မလေးမေ
ကွာခြားချက်...

ဆင်းရဲသားတွေ ဝက်မွေးတယ်၊ လူကုံထံတွေကျတော့ ခွေးမွေးတယ်။ ဆင်းရဲသားတွေ အိမ်မှာဟင်းသီးဟင်းရွက်စားတယ်၊ လူကုံထံတွေ ဟိုတယ်တက်ပြီး ဟင်းသီးဟင်းရွက်စားတယ်။ ဆင်းရဲသားတွေ လမ်းပေါ်မှာစက်ဘီးစီးတယ်၊ လူကုံထံတွေ ဧည့်ခန်းထဲမှာ စက်ဘီးစီးတယ်။ ဆင်းရဲတုန်း မင်္ဂလာဆောင်ချင်တယ်၊ ချမ်းသာတော့ လင်မယားတွေ ကွဲချင်တယ်။ ဆင်းရဲတုန်း မယားက secretary တာဝန်တွဲယူရတယ်၊ ချမ်းသာတော့ secretary က မယားတာဝန် တွဲယူရတယ်။ ဆင်းရဲတုန်း ချမ်းသာချင်ယောင်ဆောင်တယ်၊ ချမ်းသာတော့ ဆင်းရဲချင်ယောင်ဆောင်တယ်။ ဒီခေတ်ကြီးမှာ...ဆင်းရဲသားတွေ အသားစားတယ်၊ လူကုံထံတွေပုစွန်စားတယ်၊ ပါတီခေါင်းဆောင်တွေကျတော့ အလကားရတာမှန်သမျှစားတယ်။ ယောက်ျားတွေမြင့်ချင်တယ်၊ မိန်းမတွေပိန်ချင်တယ်။ ခွေးတွေ အင်္ကျီဝတ်ကုန်ပြီး လူတွေကျတော့ ကိုယ်ပေါ်ကအသားတွေ ပေါ်နိုင်သလောက် ဖော်ကြချွတ်ကြတယ်။
{ ဖတ်ဖူးသမျှ စာတွေ မေးလ်တွေထဲကနေ…ရှေ့ နောက်ပြန်လွှဲ ..ဟိုရွှေ့ ဒီရွှေ့  စီချင်သလိုစီကာ…ကောက်နုတ်ပြီး ပြန်ဖော်ပြတယ်…}

( ဘာရယ်ဟုတ်ဘူး…ပျင်းပြေလေး…Mr.Sail♥rM♥♥n )
email ထဲကိုရောက် လာတဲ့ဟာသလေးပါ ...
မလေးမေ
အိုဘယ့် မိန်းမ

ရုပ်အဆင်းလှရင် အချက်အပြုတ်မကျွမ်း၊ ချက်တာပြုတ်တာ ကျွမ်းကျင်တော့ မနူးညံ့ပြန်၊ နူးညံ့နွဲ့နှောင်းတော့ ကိုယ်ပိုင်အတွေးအခေါ်က မရှိ၊ ကိုယ်ပိုင်အတွေးရှိတာကျတော့ ယောက်ျားဆန်၊ မိန်းမပီပီနေတော့ အသုံးအဖြုန်းကကြီး၊ ချွေတာစုဆောင်း တတ်တာကျတော့ ခေတ်ရေစီးကို လိုက်မမှီ၊ ခေတ်မှီတာကျတော့ စိတ်မချရ၊ စိတ်ချရတာကျတော့ ဘယ်လိုမှ ကြည့်လို့မလှပြန်။


