မလေးမေ
မျှော်လင့်ချက် နဲ့ ရင်းခြင်း ……..

ထီထိုးဖို့ ဝါသနာမပါတဲ့ ကျွန်တော့် ခေါင်းစဉ် ကြည့်ပြီး ကျွန်တော့် ချစ်သူကတော့ပြုံးမှာပဲ ..

( ၁ )

ကျွန်တော် တလ တခါ .. တခါတလေ အရဲစွန့် ပြီး နှစ်ခါလောက် ကျွန်နော် ထီထိုးသလို မျှော်လင့်ခြင်းကို
ကျွန်တော်ဖန်တီးယူ တတ်တယ် …..
ကျွန်တော့် email လေးကိုဖွင့် ကျွန်တော်အမြဲ အလွတ်မှတ်မိ တဲ့ ချစ်သူ email လိပ်စာ
ကိုထည့်ပြီး ကျွန်တော် အချိုသာဆုံး နဲ့ အရှင်းလင်းဆုံးဖြစ်မယ် ထင်တဲ့ စကားလုံးတွေနဲ့  ကျွန်တော် ချစ်သူ
ဆီကို စာရေးရင်း ကျွန်တော့အတွက် မျှော်လင့်ချက် များစွာရင်းတဲ့ ထီလေးတစောင် လို
ကျွန်တော် အရဲစွန့် ပြီး ကျွန်တော်ပို့ ပါတယ် ။
အဲ့ဒီနောက်မှာ တော့ ကျွန်တော့် အတွက် နောက် တရက်သတ္တပတ်လောက်ကြာ အောင် ချစ်သူဆီက
တစုံတခုကို ရနိုးရနိုးနဲ့ မျှော်လင့်ခွင့် ကျွန်တော့်ရပါတယ် …….

(၂)

စောင့်မျှော်ခြင်းဟာ မိန်းမတွေအလုပ်တဲ့ ဂျူးရဲ့ ဝတ္တုတပုဒ်ကဆိုတယ် ။စောင့်မျှော်ခြင်းနဲ့  ၊ ကြေကွဲခြင်း
ရောထွေးနေရင်တော့ အဲ့ဒီ မိန်းမတွေရဲ့ အလုပ် ကျွန်တော်မလုပ်ချင်ဘူး ။ စောင့်မျှော်ရတာ သိပ်မုန်းတဲ့ ၊
သိပ်မုန်းတတ်တဲ့ ကျွန်တော် မှာ အဲ့ဒီ စောင့်မျှော်ခြင်းနဲ့ အသက်ရှင်ရတာ ၉လရှိသွားခဲ့ပြီ ။
အဲ့ဒီစောင့်မျှော်ရခြင်းတွေ ကို မခံစားနိုင်လွန်းတိုင်း ထွက်ပြေးခဲ့တာလည်း ၉ခါမက ရှိခဲ့ပြီ ။ ဒါပေမယ့်
လွမ်းဆွတ်ခြင်းရဲ့ လက်ကနေ ကျွန်တော်မလွတ်နိုင်တဲ့နောက် အဲ့ဒီ စည်းဝိုင်းထဲပဲ
ကျွန်တော် ပြန်ဝင်မိပြန်တယ် ။

( ၃ )

