Showing posts with label 'တိုတိုထွာထွာ'. Show all posts
Showing posts with label 'တိုတိုထွာထွာ'. Show all posts
မလေးမေ


တခါတုန်းက ...........

အင်တာနက် ပုံပြင် ဖအေက သမီးနဲ့ chat ချင်တာ
သမီးက ဘဲနဲ့ ပြောလက်စကြီးမို့ ဖအေကို ခဏ ဘလော့ ထားတာ။
ဖအေခဗျာ အဲဒါတွေ မသိရှာတော့ အင်တာနက်မှာ ကြုံရာ site လေး ဖွင့်ပြီး
သမီးအလာကို စောင့်နေ လေရဲ့

တခါတုန်းက .............

ဆိုင်ဘာကဖေးတစ်ခုတွင်အမျိုးသမီး တဦးက နိုင်ငံခြား သွားနေသော ယောကျာင်္း၏ အီးမေးကို
Check လုပ်ကြည့်သည် ..
ပြီး တော့ သူ့ Gtalk ကို ဖွင့်လိုက်သည် Gtalk မှာ သူ့ယေကျာင်္း Gmail က online ဖြစ်နေသည်
ထို့ကြောင့် ခေါ်သည် ...
ဟိုဘက်က ပြန်မထူးထပ်ခေါ်သည်ပန်မထူး .......
Hi ! တွေ တစ်ရာလောက် ရိုက်ပြီး ခေါ်သည် ။
လုံးဝ ပြန်ထူးခြင်းမရှိ ...........
ထို့ ကြောင့် ............
သေနာ ဘယ်ဆော်နဲ့ ဖွန်ကြောင်နေလဲ မသိဘူး ဟု ပြောပြီး ပြန် သွားသည် ..........
တကယ်တော့ သူ့Gtalk ထဲတွင် ယောကျာင်္း အွန်လိုင်းဖြစ်နေခြင်း မှာ
ယောကျာင်္း email ကို သူဖွင့်ထားခြင်းဖြစ်သည်ဆိုတာကို ထိုအမျိုးသမီး မမှတ်မိရှာပေ ..


တခါတုန်းက ..............

တယ်လီဖုန်းက မြည်လာသည်။ သေချာပြီ စောစော ကမန္တလာသား ဆက်တာ ဖြစ်လိမ့်မည်။
ကောင်လေးက ချက်ထဲမှာ မိန်းကလေးလို့ သူ့ ကိုယ်သူ နောက်ထားသည် ။
ခက်သည်က အယောင်ဆောင် ကိုင်ခိုင်းလို့ ရအောင် အိမ်မှာ မိန်းကလေး တစ်ယောက်မျှမရှိ။
ဖုန်းကို သွားကိုင်ဖို့ ရာသူမ၀ံ့ရဲ။
နောက်ဆုံးတော့ ဘာဖြစ်ဖြစ် ဆိုပြီး စိတ်ပိုင်းကာ သွားကိုင်လိုက်သည်။
'' ဟလို ပြောပါ ''
သူကပြောလိုက်သည်

'' ဟုတ်ကဲ့ ခင်စပယ်လှိုင်နဲ့ ပြောချင်လို့ ပါ ''
သေချာ သွားပြီ မန္တလာသား။
ဒီနေရာမှာ ထုံးစံ အတိုင်း ဥာဏ်နီ ဥာဏ်နက် သုံးမှ ရတော့မည်။ မဟုတ်ရင်မလွယ် ..

'' အေးပြော ငါခင်စပါယ်လှိုင်ရဲ့ အစ်ကိုပဲကွ။ ဘာကိစ္စရှိလို့လဲ ''
လေသံကို ခပ်မာမာပင် ပြောလိုက်သည်

'' ကျွန်တော်သူ့ သူငယ်ချင်းပါဗျ။ သူနဲ့ ပြောချင်လို့ ပါ ''
'' အောင်မလေး လေသံက ရိုသေနေလိုက်တာ သူ့အဖေနဲ့အမေ ပေါ်တောင်
ဒီလောက်ရိုသေ ရဲ့လားမသိ။ ဒီနေရာမှာ တော်တော်လေး အပိုးကျိုးနေသည်။

''အေး .... သူ အခန်းထဲမှာ စာကျက်နေတယ်။ ခေါ်ပေးလို့ မရဘူး ။ ပြောစရာရှိ ရင်ငါ့ကို မှာထားခဲ့''

