မလေးမေ

အိမ်မက်အလွန်

ငါပျိုးခဲ့တဲ့ အိမ်မက်တခင်း

မင်းနဲ့ငါ စိတ်ချင်းဆက်ဖို့ မဟုတ်ဘူး

ဒီတရာသီ အလွန်

ကောက်သင်းကောက်ခဲ့ရတာ

အပြစ်မဲ့ ကြေကွဲခြင်းတွေ

သူ့ အဘိဓာန်မှာ ချည်နှောင်ခြင်း မပါမိတဲ့ ကြိုးတစ

ရိုးရာလိုက်ပြီး လွမ်းခဲ့ရပြန်တယ် ..

ငါရောက်ခဲ့တယ်

ငါမြင်ခဲ့တယ်

ဒီလိုနဲ့ ..

ငါရှုံးခဲ့ပြန်တယ်

မလေးမေ

1 Response
  1. BLANK PAPER Says:

    တော်တော်လွတ်မကျသွားအောင်ထိန်းလိုက်ရတယ်...
    အထာကျတယ်..