မလေးမေ




ဟိုတနေ့ ကသူငယ်ချင်းတယောက်က … သူ့ မိတ်ဆွေတယောက် အကြောင်းပြောရင်း “နင်က ဘလော့ဆက်မရေးတော့လို့ သူ့ ကိုမသိတာ” လို့ မှတ်မှတ်ထင်ထင် သူ့ စကားမှာ သုံးသွားလို့ 
ကျမတယောက် အတွေးကမ္ဘာမှာ ချာချာလည်ပြန်ရော ..
ဘလော့ဂါ ဆိုတာဘာကိုပြောသလဲ ရေရေရာရာကို ကျမမသိတာပါ ..
နောက်ပိုင်း မှာ တော့ ဘလော့ အသစ်အသစ်လေးတွေ တိုးပွားလာတာအများကြီးပဲ ..
ကျမက စာဖတ်ရတာ ၀ါသနာပါတဲ့စာဂျပိုးမို့ ဘလော့ဟေ့ ဆိုရင် ဖတ်တာပါပဲ ..
သတင်း.. နိုင်ငံရေး .. ဆောင်းပါးစသည်ဖြင့် သိပ်လဲမရွေးပါဘူး ..
ပုံမှန်ဖတ်နေကြ တွေလဲ favorites မှာ
Add ထားပြီးကွန်ပြူတာဖွင့်ပြီးတာနဲ့ ဝင်တာပဲ ..
ဝေေ၀ဆာဆာရေး ထားတဲ့ ဘလော့တွေမြင်လဲ သိပ်သဘောကျတယ် ..
ကျမဘာလို့ ဘလော့စရေးဖြစ်သလဲ ဆိုတာလေးနဲ့ ကျမဘလော့တွေပို့ စ့်အသစ် ချူချာရှားပါးရခြင်းကို
အတင်းဆက်စပ်ရဦးမယ်
ကျမစရေးဖြစ်တာက ဖိုရမ်တွေမှာ ကဗျာတိုလေးတွေ .. ၀တ္တုတိုလေးတွေ .. အဲဒါလေးတွေကိုညွန်းဖို့ 
အသိမိတ်ဆွေတွေကိုပြချင်ရင်လွယ်အောင် ဘယ်လိုလုပ်ရ မလဲဆိုပြီးကြံဖန်တော့ ဘလော့ဆိုတာနဲ့ 
သွားစပ်တာပဲ ..



ဘလော့ ကလေးကလည်း မသန်မစွမ်းပါ .. ကျမသူငယ်ချင်းကွန်ပြူတာသမားတွေရော ..ဘလော့သမားတွေရော ..မနေရ .. ကူပြီးပြင်ဆင်ပေးရပါတယ်
ကျမလုပ်ခဲ့တာ ရေးထားတာလေးတွေထည့်ရုံပါပဲ .. website တွေဘာတွေလည်းမရေးတတ်တာကိုး ..
အဲဒါနဲ့ .. ကျမစာလေးတွေ..ဖိုရမ်မှာလဲတင်.. ဘလော့မှာလဲတင်..
ဖိုရမ်သမားတွေလည်း ကျမစာတွေဖတ်ပြီးရင် ဘလော့လိပ်စာကိုသိပြီးဝင်ကြည့် ..စာအဟောင်းတွေဖတ်နဲ့ 
ဟန်တော့ တော်တော်ကျလို့ 
နောက်များကျတော့ .. ကျမ စာအရေးကျဲသွားတဲ့အခါ ကျမ ဘလော့လေးလဲခြောက်ကပ်သွားရော ..
တကယ်တမ်းကျတော့ .. ကျမဘလော့ကိုပုံမှန်စောင့်ဖတ်တဲ့သူမရှိလို့ လဲအပျင်းကြီးတာပေါ့နော် ..
သုမောင်ရဲ့ မိသားစုပုံပြင်တွေ ..သော်တာဆွေကျနော့ဘ၀ဇာတ်ကြောင်း စသည်ဖြင့် ..စာရေးဆရာတွေ
ရဲ့ ကိုယ်ပိုင်ပုံပြင် ခေါ်မလား ကိုယ့်အကြောင်းကိုယ်ရေးပြတဲ့ စာမျိုးကို သဘောပို ကျခဲ့တော့ ကျမကလည်း ကျမအကြောင်း..ကျမနဲ့ ဆက်စပ်သမျှ.. ရေးမိတာပါပဲ..