အိုဘယ့် ယောက်ျား

အရည်အချင်းရှိရင် ရုပ်ဆိုးမယ်၊ ရုပ်ချောရင် ငွေမရှာတတ်ဘူး၊ ပိုက်ဆံရှာတတ်ရင် အိမ်ထောင်ရေးကို အလေးမထားပြန်ဘူး၊ အိမ်ထောင်ရေးပိုင်းမှာ ဖိစီးပြန်ရင် တခြားကိစ္စမှာ မဖြစ်ထွန်းဘူး၊ အရာရာ ဖြစ်ထွန်းအောင်မြင်တယ် ဆိုတဲ့လူမျိုးကျတော့ အနုအရွလေးတွေနဲ့ ရိုမက်တစ်မဆန်တတ်ပြန်ဘူး၊
အီစီကလီကျွမ်းကျင်ပြီး ရိုမက်တစ်ဆန်တတ်ပြန်တော့ စိတ်ချအားကိုးလို့ရဘူး၊ အားကိုးရတဲ့ လူမျိုးကျတော့ ခိုင်းစားလို့ရရုံကလွဲပြီး ဘိုသီပတ်သီနဲ့ အပေအတေတစ်ယောက်လိုနေမယ်။ ပါးနပ်တဲ့ယောက်ျားနဲ့ ဥာဏ်ရှိတဲ့မိန်းမတွေ့ရင် ရိုမက်တစ်ဆန်တဲ့ အချစ်မျိုး ဖြစ်လာနိုင်တယ်။ ပါးနပ်တဲ့ယောက်ျားနဲ့ အူတူတူမိန်းမနဲ့ဆိုရင် တိတ်တိတ်ပုန်းအချစ်တွေ ဖြစ်လာနိုင်တယ်။ ဥာဏ်ရှိတဲ့မိန်းမနဲ့ တုံးအတဲ့ယောက်ျားတွေ့ရင်တော့ အိမ်ထောင်ပြုသွားနိုင်မယ်။ ယောက်ျားရော မိန်းမပါ ငထုံငအတွေ ဆိုရင်တော့ ကိုယ်ဝန်ရသွားနိုင်ပါတယ် တဲ့၊ ဘာပြောရမလဲ မသိတော့ဘူးရယ်။ -- မိန်းမတွေဟာ အနာဂတ်အတွက်စိတ်ပူကြတာ ယောက်ျားရသွားတဲ့အထိပဲ။ ယောက်ျားတွေကျတော့ မိန်းမ မရမချင်း အနာဂတ်ဆိုတာကို ခေါင်းထဲမထည့်ကြဘူး။ အောင်မြင်တဲ့ယောက်ျားဆိုတာ သူ့မိန်းမသုံးဖြုန်းတာထက် ပိုရှာနိုင်တဲ့လူကိုခေါ်တာ။ အောင်မြင်တဲ့မိန်းမကျတော့ အဲသလိုယောက်ျားမျိုးရှာနိုင်သူကို ခေါ်တာတဲ့။


( ဘာရယ်ဟုတ်ဘူး…ပျင်းပြေလေး…Mr.Sail♥rM♥♥n )
email ထဲကိုရောက် လာတဲ့ဟာသလေးပါ ...
မလေးမေ

အိမ်မက်အလွန်

ငါပျိုးခဲ့တဲ့ အိမ်မက်တခင်း

မင်းနဲ့ငါ စိတ်ချင်းဆက်ဖို့ မဟုတ်ဘူး

ဒီတရာသီ အလွန်

ကောက်သင်းကောက်ခဲ့ရတာ

အပြစ်မဲ့ ကြေကွဲခြင်းတွေ …

သူ့ အဘိဓာန်မှာ ချည်နှောင်ခြင်း မပါမိတဲ့ ကြိုးတစ

ရိုးရာလိုက်ပြီး လွမ်းခဲ့ရပြန်တယ် ..

ငါရောက်ခဲ့တယ် …

ငါမြင်ခဲ့တယ် …

ဒီလိုနဲ့ ..