သူ့ ဆီက အချစ်တွေကို ဝေမျှခံစားခဲ့ဘူးတဲ့ ကျွန်တော် အခုကျတော့ ကျွန်တော့်စိတ်ထဲက ခွင့်လွတ်ခြင်းနဲ့ 
နားလည်ခြင်းတွေ သူ့ ကိုဝေမျှပေးချင်ပါတယ် ။ ကျွန်တော့်ဘ၀မှာ နာကြင်ခြင်း ၊ အထီးကျန်ခြင်း ၊
ချစ်ခြင်းမေတ္တာကို မယုံနိုင်ခြင်း ကြေကွဲခြင်း ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုမဲ့ခြင်း အဲ့ဒီ အဆိပ် မုန်တိုင်းကြားမှာ
ကျွန်တော် အလူးအလဲ ခံခဲ့ ရသည့်တိုင်အောင် သူ့ ကိုချစ်တဲ့ ချစ်ခြင်းတွေ ကျွန်တော့် စိတ်ထဲမှာ
လင်းနေတုံးပဲ ။ သူ့ ကိုကျွန်တော် မမုန်းရက်ခဲ့ဘူး ။
သူလည်းပဲ ကျွန်တော့်ကြောင်း စိတ်ရှုပ်ခဲ့ရမှာပဲ ။ ချစ်ခြင်းတရားမှာ ဘယ်လိုအရာတွေနဲ့ ထိုးယှဉ်ကြည့်လို့ ရမှန်း
ကျွန်တော်မသိပေမယ့် သူ့ အပေါ်အခိုက်အတံ့ထက်ပိုပြီး ကျွန်တော် စိတ်မနာနိုင်ခဲ့ဘူး ။ ကျွန်တော်
ဝမ်းနည်းကြေကွဲနေသည့် တိုင်အောင် သူ့ ကြောင့်ကျွန်တော် ခံစားလွန်းရသည့်တိုင်အောင် သူ့ ရင်ခွင်ထဲမှာ
ဝင်ငိုချင်နေမိတုန်း ။ သူ့ ဘ၀နဲ့ ယှဉ်ရင် ကျွန်တော့် အချစ်ရေးပြသနာက မိနစ်ပိုင်းပဲကြာတဲ့
အိမ်မက်ဆိုးလောက်ပဲဖြစ်မှာ ကျွန်တော်သိနေမိတယ် ။
အဲ့ဒီနောက် .. သူ ပြန်စဉ်းစားတော့မှာမဟုတ်ဘူး ..
ကျွန်တော်ကပဲ မိုက်မဲနေသလား ..

(၄)

ကျွန်တော့်ဘ၀ရဲ့ ပထမဆုံးနှင်းတွေ မြင်ရတဲ့ အချိန်မှာ ချစ်သူ ကျွန်တော့်ဘ၀ထဲကနေ ထွက်သွားခဲ့တယ် ။
နေသားကျ ပြီလားမေးရင်တော့ သူ မရှိပဲနဲ့  ကျွန်တော့်ဘ၀ နေသားကျနေရောပေါ့ ။
အဲ့ဒါများ ဘာကို မျှော်လင့် စောင့်မျှော် နေသလဲလို့ မေးလာခဲ့ရင် ကျွန်တော် ရုတ်တရက် ဖြေစရာရှာရမှာ ။
ကျွန်တော် မျှော်လင့်က ကျွန်တော့် ချစ်ခြင်း မေတ္တာစည်းဝိုင်းထဲ သူ့ ကိုပြန်ဆွဲထည့် ဖို့လည်း မဟုတ်ဘူး ။

( ၅ )

သူ့ ဘ၀ထဲမှာ ကျွန်တော် ခေါင်းစဉ်မရှိတဲ့ နေရာလေးတခုလိုချင်တယ် ။ ကျွန်တော့ စိတ်ကူးထဲမတော့
သူနဲ့ ကျွန်တော် ပြန်ခေါ်ကြတဲ့တခါ .. သူ့ ကိုအမြဲ ရယ်မော စေတဲ့သူငယ်ချင်း တယောက်
ကျွန်တော်ဖြစ်ချင်တယ် ။ ကျွန်တော် စိတ်ညစ်စရာတွေကြုံတိုင်း ငိုစရာတွေကြုံတိုင်း စကားပြော ရင်ဖွင့်နိုင်တဲ့
သူ သူ့ ကိုဖြစ်စေချင်တယ် ။ ( ဒါပေမယ့် သူ့ ရှေ့ မှာကျွန်တော်ဘယ်တော့မှ မငိုမိဖို့ ကျွန်တော်
ဆုံးဖြတ်ထားတယ် ။ သူက အပူသည်တွေကို မုန်းတယ် မှလား ) ။ သူ့ ကိုဘယ်လိုကြိုးမျိုးနဲ့ မှ ဘယ်တော့မှ
မချည်နှောင် မယ့် တယောက်သောသူက ကျွန်တော်ဖြစ်ချင်တယ် ။ သူ့ ကို ဘာမဆို ခွင့်လွတ်ပေးမယ့်လူ
သူ့ အတွက် အရာရာကို ရင်ဆိုင်ပြီး သူ့  အတွက် ရပ်တည်ပေးမယ့်လူ ဖြစ်ခွင့်ရချင်တယ် ။

(၆)