ကျမ ဘလော့မှာရေးထာတဲ့စာ .. ကျမရေးတဲ့ အတ်ဆေးလိုလို ၀တ္တုတိုလိုလို ..ဘာဂလိုလေးတွေပေါ့နော်..
အများစုဟာ ကျမဘ၀နဲ့ ရောနှောနေပါတယ်..ကိုယ့်အကြောင်းကို ကိုယ်ရေးပြတတ်တယ်လို့ အထင်မကြီးပါနဲ့ ..
သူများအကြောင်းဇာတ်လမ်းဆင်ပြီးလုံးလုံး ကိုမရေးတတ်လို့ ပါ ..
အဲဒီမှာတင် .. ကိုယ့်တံဆိပ်ကိုယ် ကပ်မိလျှက်နဲ့ ..ဘယ်သူ့ မှမသတ်မှတ်ပါပဲ ..အခြားစာ အမျိုးအစားမျိုး
ဘလော့မှာ မတင်ချင်တဲ့ရောဂါရပါလေရော ..
တကယ်တော့ ..ကျမဖိုရမ်တွေမှာ ..အချစ်အကြောင်းလဲရေးတာပဲ..စာအုပ်အကြောင်းလဲရေးတာပဲ ..
ဘလော့ပေါ်သာမရောက်တာပါ …
ကွယ်လွန်သူပန်းချီ ဆရာကြီး ဗဂျီအောင်စိုးက ပြောဘူးသတဲ့ … တလက်မ ပတ်လည် ဘောင်လေးတခုထဲမှာ .. ၀လုံးတွေအများကြီးရေးဖို့ ခတ်ပေမယ့် .. အစက် ကလေး ပေါင်းများစွာ ချနိုင်သတဲ့ ..
ဘ၀မှာ flexible ဖြစ်လေလေ .. ကိုယ့်အတွက် အရာပေါင်းများစွာချန်ထားနိုင်လေပါပဲ တဲ့…
ဟာသလေးနည်းနည်း … ကာတွန်းလေးနည်းနည်းနဲ့ ..ကျမခံစားမိသလောက် ..စိတ်ထဲရှိလောက် ချပြဖို့ 
ကျမကြိုးစားသော်လည်းပဲ …..အခုထိမအောင်မြင်သေးဘူး ..
ကျမ ပေးချင်တဲ့ message နောက်ကို ကျမကိုယ်တိုင် presentation အ၀န်းအ၀ိုင်းနဲ့ မပို့ နိုင်ပြန်ဘူး ..
ဒီနေ့ မထိ ကျမဖန်တီးချင်သမျှ ..မလုပ်နိုင်သေးဘူး .. ကျမလုပ်ချင်တဲ့ ကာတွန်းလေးတွေ .. ကျမအကြိုက်စာအုပ် တွေကို စာရိုက်ပြီးတင်မှာတွေ မလုပ်နိုင်သေးဘူး .ဖြစ်ကိုမလာသေးတာ ..
ဥပမာ .. ကျမသွားခဲူ့ခရီးမှာ .. ကျမပြောချင်တာက .. မမျှော်လင့်ပဲကျမကို ကူညီခဲ့တဲ့သူငယ်ချင်း
မိတ်ဆွေတွေ နဲ့ စက်ရုပ်ဆန်တဲ့ မြို့ ပတ်ဝန်းကျင်အကြောင်းပါ ..
အဲဒီကို ရောက်အောင်ကို မရေးနိုင်သေးလို့  အခုထိကို အဲဒီအကြောင်း ဘလော့ပေါ်မတင်နိုင်သေးပါဘူး ..
ဟုတ်ပါပြီ ..
နားမလည်သော်ငြားလဲ ကျမအားရုံများကို စွင့်ထားလျက်ရှိပါတယ်
ကျမ မပျော်သော်ငြား ပြုံးလျှက်ရှိပါတယ်
ကျမစာ မရေးဖြစ်ပေမယ့် ဘလော့များကို ဖတ်လျှက်ရှိပါတယ်


4 Responses
  1. BLANK PAPER Says:

    ပိုးစိုးပါတ်စက်ကိုရေးပြစ်ဗျာ..အားပေးမယ်..


  2. ဟုတ်ကဲ့ ..ပိုးစိုး ပက်စက် အားပေးပါ
    ရေးပါ့မယ် ဟိ


  3. ကာတွန်းဆွဲတတ်သလားဗျ။ ကျွန်တော်တို့ ဖွဲ့တည်ရာကို ပို့လို့ရပါတယ်။
    http://existencemgz.wordpress.com/
    existence.magazine@gmail.com


  4. YeYint Nge Says:

    eeeeeကျုပ်အကြောင်းမရေးကြေးနော်.....