ငါရှုံးခဲ့ပြန်တယ်…

မလေးမေ

မလေးမေ


ချစ်သူလေး မှ တဆင့် မလေးမေ

ဖုတ်လိုက် ဖုတ်လိုက်နဲ့ အသက်ဆက်နေရရှာတဲ့ ကျမ ဘလော့လေးကို ဒီတခါတော့ ဘလော့ပိုင်ရှင် နာမယ်
ပြောင်းလိုက်ပါတယ်.. အခြားသူတော့မဟုတ်ပါဘူး ..
ချစ်သူလေး ကျမပါပဲ ..
နာမယ်ပြောင်းရခြင်းအကြောင်း ကတော့ ..
1- ကျမ ဘာသာတောင် ခေါ်ရတာ လျှာယား မိလာတဲ့ ချစ်သူလေးဆိုတဲ့နာမယ် ...
2- နာမယ်မှာ အဖေပေးထားတဲ့ နာမယ်လေးလည်းပါအောင် ပြောင်းလိုက်တာပါ ..
မျက်စိလည်သွား မသွားကြပါနဲ့ ဦး ..
စလာတဲ့ ပြသနာကတော့ လောက အလှအွန်လိုင်း မဂ္ဂဇင်းမှာ ပို့ ရာကစတာပဲ ...
ဒီမဂ္ဂဇင်း သာ အပြင်မှာ ထုတ်ရင်တော့ .. ချစ်သူလေးဆိုတဲ့နာမယ်နဲ့ ငါတော့ ဂွတော့ မှာပဲလို့ 
သွားတွေး မိပါတယ်...
နောက် ပြီး ဘလော့က ဆိုင်းဘုတ်လေးလည်း ပြောင်းချင်တာနဲ့ ( စာလုံးပေါင်းမှားနေတာလေး ပြင်မယ်ပြင်မယ်
နဲ့ တနှစ်ကျော်ပီ )


ကျမပြောချင်တဲ့ဆိုင်းဘုတ်လေးပေါ်က ပုံပြင်

ဆိုင်းဘုတ် အသစ် ကလေးမှာ ထုံးစံအတိုင်း စာဂျပိုးမ ရုပ်ကလေး, ပြီးတော့ ဘေးမှာ ...ပြင်လိုက်တာ ကတော့ ကျမရူးသွပ်တဲ့ စက္ကူငှက်ရုပ်ကလေးတွေရယ်ပါ ..

ငြိမ်းချမ်းရေးအတွက်Sadako Sasaki ရဲ့ ငှက်ရုပ်လေးတွေ
ွ
ဟီရိုရှိးမားမြို့ မှာ အနုမြူဗုံးကျတဲ့အချိန်
နိုင်ငံရေး ,လူမှုရေး ဘာဆို ဘာမှနားမလည်သေး၂နှစ်သမီး Sadako Sasaki ဟာ
ပေမယ့် အနူကလီးယားရဲ့ ကျိမ်စာသင့် ခဲ့ရပါတယ် .. သွေးကင်ဆာ ဝေဒနာနဲ့ ကြီးပြင်းခဲ့ရတဲ့ သူမရဲ့ ဟာဂျပန်ရိုးရာ ယုံကြည်မှုဖြစ်တဲ့ စက္ကူငှက်ရုပ် ကလေးတွေ တထောင်ပြည့်အောင် ခေါက်နိုင်ရင် ဆုတောင်းပြည့်တယ် ဆိုတဲ့စကားကို ယုံကြည်ခဲ့ပါတယ်..
သူမရဲ့ အားလပ်ချိန်တွေမှာ စက္ကူငှက်လေး တထောင်ပြည့်အောင် ကြိုးစားခေါက်ရင်း Sasaki ဆုတောင်းခဲ့တာ
" ကမ္ဘာ့ ငြိမ်းချမ်းရေး " ပါ ...
အသက် ၁၂ နှစ်ကွယ်လွန်တဲ့ အထိ ကြိုးစားခဲ့သလိုအခါ သူမ ဆန္ဒအတိုင်း စက္ကူငှက်လေး တထောင်ပြည့်အောင်
သူမရဲ့ အတန်းဖော်နဲ့  မိတ်ဆွေသူငယ်ချင်း တွေကလည်း ကူညီခဲ့ပါတယ်..
နောက်ဆုံးမှာ စက္ကူငှက်လေး တထောင်နဲ့ အတူ Sasaki လေးကို သဂြိုလ်ခဲ့ကြပါတယ်...
1958 ခုနှစ်မှာတော့ စက္ကူငှက်ရုပ်ကို ကိုင်ထားတဲ့ Sasaki ရဲ့ ရုပ်ထုကို ဟီရိုရှိးမား ငြိမ်းချမ်းရေး ပန်းခြံမှာ စိုက်ထူပြီး
ကြေကွဲဖွယ် Sasaki ရဲ့ ဇာတ်လမ်းလေးကို အမှတ်ရစေပါတယ် ..
စက္ကူငှက်ရုပ်ကလေးတွေဟာ Sasaki ရဲ့ မျှော်လင့်ခြင်းနဲ့ အတူ ကမ္ဘာငြိမ်းချမ်းရေး နဲ့ ကလေးငယ်တွေ အတွက်
အထိမ်းအမှတ်ဖြစ်လာခဲ့ပါတယ်..

