မလေးမေ



ကံဆိုးမိုးမှောင် ကျတယ်ပြောမလား ...
အဝေးကြီး ဝေးတဲ့ နေရာကို မပြောင်းရခင် စားချင်တာ လဲစားမယ်ဟဲ့ .. သူငယ်ချင်းတွေနဲ့ လဲ
တွေ့ မယ်ဟဲ့လို့ ... ကြုံးဝါးပြီး ပြန်သွားခဲ့တာ..
2ရက်နေ့ ကိုပြန်ရောက်ဖို့ မလေးရှား အဲလိုင်းရုံးမှာ အော်ဟစ် ရန်ဖြစ်ပြီး
လေဆိပ်မှာ သယ်နိုင်သမျှ ပစ္စည်းလေးတွေ နဲ့ stand by
( ထိုင်ခုံလွတ်ရင် check in counter ပိတ်ခါနီး
လေယာဉ်ပေါ် တင်ပေးတာ ) သွားစောင့် ...
အဲ.. နေရာလေးရလို့ . .အလူးလူးအလိမ့်လိမ့်နဲ့ လေယာဉ်စီးပြီး ပြည်တော်ရောက် .
( အဲ .. အဲဒီတုန်းက ဘယ်တူ ကမှ နာဂစ်အကြောင်း အရေးမလုပ်ပေါင် .. မနက်ဖြန်အတွက် ..
ဘယ်သူမှလဲ မပူ .. ဘာမှလဲဖြစ်မယ်မထင် ဘူး ..လေပြင်းတိုက်မယ်..မိုးသဲမယ် .
.ဒီထက်ပိုမယ် ဘယ်သူထင်မလဲ ... မဂ်လာဆောင်ပြီးခါစ သူငယ်ချင်း
အတွက် မဂ်လာဦးလက်ဖွဲ့ လေးလဲ စာတိုက်ကပို့ မယ်ပေါ့ ...သူငယ်ချင်းရေ .ခွင့်လွတ် )..
ညဦးကျတော့ မိုးရွာ .. မနက် 3နာရီလောက်ကျတော့ ချပါလေရော ...
အိမ်ထဲမှာ နောက်တနေ့ လုံး ရေအနက် 3ပေကျော်ထဲနေရပါတယ်..
တနေ့ လုံးလဲ ငိုလိုက်ရတာ..

ငါ့နှယ်ကံဆိုး လေခြင်းဆိုပြီး ( ကျမ ထက် ကံဆိုးတဲ့ လူတွေရှိ မှန်း နောက် မှ သိပါတယ် )

ဒါတွေကတော့ ထားပါလေ .. လူတိုင်းသိပြီးသား ..
အဲ..ပြသနာက..
4ရက်နေ့  booking လုပ်ထားတော့ လေယာဉ်ကွင်းကို သွားပါတယ်.
မနက်အစောဆုံး ဘန်ကောက်ကိုသွားတာ အဲပုံဂံ (သောက်သုံးမကျကြီး ) ..
လေဆိပ်ဂိတ်က ပိတ်ထားတယ်..
စုံစမ်းတော့ ကျန်တဲ့ အဲလိုင်းတွေ TG.. air asia တွေကတော့ လေယာဉ်မထွက် ကြောင်း ..ထွက်ဖြစ်ရင်
အကြောင်းကြားမယ် ပြောရှာပါတယ်..
ဟို သောက်သုံးမကျကြီးက တော့ သတင်းကိုမလာဘူး ..
ကျမ ခရီးစဉ်က ရန်ကုန်- ဘန်ကောက် .. ဘန်ကောက်-ဟောင်ကောင် .
. ဟောင်ကောင် - တိုးရန်းတိုး ..
ခရီးစဉ်က ဆက်တိုက်..
နေ့ လည်12အထိ စောင့်ခဲ့ ပေမယ့် သတင်းမထူး လို့ ငိုရုံပဲ ..