'' သြော် ... ရပါတယ် ဗျ။ မမှာတော့ ပါဘူး။ မန္တလေးက အောင်ကျော်စိုး ဆက်တယ် လို့သာပြောပေးပါ။''

သူ့ကို ပြောပေးမယ်လို့ လဲမပြော။ မပြောပေး ဘူးလို့ လဲပြန်မပြော။
သူ့စကားဆုံး သည်နှင့်ဖုန်းကို ချလိုက်သည်။ ပြီးတော့မှ ကောင်လေး ခမျာ သက်ပြင်းချ နိုင်တော့သည်။
ကွန်ပျူတာရှေ့ ပြန်ရောက်တော့ ငနာကောင်က ချက်ထဲမှာ ပြန်ရောက်နေပြီ။
သူက စကား လာပြောသည်။ '' ဘာတဲ့ မမကို မောင်လေး ဖုန်းဆက်တယ် နော် '' တဲ့
'' မမရဲ့ အစ်ကိုက ခေါ်မပေး လို့ ''
'' အေး ဒါကြောင့် နင့်ကို ပြောသားပဲ မဆက်ပါနဲ့လို့ အခုတော့ ငါ့ကို ငါ့အစ်ကိုဆူတော့ မယ် ''
လို့ပြောလိုက်တော့ ငနာကောင်က .........
ကောင်လေး ကို တောင်းပန်ရှာပါသည်။ ပြီးတော့လဲ ပြောသေးသည် ။
သူ့အတွက်နဲ့ မမဒုက္ခရောက် တာကို မကြည့်ရက်တာတွေရော တောင်းပန်တာတွေရော စုံနေတာပါပဲ။
သူ့ က ဒီဘက်ကနေ သူ့အဖြစ်ကို ကြည့်ပြီး အူတက်မတတ် ဟားနေရသည်။
သြော် တော်တော် မလွယ်တဲ့ ကလေးတွေပဲ။
သူများကို အားရပါးရ အရူး လုပ်ပြီးကာမှ တစ်ခု ပြန်စဉ်းစား မိသည်။
'' ပြသနာပဲ အခု ငါနဲ့ ချက်နေတဲ့ ကောင်မလေးတွေ ဆိုတာ တွေကရော
ငါ့ လို ကောင်မျိုးတွေ မဖြစ်နိုင်ဘူး လား။''

တခါတုန်းက ပုံပြင်များကို ကိုစိုးဇေယျ မှ ပြောပြထားပါသည် ။
မလေးမေ


တခါတုန်းက ကျမ အိမ်မက် မက်တယ် .. အလှမ်း သိပ်ကျယ်တဲ့ ကွင်းပြင်ကြီးထဲ ..
လမ်းတွေလျှောက်လိုက်ရတာ ဆုံးတယ်လို့ ကိုမရှိဘူး ..
.မနေ့ က ဆိုတာ အတိတ် .. မနက်ဖြန်ဆိုတာ စိတ်ကူးယဉ်ခြင်း တမျိုး .
ဒီနေ့ ကိုပဲ ကျမပိုင်တယ် ဆိုတာယုံကြည် တယ် ..
တခါတလေ .. အခတ်အခဲတွေ ကျမရင်ဆိုင်ရတဲ့အခါ ဒီနေ့ ရဲ့ ဒုက္ခဆိုတာ
မနက်ဖြန်ကျရင် ..' တခါတုန်းက' လို့ ပဲ ပြောရမယ့် အတိတ်ချည်းသက်သက်ပါပဲ
လို့ တွေးတောမိရင်း ဖြတ်ကျော်ဖို့ ကြိုးစားရတယ် ...
ကွင်းပြင်ကြီးကို ကျမ ဖြတ်နေဆဲ ....
မနေ့က .. ဒီနေ့ နဲ့ မနက်ဖြန်လည်း .. ကျမကို ဖြတ်သန်းနေဆဲ ..
ဒါပေမယ့် တခါတုန်းကတော့ ..