မှတ်မှတ်ရရ စာလေးတကြောင်းစီ ပါတဲ့ email လေး ၂စောင် ချစ်သူဆီက ကျနော် ၉လအတွင်းရဘူးပါတယ် ။
ခြေမကိုင်မိ လက်မကိုင်မိနဲ့ အဲ့ဒီစာ နှစ်ကြောင်းကို ဖတ်လို့ မ၀ ခဲ့တဲ့ ကျွန်တော့်ကို ကျွန်တော်
မုန်းလိုက်တာလေ ။
မနက် အိပ်ယာနိုးတာတောင်မစောင့်နိုင်ပဲ တရေးနိုးတိုင်းemail စစ်တတ်တဲ့ ကျွန်တော့်အဖြစ်ကို
ကျွန်တော့်ဘာသာ လည်းရီချင်လိုက်တာ …….
တခါတုန်းက စိတ်ထဲမှာနာနာကြည်းကြည်းနဲ့ ခပ်ရင့်ရင့်စကားလုံးတွေသုံးပြီး နောက်ဆုံးစာအနေနဲ့ ကျွန်တော်
သူ့ ဆီရေးခဲ့ဘူး တယ်။ အဲ့ဒီနောက် တော်တော်ကြာကြာအထိ ကျွန်တော် စာမရေးမိပြန်ဘူး ။

( ၇ )

သူ ကျွန်တော့်စာတွေ ရော ဖတ်ရဲ့ လား ။ ကျွန်တော်မသေချာပါဘူး ။ ဘယ်နှခါလောက်များ သူစာပြန်ရေးမယ်
လုပ်ပြီးမှ လက်တွန့် ခဲ့သလဲ ကျွန်တော် သိချင်မိတယ် ။ တခါတလေ ကျတော့ ကျွန်တော့် စာတွေထဲမှာ
အိပ်ခါနီးတိုင်း အိမ်မက်ထဲမှာ သူနဲ့ ဆုံဖို့ ဆုတောင်းတဲ့အကြောင်း အိမ်မက်ထဲမှာ ထမင်းမစားရသေးဘူးလို့ 
သူပြောလို့  ကျွန်တော်ငိုရတဲ့အကြောင်းတွေ ကျွန်တော်ထည့်ရေးချင်တယ် ။
နောက်ပြီးတော့ သူနဲ့ ဆုံရတဲ့ အိမ်မက်တိုင်းကို ကျွန်တော် ဘယ်လောက် မက်မောကြောင်း ..
မိသားစုဘ၀နဲ့ လက်ထပ်ခြင်း တွေ သစ္စာတရား တွေကို တွယ်တာတတ်တဲ့ ကျွန်တော် သူသာ
ကျွန်တော့်ဘ၀ထဲ ပြန်ဝင်လာရင် အဲ့ဒီအရာတွေကို ကျွန်တော် ဘယ်တော့မှ သူ့ ဆီက မတောင်းတ တော့ဘူး
လို့ ဆုံးဖြတ်ထားမိတဲ့အကြောင်းတွေလည်း ပြောချင်တယ် ။
သူ့ ကိုမေ့ချင်ယောင်ဆောင်ရတာ ကျွန်တော် ပင်ပန်းတိုင်း အိမ်ထဲက အိမ်ပြင်မထွက်ပဲ အားရအောင်
ငိုရတာလည်း တလ တခါလောက် ။ အဲ့ဒါလည်း ပြောပြချင်သေးတယ် ။
အပ်ထိပ်ဖျားလေးကနေ အလင်းပြန်လာတဲ့ မျှော်လင့်ချက်လေးဖြစ်ပစေ သူပြန်လာဖို့ ဖြစ်လာနိုင်မယ်ဆို
မလွတ်တမ်း ကျွန်တော် လိုက်ကြိုးစားမိတဲ့ ကျွန်တော့်အကြောင်းတွေ …..

(၈)

ကျွန်တော်သူ့ ကို နာကျင်အောင် ပြန်တုံ့ ပြန်ခဲ့တာတွေ .. ဒေါသထွက်လို့ ရိုင်းရိုင်းပြောခဲ့တာတွေ .. သူ့ မာနကို
စော်ကားခဲ့တာ ကျွန်တော် တသက်လုံးစာ နောင်တရနေတော့မှာ ……
သူကရော ကျွန်တော်သိပ်ချစ်တဲ့ အိမ်လေးနဲ့ ကျွန်တော်တို့ ချစ်သူဘ၀ကို လွယ်လွယ်လေး နဲ့ လက်လွတ်
ဆုံးရှူံးစေ လို့ ကျွန်တော့အတွက်ဆုံးဖြတ်ခဲ့တာ …… ကျွန်တော့်အတွက် အသက်သာဆုံး လမ်းခွဲနည်းကို
သူမရွေးချယ်ခဲ့တာတွေ သူ လွယ်လွယ်ပေးခဲ့တဲ့ ကတိတွေ အတွက် သူဘယ်နှစ်ကြိမ် သတိရခဲ့ပါသလဲ ….
သူ့ ဆီက ကျွန်တော့်အချစ်တွေနဲ့ လုချေဖျက်ဖို့ ကြိုးစားပေးခဲ့တဲ့ သူဘ၀မှာ အခါခါသုံးနေကြ ‘ မေ့ပြစ်ခြင်း
နဲ့ ဥပကာခြင်း ‘ အကျင့် တွေကအောက်မှာ နောက်ဆုံးတော့ ကျွန်တော်လည်း အလူးအလဲရှူံး သွားခဲ့တာ
သူသတိထား မိပါရဲ့ လား ….

