မလေးမေ

သမီးအတွက်တဲ့

စားပွဲထက်က ဗိုလ်ချုပ် မနက်စာ

အကြွေတချို့ နဲ့ 

ဘတ်စကားပြာဝါတွေ

ဂန္ဓ၀င်တွင်စရာမပါ

ဒါပေမယ့်တွေးမိတိုင်း

ငါလွမ်းမောပါတယ် .........

ရွေပြည်တော် မျှော်တိုင်း ဝေးပေမယ့်

တနေ့ တော့ အိမ်ပြန်လာမယ်နော် အမေ ။ ။


ချစ်ရသော ကျောင်းသွားဖော်

ဂျစ်ပစီမိုးတိမ် သီချင်း ညီးသော စာသင်ခန်း

ရင်ခုန်သံ ချိုပေါ့ကျနဲ့ 

သြဘာလမ်း ထက်က နှုတ်ဆက်ခြင်းတွေ

လွမ်းမသင့်ဘူး ငါသိပါတယ် ....

ဒါပေမယ့် တမ်းတအပ်သော ငါ့အတိတ်မဟုတ်လား

ငါတို့ ပြန်တွေ့ ရမှာပါ သူငယ်ချင်းတို့  ။


ငါမြတ်နိုးသောနိုင်ငံ

အဆင်းရဲဆုံး ဒေသလေးတဲ့

မရှုမလှ အခေါ်ခံရတိုင်း အသဲနာတယ်

သခင်ကိုယ်တောင်မှိုင်း , ရိုင်းတဲ့သံလွင်ရေ

ကမ္ဘာမကြေသီချင်းအတိုင်း

သည်မြေပြင်ကို ငါချစ်ပါသည်

ခေတ်အဆက်ဆက်ထပ် ၍ ကျိမ်ဆိုမည်

ငါသည်အပြစ်သားမဟုတ် ...

ကြမ္မာ ရိုင်းသော နေ့ များ ညများ လွန်သော်

ငါအိမ်ပြန်ရစေသား ။ ။


မလေးမေ




0 Responses