တခါတုန်းက …

ရုပ်ဆိုးတယ်လို့ သူ့ ကိုယ်သူယုံကြည့်တဲ့ ကောင်လေး တယောက်ကို
အသဲကွဲကြောင်း ရင်ဖွင့်မိတယ် ..
သိပ်မကြာခင်ပဲ အားပေးတဲ့ စာတွေ သူကရေးပို့ ခဲ့တယ် ..
သူ့ မှာရိုးသားတဲ့ စိတ်တွေ နဲ့ ဘ၀အတွက် မျှော်လင့်ချက်တွေ
တနင့်တပိုး ချမ်းသာတယ် ..
သူသွားလေရာပါတာ သူ့ ရဲ့ အကောင်းမြင် တတ်တဲ့ အကျင့် ပေါ့
သူနဲ့ ခင်ခဲ့တာ ၆နှစ်ရှိပြီ .. သူလည်းပဲ နိုင်ငံတခုမှာ အလုပ်လုပ်နေပြီ ..
ဒါပေမယ့် အခုထိကို အဆက်အသွယ်ရှိနေကြတုန်းပဲ ..
သူရိုးသားသမျှကိုလည်း ကျမ လေးစားနေတုန်းပဲ …



တခါတုန်းက ..

ကျမ နေတဲ့ နေရာကနေ ရန်ကုန် နဲ့ မန္တလေး ခရီးလောက် ကွာဝေးတဲ့
မြို့ တော်ကြီးဆီ အလည်သွားဖို့ ကြိုးစားမိတယ် ..
အဝေးကိုလည်း ထွက်ခွာရဖို့ လည်း ရှိနေ .. နေလာတာ ၃နှစ်နီးပါးရှိပြီမို့
သူများတွေ ရန်ကုန် ကနေ အိမ်ဦးနဲ့ ကြမ်းလို ခရီးဆန့် နေတဲ့ အရပ်ကို
ကားကလေးစီးပြီးသွားဖို့ ကျမဆုံးဖြတ်လိုက်မိတယ်..
ဒါပေမယ့် ခရီးကထင်သလို မလွယ်ဘူး ..
ကျွန်းပေါ်မှာ ကျောင်းတုန်းက သူငယ်ချင်း မိတ်ဆွေတွေ ပေါလို့ 
အရင်ဆုံး ကျောတနေရာစာ စနည်းနာမိ ပေမယ့်
အဆင်မပြေတော့လည်း စိတ်ပျက်မိတယ်
အဲဒီမှာ .. အွန်လိုင်းပေါ်က အမတယောက် မမျှော်လင့်ပဲ သူနဲ့ ''အိမ်မှာလာနေလေ '' တဲ့ ..
အွန်လိုင်းပေါ်က အကိုတယောက်က ကျမသိပ်ကြည့်ချင်တဲ့
သီချင်းတွေနဲ့ မီးရောင်စုံ
တွေနဲ့ ဖျော်ဖြေပွဲကို လိုက်ပို့ မယ်တဲ့ …
ကျမ မှာ ခရီး လေးနာရီစာထက်ကို ပဲ မရောက်ဘူးတဲ့ဒေသမှာ စိတ်သဘောထားခြင်း
မတူသူ့ လာမိပြန်တော့ တာ .. စိတ်တွေကို လေးနာရီစာမက ပင်ပန်းသွားစေတယ် ..
အဲဒီနေ့ လည်က အမ က ပဲ ကြံရည်အေးအေးလေးနဲ့ ကန်စွန်းရွက်ပြုတ် ပါတဲ့
ထမင်းတနပ်ကျွေးတယ်. အဲဒီတုန်းက ဆာလောင်လွန်းလို့ အရမ်းပူတဲ့ ဟင်းရည်ကို မှုတ်မသောက်မိဘူး ..
ညနေ ကျတော့ အကိုက သူ့ အမေနဲ့ ညီမလေးနဲ့ အတူ ကျမသွားချင်တဲ့
နေရာတွေ လိုက်ပို့ ပြီး ညစာကျွေး ပြန်တယ်
အမရဲ့ တိုင်းရင်းသားမောင် နှမတွေ နေကြတဲ့ အမအိမ်က
ကျမကို ဧည့်သည်လုပ်ခွင့် မပေးဘူး ..
အိမ်သားလို ပဲနေစေတယ် ...
နောက်နေ့ ညမှာ အကြောင်းတခုကြောင့်ကျမ ခရီးသွားဖော်ကိုပါ
သူတို့ အိမ်ကျဉ်းကျဉ်းလေး ထဲခွင့်မတောင်းပဲတည်းဖို့ ခေါ်လာမိတော့
ကျမ ကသာ အားတွေနာလို့  ..
သူတို့ ကတော့ ဘာမှမဖြစ်သလို ..




တခါတုန်းက ….