ကျမတို့  'မြေ 'ရဲ့ ငြိမ်းချမ်းရေး
ဒီနေ့ ကမ္ဘာမှာ လူပေါင်းများစွာဟာ ငြိမ်းချမ်းရေးအတွက် ရည်စူးပြီး စက္ကူ ငှက် ကလေးတွေ ခေါက်နေဆဲပါပဲ .. ကျမဟာ မငြိမ်းချမ်းတဲ့တိုင်းပြည်မှာ မွေးဖွားခဲ့တဲ့သူပါ ... ကပ်ဆေးတယ် လို့ အများဆိုကြတဲ့ ရေဘေးအပြီးမှာ ကျမတိုင်းပြည်မှာ သွေးဒဏ်ရာ ဘလပွ ...
ဂျပန်ပြည်က Sadako Sasaki လိုပဲ တာဝန်မကျေသူ အတ္တသမားများ ဆီက ဘေးထွက်ဆိုးကျိုး တွေနဲ့ ငိုကြွေးနေကြ ရတဲ့ ကလေးငယ်တွေ ကျမတို့ နိုင်ငံမှာ ထုနဲ့ ထေးပါ ...
ဆာလောင်ငတ်မွတ်လို့ ကမ်းနေတဲ့ ကလေးငယ်တွေရဲ့ လက်တွေ .. ရာမက ထောင်မက မရေတွက်နိုင်အောင်
များပြားလာပါတယ် ....

အမှတ်ရပေးပါ .. စာနာပေးပါ .. အစာတဖဲ့ မပေးဝေနိုင်ရင်တောင် ဆုတောင်းပေးပါ ..
အကူအညီလိုနေတဲ့တဲ့ ကမ်းလက်တွေကို သတိရပေးပါ ...
စိတ်ဒဏ်ရာ .. ကိုယ်ဒဏ်ရာ များနဲ့မျှော်လင့်ခြင်း ဝေမျှခံစားနိုင်ဖို့ ..
မမေ့လျှော့ဖို့ ကျမရည်ရွယ်ထားချင်တာပါ ...

ခင်တဲ့
မလေးမေ


မလေးမေ











မလေးမေ


အခုတလော .. ချွေတာချင်တာနဲ့ ဟင်းပဲချက်စား နေတော့တယ်..
ဟဲဟဲ .. ဒါပေမယ့် အကုန်အကျလည်း သက်သာ ..ခေါက်ဆွဲပြုတ် ထက်လည်း စားကောင်း ...
အပျင်းလည်း ပြေစေမယ့် ဟင်းတွေ ချက်ကြတာပေါ့ ( နောက်နေ့  စားဖို့ လည်း ရေခဲသတ္တာထဲ ထည့်ဥ ထားလို့ ရသေးတယ်)