နောက်တနေ့ လေယာဉ်ထွက် မယ်ကြားလို့ သွားတော့..
7.30ထွက်မယ့် အဲပုံဂံက အသင့်ရှိတော့ .. သြော် တော်သေးရဲ့ ပေါ့ ..
ဘယ်ကလာ .. ကျမကို ဟိုဘက်ကလဲ flight booking လုပ်မထား ..
ဘန်ကောက် ဗီဇာလဲ မပါလို့ 
လေယာဉ် ပေါ်မတင်ဘူး လုပ်ရော ...
ကျမ conntection flight တွေလွဲတာ သူတို့ လေယာဉ်ကြောင့်..
အင်တာနက် ..အီးမေး ..ဖုန်း..မီး ..ဘာမှမလာတဲ့နောက် ကျမက ဘယ် ဖလိုက်ကို ဘွတ်ကင် သွားလုပ်မှာလဲ ..
စိတ်ကလည်းတို ........
ဒေါသကလည်းထွက်...
၇း၃၀ ဖလိုက်က ၈း၃၀ ရှိပြီ မထွက် ..
ဘန်ကောက် - ဟောင်ကောင် ဖလိုက်က ဘန်ကောက်အချိန် 11 ထွက်မှာ ..လွတ်တော့မယ်..
သိနေတယ်..
73း0 ထွက်မှ ဟိုကို 9း00 နာရီလောက်ရောက်မှာ ..
ဘန်ကောက် အချိန်11 ဆိုတော့ ရန်ကုန်အချိန်10.30 မှာ
conntection flightပေါ်တတ်ရမှာ .
နောက်ဆုံး ကျမလဲ ... ရှင်တို့ ကြောင့် မနေ့ ကလေယာဉ်ပျံလွတ်ခဲ့ပြီ..
ဘာတာဝန်မှ မယူရင်တောင် .. ထပ်တော့ဒုတ်ခ မပေးပါနဲ့ ..
လူလို လဲနားလည်ကြပါဦးလို့ .. အော်ပလိုက်မှပဲ..
ဘန်ကောက်က ဒီကိုပြန်လာရင် ဒေါ်လာ ၂သောင်းပေးရမယ်လို့ လက်မှတ်ထိုးပြီးလေယာဉ်ပျံပေါ်တတ်ရပါတယ်..
အဲဒီအချိန် မှာ ၉း၃၀ ပြီ ..
ဟိုကိုရောက်တော့ ၁၁း၀၀နာရီ.. ဟောင်ကောင်လေယာဉ်ထွက်သွားပြီ
အဲဒီနေ့ အဖို့ နောက်လေယာဉ်မရှိတော့ဘူး
နောက်နေ့ မနက် ၈နာရီမှ ရှိတယ်ဆိုလို့ ..
ကျမတို့ မိသားစု .. ( အဖေနဲ့ အမေက ဘန်ကောက်ဗိဇာနဲ့ )
အင်မီဂရေးရှင်း မှာ
တောင်းပန်ကြပါတယ်.. အဖေနဲ့ အမေကလည်း လေယာဉ်ကွင်းထဲမှာ ၁၂နာရီ ထက်ပို နေလို့ မရ ...
ကျမကလည်း လိုက်မထွက်နိုင် ...
ပစ္စည်းတွေနဲ့ မိန်းကလေးတယောက်ထဲ လေဆိပ်ထဲမှာ ညအိပ်ရမှာ ဘယ်
မြန်မာမိဘက စိတ်ချနိုင်မလဲ..
ဘယ်လို တောင်းပန်သော် လည်းမရပါဘူး..
အဲဒါ အဲပုဂံရုံးကို ဖုန်းဆက်ပြီး .. arrival visa 1ရက်ထဲ ယူပါစေ.
ကူညီပါဆိုတော့ ..
မကူညီနိုင်ဘူးတဲ့..
ဟုတ်ပြီ.. အဲဒီလိုဆို လေဆိပ်ဟိုတယ်နေမယ် ဆိုတော့..
ကျမတို့ လူကြီးတွေ တောင်မနေဘူးတဲ့ .. (လှတယ်နော်..ဒီစကားလေး)
ထမင်းစားချင်ရင်တော့ ကူပွန် လာယူတဲ့.. (သွားမယူတော့ပါဘူး )
ကဲ.. နောက်ဆုံးမတော့ .. ကျမတယောက်ထဲ .. ဘန်ကောက်လေဆိပ်ထဲမှာ
check in counter နားမှာပဲ အထုတ်လေးပိုက်ပြီးငိုက်ပါတယ်..
အနွေးထည် အပါးလေးနဲ့  အရေးကြီးတဲ့အထုတ်ကို ပိုက်ပြီး ငိုက်လဲမငိုက်ရဲ ..
နောက်နေ့ မနက် ၈နာရီ လေယာဉ်ပျံပေါ်ရောက်မှ ဟီး.. ချနိုင်ပါတယ်..
အဲ.. တခုတော့ပြောချင်ပါတယ်.
မြန်မာပြည်ကနေပြီး .. ဟောင်ကောင်ရောက်တဲ့ အထိ
အာရှနိုင်ငံ သူ နိုင်ငံသား အိမ်နီးခြင်းများရဲ့ သနားကြင်နာ တတ်မှု .. အဟတ်..ဟတ်..
( မှန်တာပြောရင်.. ကျမဒီရောက်လို့  CNN ကြည့်မှ လူဘယ်န ရောက်
ဘယ်မှာသေမှန်း သိရတယ်)
ခံယူပြီးသကာလ ..
ကျမ တိုးရန်းတိုး ဖလိုက်ပေါ်တတ်တတ်ခြင်း
လေယာဉ်မယ် တွေက ထိုင်ထိုင်ခြင်းပဲ စောင်..ခေါင်းအုံး .. ၃..၄ ခုလာပေးပါတယ်.
နွားနို့ တခွက်နဲ့ မုန့် တခုလာပေးပြီး ...အခြေအနေ ..မိသားစုဘယ်လိုလဲ ဘာညာမေးလို့ 
ကျမ အံ့သြလိုက်တာ ..
ကျမ ဘေးက ခရီးသည်ကလည်း .. အထိုင်အထ တောင်မလုပ်ရှာပါဘူး ..
ကျမ အင်မီးဂရေးရှင်း ၀င်တော့ ..အရောက်နောက်ကျလို့ စကားပြောရပြီး ဗိဇာလဲ ၅လပဲ ရပါတယ်..
ဒါပေမယ့် ကျမရဲ့ သေတ္တာကိုဖွင့်မစစ်ပါဘူး ..
ကျမရှေ့ က တရုတ်တွေကို မြေပဲလှော်တောင် လွင့်ပစ်ခိုင်းတာ
..ကျမသေတ္တာထဲ မှာ ငပိကြော်..ချဉ်ပေါင်ကြော်..
ငါးပုတ်ခြောက် အပြည့်နဲ့ ပါ ..
အစား အသောက် ပါမှန်း သိမှာပဲ ..
---------------------------------------------------