( ၉ )

သူတကယ်ပဲကျွန်တော့် ကို မုန်းနေသလား ။ ကျွန်တော်နဲ့ ပတ်သတ်တဲ့အရာတွေကို မုန်းတယ်
လို့ ပြောတတ်တဲ့သူ ။ တကယ်ပဲ ကျွန်တော့်ကို မုန်းနေတုန်းလား ကျွန်တော်သိဖို့ မလိုအပ်ဖူးလား ။
အဲ့လို မေးရင် သူမုန်းမှာပဲ ။ သူတကယ်ကိုမုန်းမှာ ။
ဒီစာကိုမြင်ရင် သူသိပ်မုန်းမှာ ………..
မလေးမေ
Ye_Baw_Win_Htin Ye_Baw_Win_Htin malaymay
မလေးမေ
Sa_Lai_Tin_Mg_oo Sa_Lai_Tin_Mg_oo malaymay
မလေးမေ
OKM & Others OKM & Others malaymay
မလေးမေ
BMTA BMTA malaymay

ငုရင်ပြင်က ကူးယူဖော်ပြပါသည် .. www.nguyinpyin.net
မလေးမေ

15 ရက် 4လ 2009 မှ စပြီး Layout အသစ်သို့ ပြောင်းရွေ့ နေပါသည် ။
Cbox များ Side Bars များ ဘယ်နားကပြန် လိုက်ကောက်ရမှန်းမသိသေးပါ
မတော်တဆ ရောက်လာသော စာဖတ်သူအပြောင်း သီးခံပေးကြပါကုန် ...

မလေးမေ
မလေးမေ

နှစ်သစ် အမှာစာ

နင့် မေတ္တာ သစ္စာ တွေ
သတ္တာထဲသာပြန် ထည့်ပြီး
ကိုယ့်ဘာသာ Red River* ထဲ ကန်ချ ...

ချစ်တယ်ဆိုတာအလကား
သုံးစားမရတဲ့အရာ
နင့်မျက်နှာ ငါမကြည့်ချင်မှ
နောက်ပြန်လာလည် ပြတဲ့သောကြာဂြိုလ်
သားရေပင် နဲ့ ကို ကြိုပြီးပစ်ချတော့မယ် .......



* Red River = The Red River flows through several urban areas along its path including Fargo-Moorhead and Greater Grand Forks in the United States and Winnipeg in Canada

-----------------------------------------------------------------------------------------

စာလည်းမရေးဖြစ်တာကြာပြီ ။
သက်ြန်တွင်း YAMC မှာ ပေါက်တတ်ကရ ၀တ္တုတို တပုဒ် ၊ ပေါက်တတ်ကရ သက်ြန်စာတပုဒ် ပဲရေးဖြစ်တယ် ........
အခုထိ ဟာသ ပိုးက မသေသေး ..........
မလေးမေ
အလွမ်းချည်းသက်သက်


ချစ်သူရေ

အရည်ပျော်နှင်းတွေတောင်

သူ့ နာရီအတိုင်း လည်ပတ်နေသေးတယ်

ငါ့အထီးကျန် ညတွေကျ

အချိန်အခါမရှိ

'' အရင်အတိုင်းပဲ ……''


''မျှော်နေခွင့်''

''သတိရခွင့်''

''တမ်းတခွင့်''

''လွမ်းဆွတ်ခွင့်''

''ချစ်နေခွင့် ''

ဘာတခုအတွက်မှ

အရေးဆို မနေတော့ပါဘူး ...