ပေါချောင်ကောင်း စွတ်ပြုတ်

အလွယ်ဆုံး စွတ်ပြုတ် ချက်နည်း ကို သူငယ်ချင်း ဆီက ရလို့ ဒီနေ့ စမ်းချက်ကြည့်တာ အရသာ လဲမဆိုးတာ ကြောင့် မျှဝေ လိုက်ပါတယ်။
ကုန်ကျငွေကတော့ ၂ဒေါ်လာ လောက် ပဲ ရှိပါလိမ့်မယ်။ရှိသမျှနဲ့ ရောသမမွေကာ ချက်ကြပါကုန်

2 ယောက်စာ အတွက်

လိုအပ် သော အမယ်များ

- အာလူး - အလုံးကြီး တခြမ်း / အလုံးသေး တလုံး အတုံး သေးသေးလေး များ တုံးပါ
- မုန်လာဥ - တချောင်း အတုံး သေးသေးလေး များတုံးပါ


- ပြောင်းဖူးစိ / မုန်ညင်း / baby corn ကြိုက်တတ်ရင် ရှိသမျှစားနိုင် သလောက် ထည့်လို့ ၇ပါသည်။
- ကြက်ဥ တလုံး ခလေါက် ထားပါ
- ကြက်သား/၀က်သား အတုံး သေးသေး တတုံးကိုပါးပါးလှီးပါ
- ပြောင်းဖူးမှုန့် (ကော်မှုန့် )အနည်းငယ် ရေဖျော်ထားပါ

ချက်ပြုတ်ပုံ

အိုး ထဲ ရေနွေးထည့်ပါ
အာလူး . မုန်လာဥနှင့်အသီးအရွက် များ ထည့်ပြုတ်ပါ
ဆားထည့် ။အချိုမုန့် ထည့် ။အသားပါးပါး လှီးထား တာထည့်ပြီး အဖုံးအုပ်ထား
အရွက် နှင့် အာလူးများ နူးလျှင် ခလောက် ထားသော ကြက်ဥကိုဇွန်းနှင့် တဇွန်းချင်းဆီ ခတ်ပြီး ဟင်းချိုအိုး ထဲတွင်ဖြူးပါ
ပြီးလျှင်မွေပါ ။။
မြီးကြည့်ပါ။
အရသာ အနေတော် လျှင် ကော်မှုန့် ရေဖျော်ထား တာကိုထည့် မွေပြီးတမိနစ်ခန့် ထားပါ။
ပြီးလျှင်မီးဖိုပေါ်မှချပြီး စားသုံးနိုင်ပါပြီ (ငှဲငှဲ.. လေသံကမိုက်တယ်နော် )

beginner cooker မဟုတ်လျှင်ကြက်သွန်ဖြူ 5မွာခန့် ဓားပြား ရိုက် ..ပါးပါး လှီးကာ ကြော်ပြီး ..ဟင်းချို တွင်ဖြူးကာ
သောက်နိုင်သည်။အနံ့ အရသာ ပိုကောင်းဧ။်
(ချစ်သူလေးဧ။်ကြက်သွန်ဖြူကြော်ကား ကြော်တိုင်း တူးတွားဧ။် )


အာလူးပြုတ် ကြက်ဥပြူတ် နှင မုံလာ ဥပြုတ်များ ကြောင့် ကယ်လိုရီလဲ မများ ..အကုန် အကျ လဲသက်သာ ပါဧ။်

p.s > ဟင်းချိုလေးနဲ့ တွဲစားဖို့  ဆူရှိးလုပ်နည်းဆက်ရေးပါ့မယ်..






မလေးမေ
YES . NO ကြားက မေးခွန်းများ ….

