မလေးမေ

ကျမ email ထဲကို ရောက်လာ ဘူးပါတယ်..
ရွေဂုံတိုင်က ဟော်တယ်ဆိုလား ဘာလား .. ဗီဒီယိုဖိုင်လေး တခုပါ ..
သာမန်အရပ်သူ တယောက် အနေနဲ့ သူ့ ဘာသာ ဘယ်လိုနည်းနဲ့ မှကို လိုလိုလားလား
ဗီဒိယိုအရိုက်ခံ လူကြားသူကြား မြင်သာစေချင်မယ် မဟုတ်ဘူးလို့ တွေးမိလို့ သေချာကို မကြည့်မိပါဘူး ..
မကောင်းမှုကို အားပေးခြင်းဖြင့် ကြည့်ရှု ခြင်း ဝေမျှခြင်း ကျမ မလုပ်ချင်ပါ . ဒီနေ့ တော့
ကိုရဲရင့်နဲ့ စကားစပ်မိတာနဲ့ အဲဒီအကြောင်းကို သူရေးချင်ကြောင်း ပြောလာတာနဲ့ ကျမလည်း
ချရေးမိပါတယ် …



အဓိက က တော့ အဲဒီဗီဒီယိုနဲ့ ပတ်သက်ပြီး နေရာအတိအကျ နာမယ်ကြီး နေတာတောင် သွားရောက် စစ်ဆေးခြင်း စုံစမ်းခြင်း မကြားမိလို့ ပါပဲ .. အပြစ်မရှိတဲ့ လူပေါင်းများစွာကို သာ ပုဒ်မမဲ့ ထောင်
ထဲထည့် ရဲတယ် .. နှမခြင်း မစာနာတဲ့ လူတသိုက်ကိုတော့ အရေးချင် ယူပုံ မရပါဘူး ..
နောက်တခုက တော့ .. အားပေးတဲ့ သူယုတ်မာတွေ အသံ .. ဟုတ်ကဲ့ .. ရှာဖွေ နားဆင်ကြတော်မူပါ ..
ကျမတို့ ရဲ့ ဆွေမျိုးပေါက်ဖော် ခါတော်မှီ မြန်မာနိုင်ငံသားတွေပါ .. ထမိန်စိမ်းပြာ အ၀ါတွေဝတ်
မိန်းမသားများ မဟုတ်တဲ့ ကျမတို့ မြန်မာ နိုင်ငံက မြန်မာမိန်းမသားတွေ ဘယ်လောက်
အကာအကွယ် မဲ့နေလိုက်သလဲ ..
အစိုးရက တာဝန်ဘယ်လောက် ပျက်နေလိုက်သလဲဆိုတာ ချီးထုတ်ကြီး .. ပွင့်တာပဲ ..

ယဉ်ကျေးစွာ ပြည့်တန်ဆာလို့ သုံးနှုန်းတား တာ အလကားမဟုတ်ပါဘူး .. မတတ်သာလို့ 
ခန္ဓာရင်းပြီး စီးပွားရှာရဦးတော့ .. ဖြစ်ချင်းဖြစ် ပြည့်တန်ဆာ ပဲ ဖြစ်ရင်တော်သေးတယ်..

အခုတော့ တရုတ်တန်ဆာဖြစ်နေရသေးတယ်..


ဘီယာတပုလင်းစာနဲ့ သိပ်မကွာတဲ့ ငွေ5000အတွက်
ဘယ်လိုရင်း နေရလည်း ဆိုတာ တွေးမိရင် ရင်နာဖို့ ကောင်းလှလိုက်တာ..
မိန်းကလေးတိုင်းကိုခေါင်းခေါက်ပြီးပဲ မေးမေး ရိုးရိုးပဲမေးမေး .. မေးကြည့်ကြစမ်းပါ …
မချစ်မနှစ်သော သူနဲ့ ပေါင်းဖော်ရခြင်း ဆင်းရဲ ဟာ ဘယ်လောက်ကြီးလိုက် မလဲဆိုတာ ..
လူတိုင်းကိုယ်ချင်းစာ နိုင်ပါတယ်…ဆေးလိပ် ငွေ့ အရက် နံ့  တွေကြား အပျော်အပါး
လိုက်စား တဲ့ လူတွေရဲ့ ကြားမှာ ထမင်းတလုပ်အတွက် ဘယ်လိုရင်းနေရလည်း ဆိုတာ
တွေးမိတာနဲ့ တင် ယူကြုံးမရ ဖြစ်မိပါတယ်..