ကျမ အနောက်အရပ်ကို ခရီးထွက်လာမိတယ် ..
တခါမှ မမြင်ဘူးတဲ့ အဖေရဲ့ မိတ်ဆွေဟောင်း တယောက် လေဆိပ်မှာ စီးကြိုတယ်..
သူတို့ အိမ်သားတွေ ဧည်သည်မျှော်ကြတာ ကျမ ယူလာတဲ့ ရိုးရာအစားတွေ
ကြောင့်မဟုတ်ဘူး ..
ကျမ ကူညီချက်ပြုတ်ပေးတဲ့ အရသာ မကောင်းလှတဲ့ အရွက်ကြော်တခွက် ကို
သဘောကျကြတယ် ..
ကျမ ကျောင်းတတ်ရမယ့် ကျောင်းခန်းမှာ ၂ညလိုက်အိပ်ပြီး သေချာ စိတ်ချရမှာ
ကျမကို ထားခဲ့ပြန်တယ် ..

မလေးမေ
Dubai plans 'moving' skyscraper


ကမ္ဘာ့ ပထမဆုံး လှုပ်ရှားနေတဲ့ အဆောက်အအုံကို အထပ် 80မြင့် Tower အဖြစ် Dubai မှာ

တည်ဆောင်ဖို့ စီစဉ်နေပါတယ် ...

အထပ်၈၀ စလုံးက သီးခြားဆီရွေ့ လျားမယ့် အဆောင်အအုံကြီး ရဲ့ ဗိသုကာ အီတာလီလူမျိုး
David Fisher က
New York conference ကနေ ဆိုပါတယ် ..

"This building never looks the same, not once in a lifetime," ဆိုပဲ ...

ပထမဆုံး လည်ပတ် အသွင်ကူးပြောင်းမယ့် ကူးပြောင်းမယ့် Tower က

၄၂၉ မီတာ ( ပေ ၁၃၇၈ ) မြင့်မှာဖြစ်ပြီးတော့ အထပ်တွေအားလုံးဟာ ၃၆၀ ဒီဂရီ လည့်ပတ်ဖို့  79 giant power-generating wind turbines တွေက အထပ်အတွက် အလယ်ဗဟို လောက်ကနေ မောင်းနှင် ပေးဖို့ လိုပါတယ် တဲ့ ..

Appartment တခုဟာ တပတ်ပြည့်အောင်လည်ဖို့  တနာရီကနေ သုံးနာရီ အချိန်ကြာမြင့် နိုင်ပီး

$ 3.7 မီလီယမ် ကနေ $ 36မီလီယမ်ကျ ပါလိမ့်မယ် ...

အဲဒီ တာဝါနဲ့ အလားတူ အထပ် ၇၀မြင့်တဲ့ တာဝါကို မော်စကို မြို့ မှာ တည်ဆောက်ဖို့ အစီအစဉ် ရှိပါတယ် ..

Florence-based architect ကြီးက တော့

"I call these buildings designed by time, shaped by life," said the .

"These buildings will open our vision all around, to a new life." တဲ့

(ဘာသာပြန်၇င် အရသာပျက်မယ်ဆိုးလို့ အရင်းအတိုင်း ဖော်ပြလိုက်ပါတယ်)

အဲဒီ Skyscraper ကြီးရဲ့ ပျမ်းမျှကုန်ကျ စားရိတ်က မီလီယမ် ၇၀၀ ဖြစ်ပြီး ၂၀၁၀

မှာပီး မယ်လို့ ခန်းမှန်းထား ကြပါတယ်


-----------------------------------------------------------------------------------------------------------------------------

Energy Saving တွေ ခေတ်စားနေတဲ့ ခေတ်ကြီးထဲမှာ Energy သထိန်း တွေကတော့

လုပ်ချလိုက်ပြန်ပြီ ပေါ့နော် ..

ဘာပဲဖြစ်ဖြစ် လည်နေတဲ့ အဆောက်အအုံကြီးပေါ်တတ်ပြီး လူလည်ကြီး ဖြစ်ကြည့်ချင်ရင် .. ပိုက်ပိုက်သာ

စုထားကြတော့ … သွားကြည့်ဖို့ ..


တခါမှ Architecture နဲ့ ပက်သက်တာ မတင်ဘူးလို့ အထူးအဆန်းလေးတွေ့ တာနဲ့  တင်ကြည့်တာပါ .

မူရင်းက - http://www.guru3d.com/news/dubai-plans-moving-skyscraper/ ပါ

ပထမဆုံး ဘာသာ ပြန်မိတာမို့ .. ခွင့်လွတ်ကြပါကုန် ..