ဟိုတလောလေးက ပေါ်ပေါက်ခဲ့တဲ့ YES or NO အငြင်းပွား မှု တွေက တော့ ငြိမ်သက်သွား ပါပြီ ..
အဖြေကို ဘယ်လိုပဲ သိစေကာမူ နောက်လာ နောက်သား များကို လိပ်ပြာသန့် စွာ ပြောနိုင်ဖို့  မိမိပင်ကို အသိစိတ်နဲ့ တတ်စွမ်းသမျှ ကြိုးစား ခဲ့တာ လည်း ကျမ တို့ အားလုံးသိပါလိမ့်မယ်..
ကျမ မဲပေးခွင့် မကြုံခဲ့ပါ .. ကြုံအောင်လည်း မဖန်တီးခဲ့သလို .. မကြုံဘူးဆိုတော့လည်း YES လား NO လား ..
ဘာကြောင့် ဘယ်လို ဆိုတာလည်း သေချာမတွေး ခဲ့ပါဘူး ..
တိုင်းပြည်ကံတရား အတွက် အနာဂတ်အတွက် အရေးပါလို့ သာ သေသေချာချာ ကောက်ခံခဲ့တဲ့ မဲလို့ယူဆရင်
YES တဲ့ သူတွေမှာဖြစ်စေ NO တဲ့သူတွေမှာ ဖြစ်စေ အကြောင်းပြချက်လေးတော့ ရှိဖို့ လိုတယ်မှလား ..

NO တဲ့သူတွေကတော့ ရှင်းပါတယ်.. ပြည်တွင်းက လူ၁၀၀ မှာ ၈၀ လောက်သိမယ် မထင်တဲ့ စစ်တပ်က ၂၅% ပါဝင် အုပ်ချုပ်
လိမ့်ဦးမယ် ဆိုတာ မျိုး ပြတ်သားခြင်းမရှိတဲ့ ဥပဒေကိုမကြိုက်လို့ လို့ အများစုကဖြေကြမှာပါ ..
ဘယ်လိုပဲ ဖြစ်ဖြစ် NO ဘက်မှာတော့ အဖြေရှိပါတယ်..
YES ဘက်မှာရော ………
NO ပေးတဲ့သူတွေ .. NO ပေးဖို့ လှုံးဆော်တဲ့ သူတွေကို ဒီမိုလို့စွတ်စွဲရင် …
YES တဲ့ သူတွေ ကရော ….
ကျမ ဥာဏ်တထွာ တမိုက်နဲ့ … စဉ်းစားမိ သလောက်တော့ ဘက်စုံပြည့်စုံသော ဒီမိုကရေစီရဲ့အခြေခံ လိုအပ်ချက်က..
ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ မကြာဘူးတဲ့ ၁၁နှစ်တဲ့ အချိန်ကြီးကို ယူပြီးရေးခဲ့တဲ့ အခြေခံဥပဒေကြီး မှလား ..
ပြီးရင် တရားမျှသော ရွေးကောက်ပွဲကြီး ..
ပြီးရင် အားလုံးမျှော်လင့် တောင့်တအပ်သော ဒီမိုကရေစီ ပေါ့နော်.. .
(သတင်းစာဖတ်ပြီး နားလည်တဲ့အတိုင်း ရေးတာနော်..)
ဒါကြောင့် .. YES ပေးမှ ထောက်ခံမှသာ ရှေ့ အဆင့်တွေ ကူးနိုင်မယ်လို့ ကျမနားလည်ထား လိုက်ပါတယ်..
အဲဒီလိုဆိုရင် ………….

YES ပေးခဲ့တဲ့ သူတွေကရော ဒီမိုကရေစီကို လိုချင်လို့ခြေတလှမ်း အဖြစ်ပေးတာ မဟုတ်ဘူး လား ..
' ဟမ်… ဒီမိုဆိုတာ လမ်းထွက် ဆန္ဒပြမှ ..ဒီမို ဆို.. '
ကျမမသိတော့ပါ .. ဒီမိုဆိုတဲ့ နာမယ်ပေးကြသော.. ရေးကြကုန်သော ဘလော့ရှင်များ
ကိုသာ မေးမြန်းကြပါကုန် )

