မလေးမေ
အလွမ်း တွေကို ရေတွက်ရင်း
ပိုပိုနွမ်း လာတဲ့ ငါပါ..
အို.. ပန်းလေးတပွင့်လား ..
သမုဒ္ဒရာထက် ကျယ်တဲ့ အိမ်မက်တွေလည်း ငါ့မှာရှိတယ်
ပျံသန်းခွင့်ပေးပါ ချစ်သူ ..
ဒါပေမယ့် ..ခြေရာတိုင်းမှာ
ထပ်ချပ်မကွာ လိုက်ခဲ့ ပေးပါ ..


တိမ်တိုက် ထဲမှာ ..
ညနေတွေမှာ ..
ငါ ကဗျာ ဆို ခဲ့တာ အခါခါပါ ..
သိုးလေး တကောင်အကြောင်း ငါပြန်ကြား
ရင်ခုန်သံတွေ ပဲ့တင်သွားပြန်တယ် ..
စိုက်ပျိုးခဲ့တယ်
ရိတ်သိမ်းခွင့်မရ မယ့် အိမ်မက်တွေပါ ..
ဒါမှမဟုတ် ငါမရိတ်သိမ်း ချင်တဲ့



အနာဂတ်ဖြစ်မယ်..

လူပျင်းတယောက် က
လွမ်းချင်းတွေဆိုတယ်.
ငါလဲပဲ ပါဝင်ပါရစေ ..
ဘ၀ဆိုတာ ပေါင်မုန့် ထက်တော့ပိုမယ်..
ချို ဖို့ ကြတော့ ချစ်သူ လိုပြန်တယ် ..
ကဲ .. ဘာပဲဖြစ်ဖြစ်
နောက်ဆုံးညနေကျ
ငါတို့ တွေ့ ကြရအောင် .


---------------------------------------

ဒီတခါကတော့ .. မိကောက် မဟုတ်တော့ပါ ..
မိချစ်သူလေး ဖြစ်ပါတယ် :P


0 Responses