Showing posts with label 'ဟာသလက်ဆောင်'. Show all posts
Showing posts with label 'ဟာသလက်ဆောင်'. Show all posts
မလေးမေ
ကွာခြားချက်...

ဆင်းရဲသားတွေ ဝက်မွေးတယ်၊ လူကုံထံတွေကျတော့ ခွေးမွေးတယ်။ ဆင်းရဲသားတွေ အိမ်မှာဟင်းသီးဟင်းရွက်စားတယ်၊ လူကုံထံတွေ ဟိုတယ်တက်ပြီး ဟင်းသီးဟင်းရွက်စားတယ်။ ဆင်းရဲသားတွေ လမ်းပေါ်မှာစက်ဘီးစီးတယ်၊ လူကုံထံတွေ ဧည့်ခန်းထဲမှာ စက်ဘီးစီးတယ်။ ဆင်းရဲတုန်း မင်္ဂလာဆောင်ချင်တယ်၊ ချမ်းသာတော့ လင်မယားတွေ ကွဲချင်တယ်။ ဆင်းရဲတုန်း မယားက secretary တာဝန်တွဲယူရတယ်၊ ချမ်းသာတော့ secretary က မယားတာဝန် တွဲယူရတယ်။ ဆင်းရဲတုန်း ချမ်းသာချင်ယောင်ဆောင်တယ်၊ ချမ်းသာတော့ ဆင်းရဲချင်ယောင်ဆောင်တယ်။ ဒီခေတ်ကြီးမှာ...ဆင်းရဲသားတွေ အသားစားတယ်၊ လူကုံထံတွေပုစွန်စားတယ်၊ ပါတီခေါင်းဆောင်တွေကျတော့ အလကားရတာမှန်သမျှစားတယ်။ ယောက်ျားတွေမြင့်ချင်တယ်၊ မိန်းမတွေပိန်ချင်တယ်။ ခွေးတွေ အင်္ကျီဝတ်ကုန်ပြီး လူတွေကျတော့ ကိုယ်ပေါ်ကအသားတွေ ပေါ်နိုင်သလောက် ဖော်ကြချွတ်ကြတယ်။
{ ဖတ်ဖူးသမျှ စာတွေ မေးလ်တွေထဲကနေ…ရှေ့ နောက်ပြန်လွှဲ ..ဟိုရွှေ့ ဒီရွှေ့  စီချင်သလိုစီကာ…ကောက်နုတ်ပြီး ပြန်ဖော်ပြတယ်…}

( ဘာရယ်ဟုတ်ဘူး…ပျင်းပြေလေး…Mr.Sail♥rM♥♥n )
email ထဲကိုရောက် လာတဲ့ဟာသလေးပါ ...
မလေးမေ
အိုဘယ့် မိန်းမ

ရုပ်အဆင်းလှရင် အချက်အပြုတ်မကျွမ်း၊ ချက်တာပြုတ်တာ ကျွမ်းကျင်တော့ မနူးညံ့ပြန်၊ နူးညံ့နွဲ့နှောင်းတော့ ကိုယ်ပိုင်အတွေးအခေါ်က မရှိ၊ ကိုယ်ပိုင်အတွေးရှိတာကျတော့ ယောက်ျားဆန်၊ မိန်းမပီပီနေတော့ အသုံးအဖြုန်းကကြီး၊ ချွေတာစုဆောင်း တတ်တာကျတော့ ခေတ်ရေစီးကို လိုက်မမှီ၊ ခေတ်မှီတာကျတော့ စိတ်မချရ၊ စိတ်ချရတာကျတော့ ဘယ်လိုမှ ကြည့်လို့မလှပြန်။


အိုဘယ့် ယောက်ျား

အရည်အချင်းရှိရင် ရုပ်ဆိုးမယ်၊ ရုပ်ချောရင် ငွေမရှာတတ်ဘူး၊ ပိုက်ဆံရှာတတ်ရင် အိမ်ထောင်ရေးကို အလေးမထားပြန်ဘူး၊ အိမ်ထောင်ရေးပိုင်းမှာ ဖိစီးပြန်ရင် တခြားကိစ္စမှာ မဖြစ်ထွန်းဘူး၊ အရာရာ ဖြစ်ထွန်းအောင်မြင်တယ် ဆိုတဲ့လူမျိုးကျတော့ အနုအရွလေးတွေနဲ့ ရိုမက်တစ်မဆန်တတ်ပြန်ဘူး၊
အီစီကလီကျွမ်းကျင်ပြီး ရိုမက်တစ်ဆန်တတ်ပြန်တော့ စိတ်ချအားကိုးလို့ရဘူး၊ အားကိုးရတဲ့ လူမျိုးကျတော့ ခိုင်းစားလို့ရရုံကလွဲပြီး ဘိုသီပတ်သီနဲ့ အပေအတေတစ်ယောက်လိုနေမယ်။ ပါးနပ်တဲ့ယောက်ျားနဲ့ ဥာဏ်ရှိတဲ့မိန်းမတွေ့ရင် ရိုမက်တစ်ဆန်တဲ့ အချစ်မျိုး ဖြစ်လာနိုင်တယ်။ ပါးနပ်တဲ့ယောက်ျားနဲ့ အူတူတူမိန်းမနဲ့ဆိုရင် တိတ်တိတ်ပုန်းအချစ်တွေ ဖြစ်လာနိုင်တယ်။ ဥာဏ်ရှိတဲ့မိန်းမနဲ့ တုံးအတဲ့ယောက်ျားတွေ့ရင်တော့ အိမ်ထောင်ပြုသွားနိုင်မယ်။ ယောက်ျားရော မိန်းမပါ ငထုံငအတွေ ဆိုရင်တော့ ကိုယ်ဝန်ရသွားနိုင်ပါတယ် တဲ့၊ ဘာပြောရမလဲ မသိတော့ဘူးရယ်။ -- မိန်းမတွေဟာ အနာဂတ်အတွက်စိတ်ပူကြတာ ယောက်ျားရသွားတဲ့အထိပဲ။ ယောက်ျားတွေကျတော့ မိန်းမ မရမချင်း အနာဂတ်ဆိုတာကို ခေါင်းထဲမထည့်ကြဘူး။ အောင်မြင်တဲ့ယောက်ျားဆိုတာ သူ့မိန်းမသုံးဖြုန်းတာထက် ပိုရှာနိုင်တဲ့လူကိုခေါ်တာ။ အောင်မြင်တဲ့မိန်းမကျတော့ အဲသလိုယောက်ျားမျိုးရှာနိုင်သူကို ခေါ်တာတဲ့။