စစ်တပ် ၂၅% သာပါဝင်အုပ်ချုပ်မယ့် အစိုးရကို အလိုရှိလို့ မဟုတ်ဘူး လား ..
' ပျော်ပျော်ကြီးမဲပေး အောင်ပွဲခံခဲ့တဲ့ .. စစ်တပ်အသိုင်းအ၀ိုင်းက .. စစ်သားတွေ က .. အစိုးရ၀န်ထမ်းတွေက .. ၁၀၀% အုပ်ချုပ်နေတာ ..မကြိုက်ဘူး လား ..' ..
ကျမ မပြောတတ်ပါ .........

ကျုပ်တို့  စစ်တပ်ဒီအတိုင်း အုပ်ချုပ်တာပဲကြိုက်တယ်.. ဒီမိုကရေစီလည်း မလိုချင် ဘူး .. အခြေခံဥပဒေအသစ်လည်း မလိုဘူး ..၁၀၀%အုပ်ချုပ်တာပဲကြိုက်တယ်.. ဒါကြောင့် NO ပေးမယ်.. ဘာဖြစ်သလဲ .. ???

ဘာမှမဖြစ်ပါ .... အကြင်သူသည်.. အဖျက်သမား.. ကဖျက် ယဖျက် လုပ်သူ …

'' ဟင် NO ပေးတိုင်းအဖျက်သမားလား ?? ''

ပြောပြီးပြီ .. အဖျက်သမားဆို အဖျက်သမားပဲ .. NO ပေးရင် အဖျက်သမားပဲ .. နားမလည်ဘူး တဲ့ .. ကျမပြောတာမဟုတ်ဘူးနော်..သူတို့ သူတို့ .. )


ကျမသိသော NO vote ပေးခဲ့သော မြန်မာလူထုသည် ဘာကြောင့် သူတို့ ပေးလိုသည်ကား သိသည် ..
မပြတ်သား သော အခြေခံဥပဒေကြီး အကြောင်း တီးခေါက် မိကြကုန်သည် ..
သို့ သော် …
တောင်သူလယ်သမား ကျေးလက်လူတန်းစားကား မသိရှာ .. နိုင်ငံရေး စိတ်မပါဝင်စား သူတို့ကား မသိရှာ .. သိအောင်လည်း ပြောပြဆွေးနွေး မည့်သူများနှင့် မထိတွေ့ ရရှာ ..
အမြန်ဆုံးနှင့် အလွယ်ဆုံးနည်းလမ်း သုံးကာ NO ပေးရန်လုံ့ ဆော်မှုကား မဆိုင်သည့် အပေါက် ဂလိုင်နှင့် ခေါက်မှု မြောက်ဧ။် .
. NO ဆိုတာ ကြက်ခြေခတ်လား .. အဆိုတော်အဖွဲ့ လားဟင် ..ကျုပ်တို့ NO ပေးရင်း ဘာဖြစ်မလည်း ဆိုသော မေးခွန်းများကား အဖြေမရှိ ……….
မည်သို့ နည်းနဲ့ ဖြစ်စေ ထောက်ခံမဲ ကား နိုင်ခဲ့ပြီမှလား .. အစိုးရက နိုင်စေချင်တယ် မပြောဘူး နော် …

အဲဒီလိုဆိုရင် ကျမ အနေနဲ့ တခုတော့ မေးခွန်းထုတ်ချင်ပါတယ်…

YES လို့ ထောက်ခံခဲ့တဲ့ .. လူစုက ..
ဒီမိုကရေစီကို လိုချင်လို့ခြေတလှမ်း အဖြစ်ပေးတာ မဟုတ်ဘူး လား .. ??