မလေးမေ


ချစ်သူလေး မှ တဆင့် မလေးမေ

ဖုတ်လိုက် ဖုတ်လိုက်နဲ့ အသက်ဆက်နေရရှာတဲ့ ကျမ ဘလော့လေးကို ဒီတခါတော့ ဘလော့ပိုင်ရှင် နာမယ်
ပြောင်းလိုက်ပါတယ်.. အခြားသူတော့မဟုတ်ပါဘူး ..
ချစ်သူလေး ကျမပါပဲ ..
နာမယ်ပြောင်းရခြင်းအကြောင်း ကတော့ ..
1- ကျမ ဘာသာတောင် ခေါ်ရတာ လျှာယား မိလာတဲ့ ချစ်သူလေးဆိုတဲ့နာမယ် ...
2- နာမယ်မှာ အဖေပေးထားတဲ့ နာမယ်လေးလည်းပါအောင် ပြောင်းလိုက်တာပါ ..
မျက်စိလည်သွား မသွားကြပါနဲ့ ဦး ..
စလာတဲ့ ပြသနာကတော့ လောက အလှအွန်လိုင်း မဂ္ဂဇင်းမှာ ပို့ ရာကစတာပဲ ...
ဒီမဂ္ဂဇင်း သာ အပြင်မှာ ထုတ်ရင်တော့ .. ချစ်သူလေးဆိုတဲ့နာမယ်နဲ့ ငါတော့ ဂွတော့ မှာပဲလို့ 
သွားတွေး မိပါတယ်...
နောက် ပြီး ဘလော့က ဆိုင်းဘုတ်လေးလည်း ပြောင်းချင်တာနဲ့ ( စာလုံးပေါင်းမှားနေတာလေး ပြင်မယ်ပြင်မယ်
နဲ့ တနှစ်ကျော်ပီ )


ကျမပြောချင်တဲ့ဆိုင်းဘုတ်လေးပေါ်က ပုံပြင်

ဆိုင်းဘုတ် အသစ် ကလေးမှာ ထုံးစံအတိုင်း စာဂျပိုးမ ရုပ်ကလေး, ပြီးတော့ ဘေးမှာ ...ပြင်လိုက်တာ ကတော့ ကျမရူးသွပ်တဲ့ စက္ကူငှက်ရုပ်ကလေးတွေရယ်ပါ ..

ငြိမ်းချမ်းရေးအတွက်Sadako Sasaki ရဲ့ ငှက်ရုပ်လေးတွေ
ွ
ဟီရိုရှိးမားမြို့ မှာ အနုမြူဗုံးကျတဲ့အချိန်
နိုင်ငံရေး ,လူမှုရေး ဘာဆို ဘာမှနားမလည်သေး၂နှစ်သမီး Sadako Sasaki ဟာ
ပေမယ့် အနူကလီးယားရဲ့ ကျိမ်စာသင့် ခဲ့ရပါတယ် .. သွေးကင်ဆာ ဝေဒနာနဲ့ ကြီးပြင်းခဲ့ရတဲ့ သူမရဲ့ ဟာဂျပန်ရိုးရာ ယုံကြည်မှုဖြစ်တဲ့ စက္ကူငှက်ရုပ် ကလေးတွေ တထောင်ပြည့်အောင် ခေါက်နိုင်ရင် ဆုတောင်းပြည့်တယ် ဆိုတဲ့စကားကို ယုံကြည်ခဲ့ပါတယ်..
သူမရဲ့ အားလပ်ချိန်တွေမှာ စက္ကူငှက်လေး တထောင်ပြည့်အောင် ကြိုးစားခေါက်ရင်း Sasaki ဆုတောင်းခဲ့တာ
" ကမ္ဘာ့ ငြိမ်းချမ်းရေး " ပါ ...
အသက် ၁၂ နှစ်ကွယ်လွန်တဲ့ အထိ ကြိုးစားခဲ့သလိုအခါ သူမ ဆန္ဒအတိုင်း စက္ကူငှက်လေး တထောင်ပြည့်အောင်
သူမရဲ့ အတန်းဖော်နဲ့  မိတ်ဆွေသူငယ်ချင်း တွေကလည်း ကူညီခဲ့ပါတယ်..
နောက်ဆုံးမှာ စက္ကူငှက်လေး တထောင်နဲ့ အတူ Sasaki လေးကို သဂြိုလ်ခဲ့ကြပါတယ်...
1958 ခုနှစ်မှာတော့ စက္ကူငှက်ရုပ်ကို ကိုင်ထားတဲ့ Sasaki ရဲ့ ရုပ်ထုကို ဟီရိုရှိးမား ငြိမ်းချမ်းရေး ပန်းခြံမှာ စိုက်ထူပြီး
ကြေကွဲဖွယ် Sasaki ရဲ့ ဇာတ်လမ်းလေးကို အမှတ်ရစေပါတယ် ..
စက္ကူငှက်ရုပ်ကလေးတွေဟာ Sasaki ရဲ့ မျှော်လင့်ခြင်းနဲ့ အတူ ကမ္ဘာငြိမ်းချမ်းရေး နဲ့ ကလေးငယ်တွေ အတွက်
အထိမ်းအမှတ်ဖြစ်လာခဲ့ပါတယ်..