အဆုံးမတော့ .. သတင်းစာတွေမှာ ဖန်တရာတေတာတွေ …



ကုလားမယား ..ကုလားမယား နဲ့ ..တိုင်းပြည်နာသလေး ဘာလေးနဲ့  .. အသံကောင်းဟစ် နေတာ တွေကို
အော်အော်ပြီးသာ ရီလိုက်ချင်တော့တယ်..
လူကြီးလူကောင်း တယောက်နဲ့ ဂုဏ်သရေရှိစွာ အတည်တကျ လက်ထပ် မိသားစု
တည်ထောင်ခဲ့တာ ကျတော့ .. ပြည်နာ သလေး ဘာလေးနဲ့  .. ဘိန်းက အစ မဟုတ်တာ အကုန်လုပ်
ပြီး မြန်မာပြည်ကို ခါးလည်က လာမျိုနေတဲ့ နေတဲ့ .. ခါတော်မှီ ဆွေမျိုး တွေဘယ်လို
မြန်မာအမျိုးသမီးတွေကို စော်ကားနေလည်းဆိုတာ ..

ရှက်တတ်ရင် လဲသေကြဖို့ တောင်ကောင်း သေးတော့တယ်..

3 Responses
  1. Unknown Says:

    အမရေ။ တရုတ်မုန်းတဲ့စိတ်လေးနဲနဲ လျှော့ပါအုံးလား။ တရုတ်ကွန်မြူနစ်အစိုးရက တရုတ်လူမျိုးအားလုံးကိုကိုယ်စားမပြုပါ။ တရုတ်အစိုးရ မကောင်းတာနဲ့ပဲ တရုတ်လူမျိုးအားလုံးကို ဝါးလုံးရှည်နဲ့ မရမ်းပါနဲ့။ မြန်မာအစိုးရ မကောင်းလို့ မြန်မာလူမျိုးအားလုံးကို စော်ကားရင်ကော အမကြိုက်မှာလား။ တရုတ်လူမျိုးတွေလဲ နအဖဒဏ်ခံရတာပဲ။


  2. Unknown Says:

    အမတို့တပြည်လုံးကို ဒုက္ခပေးနေတဲ့ မောင်သန်းရွှေက မြန်မာစစ်စစ်ဆိုတာလဲမမေ့ပါနဲ့အုံး။


  3. ဟိုအစ်ကို:အဖွဲ့အစည်းကလူအများကြီးကမှန်တယ
်လုပ်နေမှတော့ ကိုယ်ကတော့မှားရင်လည်းမှားပေါ့ ကျွန်တော်နဲ့တော့မဆိုင်ပါဘူး ကျွန်တော်ဆီကိုမေးပို့လာလို့ပြောပြတာနော်...
    တွေးပါစဉ်းစားပါ...။

    မြန်မာပြည်သူ:နိုင်ငံရေး တော့ ကျမ မပြောချင်ဘူး။ ဟိုအစ်ကို ပြောတာလေး ဝင်ပြောပါရစေနော်။ အစ်ကို ပြောတဲ့စကား အစ်ကို ဘာသာလုံးနေ သလိုဘဲနော်? Yes တဲ့ လူတွေက လူ့အဖ္မဲ့အစည်းနဲ့နေတာ တစ်ခုတည်း အတွက်ကြောင့်အဖွဲ့အစည်းကလူအများကြီးကမှန်တယ် ပြောလို့လိုက် Yes လုပ်ကျတာပေါ့နော်? ကျမ တို့ မြန်မာပြည်သူ ၊ မြန်မာပြည်သား တွေကို အဲဒီသုံးချက်နဲ့ ဘယ်ထဲပါမပါ မမေးခင် ကိုယ်ဘာသာကိုယ် ပြန်မေးကျပါလားရှင်?

    (၁)အရှင်ဇ၀နဟောတဲ့တရားထဲက ကိုယ်ကိုတိုင်ကအမှား မမှားမရှိအောင် သူများအမှားကိုသင်ခန်းစာယူတက်တဲ့ အတွေးခေါ်ရှိတဲ့လူရယ်၊ (၂)ကိုယ်ကိုတိုင်မှားမှ သင်ခန်းစာယူတက်တဲ့ အတွေးခေါ်နဲ တဲ့လူရယ်၊(၃) သူများမှားတာလဲ သင်ခန်းစာမယူဘူး ကိုယ်ကိုတိုင်မှားတောင်မှသင်ခန်းစာမယူတက်ကြဘူး ဆိုတဲ့ အတွေးခေါ်မရှိတဲ့လူရယ် အစ်ကိုတို့ဘယ်ထဲပါလဲ သိပါရစေရှင်?

    Yes တဲ့ လူတွေက ကိုယ်ခေါင်းနဲ့ကိုယ် မစဉ်းစားဘဲ အဖွဲ့အစည်းကလူအများကြီးကမှန်တယ် ပြောလို့လိုက်လုပ်ကျတာဆိုတော့...............
    ....................................
    အင်း................................