( '' ဒီမိုသမားတွေ ..'' '' ဒီမိုသမားတွေ '' ဆိုသော စကားလုံးအား စဉ်းစား တွေးတော
မြင်ယောင်ကြ နော်.. )
၁၀၀% အုပ်ချုပ်တဲ့ အစိုးရကို အလိုမရှိလို့ လား……….. ( အလို မရှိဘူး ဖြေ မယ်ဆို .. အမည်နှင့် လိပ်စာ ပေးကာ .. ဗမာ့သတ္တိအား.ပြကြပါကုန်…. မှန်တာ ပြောရင် ရတဲ့ခေတ် မဟုတ်ဘူး ဆို သူများအား
တနည်းအားဖြင့် အခွင့်ရတုန်းချေပ ပေးကြပါရန် .. )

'ငါတို့ ကတော့ အထက်လူကြီးခိုင်းတာ လုပ်တာဟေ့' ဆိုကာ မှန်ကန်စွာ ၀င်ခံရဲ မည့်
သူများအားလည်း မျှော်လင့်ပါကြောင်း .. အဖေတော့ နိုင်ငံတော်ကံတရားလား လွယ်ကူစွာ
သည်လို သည်လို ဆုံးဖြတ်ခဲ့တယ်.. သားရေ.. သမီးရေလို့  နောက်တချိန်
ပြောပြဖြစ်အောင် တော့ ပြောပြလိုက်ပါ နော...........


-------------------------------------------------------------------------------------------------------------------------------------------------------------
ကျမရဲ့ အမြင်လေးအား ပေးစာများအား လက်ခံဖော်ပြပေးပါသည် ဆိုသော oppisiteye ဘလော့သို့ ပေးပို့ လိုက်ပါသော်ငြားတရက်လည်း ပေါ်မလာ နှစ်ရက်လည်းပေါ်မလာတာကြောင့် ကျမ
ဘလော့မှာပဲ တင်လိုက်ပါတယ်...
ဒီနေ့ တော့ ပြန်စာရောက်လာပါတယ်.....
အရင်း အတိုင်း ဖော်ပြရသော် ...


Opposite Eye to me
show details 4:09 AM (10 hours ago) Reply

အဖြေကဘာလဲသိတယ်မှတ်လား သိရင်လည်းအစ်မရာ(ညီမရာ) ဘာလို့ပြောနေမှာလဲ လူဆိုတာက သုံးမျိုးရှိတယ် မှတ်ထားပါ ပြီးရင်အစ်မ(ညီမ) ကဘယ်ထဲမှာပါနေသလဲဆိုတာကို တွေးကြည့်ပေါ့ (၁)အရှင်ဇ၀နဟောတဲ့တရားထဲက မှတ်မိတာလေးကိုစေတနာ ထားပြီးပြောပြတာပါ အတွေးခေါ်ရှိတဲ့လူက ကိုယ်ကိုတိုင်ကအမှား မမှားမရှိအောင် သူများအမှားကိုသင်ခန်းစာယူတက်တယ် (၂)အတွေးခေါ်နဲ တဲ့လူကြတော့ ကိုယ်ကိုတိုင်မှားမှ သင်ခန်းစာယူတက်တယ် (၃) အတွေးခေါ်မရှိတဲ့လူကြတော့ သူများမှားတာလဲ သင်ခန်းစာမယူဘူး ကိုယ်ကိုတိုင်မှားတောင်မှသင်ခန်းစာမယူတက်ကြဘူးတဲ့ အဲဒီတော့ ညီမ(အစ်မ) ကမ္ဘာကြီးကအဖွဲ့အစည်းနဲ့နေတာဆိုတော့ အဖွဲ့အစည်းကလူအများကြီးကမှန်တယ်လုပ်နေမှတော့ ကိုယ်ကတော့မှားရင်လည်းမှားပေါ့ ကျွန်တော်နဲ့တော့မဆိုင်ပါဘူး ကျွန်တော်ဆီကိုမေးပို့လာလို့ပြောပြတာနော်.........တွေးပါစဉ်းစားပါ...။

--------------------------------------------------------------------------------------------------------------------------------------------------------------------