ကျမတို့  'မြေ 'ရဲ့ ငြိမ်းချမ်းရေး
ဒီနေ့ ကမ္ဘာမှာ လူပေါင်းများစွာဟာ ငြိမ်းချမ်းရေးအတွက် ရည်စူးပြီး စက္ကူ ငှက် ကလေးတွေ ခေါက်နေဆဲပါပဲ .. ကျမဟာ မငြိမ်းချမ်းတဲ့တိုင်းပြည်မှာ မွေးဖွားခဲ့တဲ့သူပါ ... ကပ်ဆေးတယ် လို့ အများဆိုကြတဲ့ ရေဘေးအပြီးမှာ ကျမတိုင်းပြည်မှာ သွေးဒဏ်ရာ ဘလပွ ...
ဂျပန်ပြည်က Sadako Sasaki လိုပဲ တာဝန်မကျေသူ အတ္တသမားများ ဆီက ဘေးထွက်ဆိုးကျိုး တွေနဲ့ ငိုကြွေးနေကြ ရတဲ့ ကလေးငယ်တွေ ကျမတို့ နိုင်ငံမှာ ထုနဲ့ ထေးပါ ...
ဆာလောင်ငတ်မွတ်လို့ ကမ်းနေတဲ့ ကလေးငယ်တွေရဲ့ လက်တွေ .. ရာမက ထောင်မက မရေတွက်နိုင်အောင်
များပြားလာပါတယ် ....

အမှတ်ရပေးပါ .. စာနာပေးပါ .. အစာတဖဲ့ မပေးဝေနိုင်ရင်တောင် ဆုတောင်းပေးပါ ..
အကူအညီလိုနေတဲ့တဲ့ ကမ်းလက်တွေကို သတိရပေးပါ ...
စိတ်ဒဏ်ရာ .. ကိုယ်ဒဏ်ရာ များနဲ့မျှော်လင့်ခြင်း ဝေမျှခံစားနိုင်ဖို့ ..
မမေ့လျှော့ဖို့ ကျမရည်ရွယ်ထားချင်တာပါ ...

ခင်တဲ့
မလေးမေ


မလေးမေ



ဟုတ်ကဲ့  .. အထက်ပါ ပုံမှာ ကမ္ဘာကျော် ပုဂ္ဂိုလ်များရဲ့ ပုံများကို စုစည်းရေးဆွဲထားပါတယ်..
အဟမ်း.. အဟမ်း.. အဲဒီမှာ .. မြန်မာပြည်က အာနာရှင် ပုဂ္ဂိုလ်ကြီးရဲ့ ပုံလဲပါ ပါပါတယ်
(ဘာကြောင့်ပါ လဲတော့မသိပါ )
ဘယ်သူရေးဆွဲမှန်းလဲ မသိပါဘူး .. သို့ သော်လည်း ..
ရှာကြည့်ပါဦး ..