တခုတော့ သတိပေးလိုက်ပါတယ်.. connection flight
ယူမယ် ဘန်ကောက် transit ဆိုလို့ ကတော့ ဘယ်လို အကြောင်း နဲ့ ပဲဖြစ်ဖြစ် အဲပုဂံကို မသုံး ပါလေ
နဲ့ ..

အစောဆုံးထွက်တာ မှန်ပါတယ်.. ဈေးလဲပေါပါတယ်..

သို့ သော်.. ကိုယ့်အတွက်ဒုတ်ခ အကြီးအကျယ်ရောက်ပြီး ဘာတာဝန် မှ
ယူလိမ့်မယ်မ ဟုတ်မှန်း ..ကြို ပြောပါရစေ..


------------------------------------

တခု လေးလေးနက်နက်ပြောပါရစေ ..
မြန်မာပြည်က ထောင်ပေါင်းများစွာသော ဒုက္ခသည် များအတွက် ..
စိတ်အားဖြင့်ဖြစ်စေ .. လူအား ..ငွေအားဖြင့်
ဖြစ်စေ .. လူသားခြင်းစာနာစိတ်ထားကြသော .. မည်သို့ သော ရပ်နည်း ရပ်ဝေးမှ မိတ်ဆွေများကိုဖြစ်စေ
ကျမ တသက်အတွက် ကျေးဇူးရှင်အဖြစ် မှတ်ယူပါတယ်

ဘ၀မှာ ကံဆိုးစွာ အသက်စွန့် ခဲ့ရတယ် ကျမရဲ့ နိုင်ငံသားအပေါင်းကောင်းရာ မွန်ရာ ရောက်ကြပါစေကြောင်းနဲ့ 
နောက် နောင်ဖြစ်လေရာ ဘ၀မှာ သည်လို အဖြစ်ဆိုး ..ဒီလို မင်းဆိုး
စနစ်ဆိုးရဲ့ အောက်မှာ
မထိုက်တန်စွာ အသက်ဆုံးရတဲ့ဘ၀ မရောက်ကြဖို့ ကျမဆုတောင်းပါတယ်..


1 Response
  1. YeYint Nge Says:

    အဟုတ်ပဲဖေါက်ခွဲပေါက်ကွဲဆုတ်ဖြဲနေပါရောလား....
    ကြောက်တောင်ကြောက်လာပြီ....
    တေဇနဲ့တော့မှားမပစ်လိုက်ပါနဲ့
    ဟင်း.....တော်သေးတာပေါ့...ညီမရယ်
    (မြို့ခြားနေလို့)...............