( ဘာရယ်ဟုတ်ဘူး…ပျင်းပြေလေး…Mr.Sail♥rM♥♥n )
email ထဲကိုရောက် လာတဲ့ဟာသလေးပါ ...
မလေးမေ











မလေးမေ
မလေးမေ


ကောင်မလေးတယောက်ရဲ့ အယူအဆပါ ..

ကဲ..ချစ်သူလိုချင်သေးသလား??
မလေးမေ


ကောင်လေးတယောက်ကဒီလိုဆိုထားပါတယ်
မလေးမေ

ဒီပို စ့်လေးကpinkgold က test လုပ်ပြီးတင်ပေးထားပေမယ့်အမှတ်တရအနေနဲ့ထားထားပါတယ်
ကျေးဇူးပါပဲpinkgold ရေ

---------------------------------------
သူငယ်ချင်း
လုပ်ပေးပြီးပြီနော်
အဆင်ပြေမှာပါနော်။

တစ်ခုလောက် စမ်းတင်ကြည့်မယ်။




Lovely Jokes:

ပုဒ်မ(1)

ပိုးပမ်းသူများသော အမျိုးသမီးများသည် မိမိနှစ်သက်ရာ တစ်ဦးတစ်ယောက်ကိုရွေးချယ်ပြီး ကျန်သော ယောင်္ကျားလေးများအား လိုအပ်နေသူများထံသို့ လွှဲပြောင်းပေးရမည်။

ပုဒ်မ (2)

ပူအိုက်သောရာစီတွင် ရင်စေ့၊ လက်ရှည်၊ ထမီနှင့်လုံအောင်ဖုံးထားသော အမျိုးသမီးများအား သဘာဝအလှတရားကို အံတုသူများအဖြစ် အရေးယူမည်။ (မလုံလောက်ပါက အတို အပြတ် မ၀တ်သောသူများကို သေဒဏ်ပေးမည်)။

ပုဒ်မ (3)

ယောင်္ကျားတို့ကို ဂရုမစိုက်သော အမျိုးသမီးများအား ဒုက်ခရောက်နေသူကို လျစ်လျူရှုမှုဖြင့် လည်းကောင်း၊

ချစ်စဖွယ် စကားဆိုပြီး ညာညာခိုင်းတတ်သော အမျိုးသမီးများအား လုပ်အားခ မပေးပဲ စေခိုင်းမှုဖြင့်လည်းကောင်း၊

ချစ်သူရှိသော အမျိုးသားကို အခြားအမျိုးသမီး တစ်ဦးမှ ချစ်စဖွယ် အမူအရာဖြင့် ချဉ်းကပ်ပါက နွားခိုးမှု ဖြင့်လည်းကောင်း အရေးယူမည်။

ပုဒ်မ (4)

မိဘချင်းရင်းနှီးမှုကို အသုံးချပြီး ချဉ်းကပ်လာသော အမျိုးသားများကို ယုံကြည်မှုအား အလွဲသုံးစားပြုမှု ဖြင့်လည်းကောင်း

ရည်ဇား ထည်လဲတွဲတတ်သောသူများအား ပြည်သူပိုင်ပစ်စည်း အလွဲသုံးစားမှု ဖြင့်လည်းကောင်း အရေးယူမည်။

ပုဒ်မ (5)

အိမ်ထောင်ရှိသော မိန်းမများကို ပိုးပမ်းတတ်သော ယောင်္ကျားများအား တားမြစ်နယ်တွင် အမဲလိုက်မှု ဖြင့်အရေးယူမည်။

သူတစ်ပါး၏ ယောင်္ကျားနှင့် ပေါင်းသင်းနေထိုင်သူ အမျိုးသမီးများကို မီတာဘောက်စ် မထားပဲ လျှပ်စစ်ဓါတ်အား ခိုးယူ သုံးစွဲမှုဖြင့် အရေးယူမည်။

ပုဒ်မ (6)

အသက် 25 နှစ်ပြည့်သူ အမျိုးသား အမျိုးသမီးတိုင်း အိမ်ထောင်မပြုရသေးလျှင် မိဘကို ဒုက်ခပေးသူအဖြစ် အရေးယူမည် ဖြစ်ပါသည်။