(ပုံက သေးနေပါတယ်.. ပုံပေါ်မှာ click လေး တချက် နှိပ်ပြီးကြည့်ပါ)
မလေးမေ




ဟိုတနေ့ ကသူငယ်ချင်းတယောက်က … သူ့ မိတ်ဆွေတယောက် အကြောင်းပြောရင်း “နင်က ဘလော့ဆက်မရေးတော့လို့ သူ့ ကိုမသိတာ” လို့ မှတ်မှတ်ထင်ထင် သူ့ စကားမှာ သုံးသွားလို့ 
ကျမတယောက် အတွေးကမ္ဘာမှာ ချာချာလည်ပြန်ရော ..
ဘလော့ဂါ ဆိုတာဘာကိုပြောသလဲ ရေရေရာရာကို ကျမမသိတာပါ ..
နောက်ပိုင်း မှာ တော့ ဘလော့ အသစ်အသစ်လေးတွေ တိုးပွားလာတာအများကြီးပဲ ..
ကျမက စာဖတ်ရတာ ၀ါသနာပါတဲ့စာဂျပိုးမို့ ဘလော့ဟေ့ ဆိုရင် ဖတ်တာပါပဲ ..
သတင်း.. နိုင်ငံရေး .. ဆောင်းပါးစသည်ဖြင့် သိပ်လဲမရွေးပါဘူး ..
ပုံမှန်ဖတ်နေကြ တွေလဲ favorites မှာ
Add ထားပြီးကွန်ပြူတာဖွင့်ပြီးတာနဲ့ ဝင်တာပဲ ..
ဝေေ၀ဆာဆာရေး ထားတဲ့ ဘလော့တွေမြင်လဲ သိပ်သဘောကျတယ် ..
ကျမဘာလို့ ဘလော့စရေးဖြစ်သလဲ ဆိုတာလေးနဲ့ ကျမဘလော့တွေပို့ စ့်အသစ် ချူချာရှားပါးရခြင်းကို
အတင်းဆက်စပ်ရဦးမယ်
ကျမစရေးဖြစ်တာက ဖိုရမ်တွေမှာ ကဗျာတိုလေးတွေ .. ၀တ္တုတိုလေးတွေ .. အဲဒါလေးတွေကိုညွန်းဖို့ 
အသိမိတ်ဆွေတွေကိုပြချင်ရင်လွယ်အောင် ဘယ်လိုလုပ်ရ မလဲဆိုပြီးကြံဖန်တော့ ဘလော့ဆိုတာနဲ့ 
သွားစပ်တာပဲ ..



ဘလော့ ကလေးကလည်း မသန်မစွမ်းပါ .. ကျမသူငယ်ချင်းကွန်ပြူတာသမားတွေရော ..ဘလော့သမားတွေရော ..မနေရ .. ကူပြီးပြင်ဆင်ပေးရပါတယ်
ကျမလုပ်ခဲ့တာ ရေးထားတာလေးတွေထည့်ရုံပါပဲ .. website တွေဘာတွေလည်းမရေးတတ်တာကိုး ..
အဲဒါနဲ့ .. ကျမစာလေးတွေ..ဖိုရမ်မှာလဲတင်.. ဘလော့မှာလဲတင်..
ဖိုရမ်သမားတွေလည်း ကျမစာတွေဖတ်ပြီးရင် ဘလော့လိပ်စာကိုသိပြီးဝင်ကြည့် ..စာအဟောင်းတွေဖတ်နဲ့ 
ဟန်တော့ တော်တော်ကျလို့ 
နောက်များကျတော့ .. ကျမ စာအရေးကျဲသွားတဲ့အခါ ကျမ ဘလော့လေးလဲခြောက်ကပ်သွားရော ..
တကယ်တမ်းကျတော့ .. ကျမဘလော့ကိုပုံမှန်စောင့်ဖတ်တဲ့သူမရှိလို့ လဲအပျင်းကြီးတာပေါ့နော် ..
သုမောင်ရဲ့ မိသားစုပုံပြင်တွေ ..သော်တာဆွေကျနော့ဘ၀ဇာတ်ကြောင်း စသည်ဖြင့် ..စာရေးဆရာတွေ
ရဲ့ ကိုယ်ပိုင်ပုံပြင် ခေါ်မလား ကိုယ့်အကြောင်းကိုယ်ရေးပြတဲ့ စာမျိုးကို သဘောပို ကျခဲ့တော့ ကျမကလည်း ကျမအကြောင်း..ကျမနဲ့ ဆက်စပ်သမျှ.. ရေးမိတာပါပဲ..