အားလုံး စာရင်းချုပ်လိုက်တော့

သီချင်းတပုဒ်ပဲ ဖွင့်လို့ ရတယ်

'' သို့ တခါတရံဆီ '' ..တဲ့


အချစ်ရေ .

ဘေးလူတွေကပြောတယ်

တဖြည်းဖြည်းနဲ့ ငါတို့ ဝေးနေလိုက်တာများ… တဲ့

နောက်ဆုံး ...

ငါ့ လက်ထဲ တင်းတင်းဆုတ်ရင်း ကျန်တာ..

'' အိမ်မက်ထဲမင်းလာမယ့်အချိန် တော့..

မျှော်…………..''


ဘုရားသခင်လဲမပါ ..

ပညက်ချက် တွေလည်း မရှိ

မုန်တိုင်းတွေအကြောင်း လည်း ငါမသိ

ထို့ နောက် .. အပြစ်သားဖြစ်လည်းဖြစ်ပစေ

သည် ပြဇာတ်က ပြီးသည့်နောက်

ငါ့တရားကို

ငါ့ဘာသာ ဆက်စီရင်ခွင့်ပြုစမ်းပါ ..

''တသက်စာ လွမ်းလည်း

လွမ်းပစေပေါ့ ကွယ် ……………''


ကဲပြော ..

နေ့ ရယ် ညရယ်

ဟောဒီ ကမ္ဘာကြီးရယ်

မင်းငါနဲ့ အတူတူ

လည်ပတ်ရပ်တည် စီးဆင်း နေတုန်း ...

ပြန်စမရအောင်

ပျောက်ဆုံးလဲ

နေတတ်ရင်ကျေနပ်စရာချည်း

တမ်းတတတ်ရင်

လေရဲ့ ရနံ့ ထဲတောင်မှ

မင်းအငွေ့ တွေချည်းပဲ

ငါမြင်နေရတုန်း …………


ဒီလိုနဲ့ ………

ဘ၀ကို လောင်းလှေလေးပေါ်တင်

တက်လည်းမပါ

ရွက်လည်းမပါ ……

ကမ်းမမြင်ရလည်း

မင်းရင်ခုန်သံ ရှိမယ့်အရပ်

မှန်းမျှော်ရင်း စုန်ဆင်းလိုက်တာ..

'' အင်း… ဒါလည်းပဲ ငါ့ဘ၀အဓိပ္ပါယ် ''

မလေးမေ
မလေးမေ


http://www.mediafire.com/?rq1mzgdwmkt

Type the rest of your post here.
မလေးမေ



http://www.mediafire.com/?m2noztmnuym
မလေးမေ

http://www.mediafire.com/?iwhuwftidom



Type the rest of your post here.
မလေးမေ
ခရီးဖော်

(၁)

ဒီထက်တော့ လည်း မဆန်းပါဘူးကွယ်
မိုးစက် ရေမှုန်တွေ ပြိုကျမှ
သူရယ်ကိုယ်ရယ် ခရီးစခဲ့ ကြသလိုမျိုးပေါ့
စိုက်မကြည့်မိတဲ့ ညနေခြည်တွေကြား
မခွဲလိုတဲ့ အိမ်ပြန်ချိန်တွေကြား
ကမ္ဘာ့ အတိုဆုံးနေ့ နဲ့ ညတွေကြား
သက်သေတည်ကွယ် ..

(၂)

ပြုတ်ကျမယ့် ဘ၀ကို ငုံ့ တောင်မကြည့်မိခဲ့သူ
ငါဟာ မနေ့ တနေ့ ကမှ ကျလာတဲ့ မိုးစက်
ပြောရင်ယုံစမ်းပါ
ငါသွားမယ့်လမ်းတွေမှာ မင်းသာရှိပါစေကွယ်
အိမ်မက်တဲ့အခါ ဖုန်းခေါ်ပါ
မြစ်ကျိုးအင်းတွေကြား ငါကျန်ခဲ့လေမလား
မင်းယုံကြည်ချက်ဆိုတာ ငါတကိုယ်စာ ပုန်းဖို့ တော့
လုံမယ်မှလားချစ်သူ …
ပင်လယ်သံတွေ မင်းကြားရဲ့ လား
ဟော .. တို့ နှစ်ယောက်ရဲ့ သစ်ပင်
မျှော်လင့်ခြင်းလို့ နာမယ်ပေးရအောင်
မင်းယုံကြည်တဲ့သီချင်းက
ငါ့ အနာဂတ်ဆို ….

