်ထားပါ
ငှက်ပျောသီးနဲ့ ကြက်ဥကို ရောမွေပြီး ခြေပါ ။
နို့ ဆီ သကြား ဆားထည့်ပြီး ရောပါ ။ထောပတ်ကို အပူပေးပြီး အရည်ပျော်ရင် ရောထည့်ပါ ။
သမအောင်မွေပါ ။ဗန်းထဲထည့်ပြီးပါ။ ပြီးရင် .....................
ဖုတ်ကြမယ်ဟေ့ ကောင်းကောင်း !!
ပြီးရင် 0ven ထဲမှာ အပူချိန် 150F နဲ့ မိနစ် 50မျှထားပါOven ထဲက ထုတ်ပြီးရင်
ရေခဲသတ္တာထဲမှာ နာရီဝက်မျှထား လိုက်ရင် ငှက်သီးမုန့် လေးက မာမာလေးနဲ့
အတုံးလေးတွေလှီးရင်လှတပတ လေးတွေထွက်လာ ပါလိမ့်မယ် .. .
ငှက်ပျောသီးက ဖီးကြမ်းလား ဘာအမျိုးအစားလဲဟင်။
ထောပတ်ကရော.. ဘယ်လိုလဲဟင်။
လုပ်စားကြည့်ချင်လို့ပါ။ ကျေးဇူးနော်။
မုန့်လုပ်နည်းတွေ ဘယ်မှာသွားရှာလေ့လာရမလဲ ခင်ဗျ ကျေးဇူးပြုပြီး ပြောပြပေးပါလား ခင်ဗျ