ကျမ ဘလော့မှာရေးထာတဲ့စာ .. ကျမရေးတဲ့ အတ်ဆေးလိုလို ၀တ္တုတိုလိုလို ..ဘာဂလိုလေးတွေပေါ့နော်..
အများစုဟာ ကျမဘ၀နဲ့ ရောနှောနေပါတယ်..ကိုယ့်အကြောင်းကို ကိုယ်ရေးပြတတ်တယ်လို့ အထင်မကြီးပါနဲ့ ..
သူများအကြောင်းဇာတ်လမ်းဆင်ပြီးလုံးလုံး ကိုမရေးတတ်လို့ ပါ ..
အဲဒီမှာတင် .. ကိုယ့်တံဆိပ်ကိုယ် ကပ်မိလျှက်နဲ့ ..ဘယ်သူ့ မှမသတ်မှတ်ပါပဲ ..အခြားစာ အမျိုးအစားမျိုး
ဘလော့မှာ မတင်ချင်တဲ့ရောဂါရပါလေရော ..
တကယ်တော့ ..ကျမဖိုရမ်တွေမှာ ..အချစ်အကြောင်းလဲရေးတာပဲ..စာအုပ်အကြောင်းလဲရေးတာပဲ ..
ဘလော့ပေါ်သာမရောက်တာပါ …
ကွယ်လွန်သူပန်းချီ ဆရာကြီး ဗဂျီအောင်စိုးက ပြောဘူးသတဲ့ … တလက်မ ပတ်လည် ဘောင်လေးတခုထဲမှာ .. ၀လုံးတွေအများကြီးရေးဖို့ ခတ်ပေမယ့် .. အစက် ကလေး ပေါင်းများစွာ ချနိုင်သတဲ့ ..
ဘ၀မှာ flexible ဖြစ်လေလေ .. ကိုယ့်အတွက် အရာပေါင်းများစွာချန်ထားနိုင်လေပါပဲ တဲ့…
ဟာသလေးနည်းနည်း … ကာတွန်းလေးနည်းနည်းနဲ့ ..ကျမခံစားမိသလောက် ..စိတ်ထဲရှိလောက် ချပြဖို့ 
ကျမကြိုးစားသော်လည်းပဲ …..အခုထိမအောင်မြင်သေးဘူး ..
ကျမ ပေးချင်တဲ့ message နောက်ကို ကျမကိုယ်တိုင် presentation အ၀န်းအ၀ိုင်းနဲ့ မပို့ နိုင်ပြန်ဘူး ..
ဒီနေ့ မထိ ကျမဖန်တီးချင်သမျှ ..မလုပ်နိုင်သေးဘူး .. ကျမလုပ်ချင်တဲ့ ကာတွန်းလေးတွေ .. ကျမအကြိုက်စာအုပ် တွေကို စာရိုက်ပြီးတင်မှာတွေ မလုပ်နိုင်သေးဘူး .ဖြစ်ကိုမလာသေးတာ ..
ဥပမာ .. ကျမသွားခဲူ့ခရီးမှာ .. ကျမပြောချင်တာက .. မမျှော်လင့်ပဲကျမကို ကူညီခဲ့တဲ့သူငယ်ချင်း
မိတ်ဆွေတွေ နဲ့ စက်ရုပ်ဆန်တဲ့ မြို့ ပတ်ဝန်းကျင်အကြောင်းပါ ..
အဲဒီကို ရောက်အောင်ကို မရေးနိုင်သေးလို့  အခုထိကို အဲဒီအကြောင်း ဘလော့ပေါ်မတင်နိုင်သေးပါဘူး ..
ဟုတ်ပါပြီ ..
နားမလည်သော်ငြားလဲ ကျမအားရုံများကို စွင့်ထားလျက်ရှိပါတယ်
ကျမ မပျော်သော်ငြား ပြုံးလျှက်ရှိပါတယ်
ကျမစာ မရေးဖြစ်ပေမယ့် ဘလော့များကို ဖတ်လျှက်ရှိပါတယ်


မလေးမေ

I was tagged by http://cuttiepinkgold.blogspot.com
ရွေထက်က tagged ဆိုလို့ tagged ရတာပါ

  • အစားပုတ် အအိပ်ပုတ်ပေမယ့်ပေမယ့်ပိန်ချင်တယ်
  • အစွဲအလမ်းကြီးပေမယ့်မေ့ပျောက်တာလဲလွယ်တယ်
  • အားနာတတ်ပြီးလူမုန်းမခံချင်ဘူး
  • သချာ်တွက်ရတာစာကျက်ရတာမုန်းတယ်
  • ပုံဆွဲရတာပဲကြိုက်တယ်
  • သူငယ်ချင်းတွေနဲ့ ခရီးသွားရတာကြိုက်တယ်
  • စကားမများဖို့ ထိမ်းချုပ်တာပဲ ..ဒါပေမယ်ပြောစရာတွေကများနေတယ်
  • ဖဲရိုက်ဖို့ နဲ့ စာဖတ်ဖို့ ဆိုရင်အမြဲအားတယ်