(၃)

တခါတရံကျ လောကမှာ ချိုချိန်ရောက်မှ ခါးရတယ်
မင်းရွေရောင် အိမ်မက်တွေကြားရောက်ခါမှ
ငါမှောင်သွားတယ် ချစ်သူရယ်
ပင်လယ်ဆိုတာ မင်းနဲ့ ငါခွဲခွာရမယ့်နေရာ
မင်းတွေဝေလာစေမယ့် အရပ်မှန်း ငါသိခဲ့ရင်
လိုက်လာမိမှာမဟုတ်ဖူး
ခရီးလမ်းတလျှောက် ဘယ်လို မြဲခဲ့သော အိမ်မက်တွေ
ပျောက်သွားသော သစ်စာ တရားလောက်
သောကရောက်စရာမရှိဘူးကွယ် ..
ဘယ်တော့မှမဆုံးတဲ့ ယုံတမ်းစကားမှာသာ
ငါတို့ နာမယ်ပါရင်
မင်းကိုဘယ်တော့မှ မကြားစေချင်ဘူး
မင်းကျေနပ်လိုက်ပါ
မင်းလမ်းပြခိုင်းတဲ့ ငါ လမ်းမဲ့သွားတာ
မင်းပြုံးလိုက်ပါ
မင်းလောက်မှ ရင့်ကျက်မှုမချမ်းသာခဲ့တဲ့ ငါ့အတွက်
သမုဒ္ဒရာ လေးစင်းမှာ
အရာရာကိုရင်းခဲ့တဲ့ငါ့အတွက် တနေရာတော့ရှိကိုရှိလိမ့်မယ်
ကျေနပ်လိုက်ပါတယ်
မင်းအတိတ်တနေရာမှ ငါပါဝင်ခွင့်ရတာကိုပဲ
ဖြစ်နိုင်ရင် မင်းလာရာ အရပ်ကို
မင်းဘာသာပဲမေ့ပါကွယ်
စောင့်နေမယ်လို့ ငါမပြောခဲ့ပါဘူး

မလေးမေ
မလေးမေ
ကြေးမှုံဦးသောင်း - လက်မရွံ့ အာဏာသားများ


http://www.mediafire.com/?nrkmrnmydtd


စာအုပ်အသစ်လေးတွေရလာလို့ ပြေးတင်လိုက်ပါတယ်

မြန်မာကျူးပစ် စာအုပ်စဉ်မှ ကူးယူဝေငှပါသည် ။


မလေးမေ

http://www.mediafire.com/?zko0rmzzbzc


မြန်မာကျူးပစ် စာအုပ်စဉ်မှ ကူးယူဝေငှပါသည် ။
မလေးမေ
သုတေသီမြင့်ထွန်း - ဗိုလ်ချုပ်အောင်ဆန်း ဧ။် အမွိုင်သို့ လျှို့ ဝှက်ခရီး




http://www.mediafire.com/?z1yyuznayil


မြန်မာကျူးပစ် စာအုပ်စဉ်မှ ကူးယူဝေငှပါသည် ။
မလေးမေ
မြန်မာပြည်က နားဆွဲလေး







http://www.mediafire.com/?zyrgi1dzzoz


မြန်မာကျူးပစ် စာအုပ်စဉ်မှ ကူးယူဝေငှပါသည် ။
မလေးမေ

ကြေးမှုံဦးသောင်း - ဘီလူးတို့ ရွာ

http://www.mediafire.com/?m4zzwt0jqyy

(ဘယ်ကဘယ်လို မေ့ကျန်ခဲ့တယ်မသိပါဘူး .. ချက်ချင်း upload မလုပ်ပေးနိုင်တာ တောင်းပန်ပါတယ်)
မလေးမေ
ရေခဲအိမ်

အခြားနံရံ တဘက်တွင် နေ့ သည်အမှောင်ရောင် အဆိုးခံရလျှက် ပိန်းပိတ်အောင် မဲနက်နေသည်။ ပြတင်းပေါက်များ သည်
လည်းကောင်း မြေနီရောင်လမ်းမ များသည်လည်းကောင်း အိမ်နံရံများ သည်လည်းကောင်း အမှောင်ကြားတွင် ပြားပြားဝပ်လျက် ..
မီးလုံးဝါ၀ါများသာ ကျမ ဘက်မှာမရှိလျှင် ကျမလည်း အမှောင်အောက်မှာ ထိုင်နေရမှာ ..
လရောင်ဖြူဖြူများ ဖြားကျနေတတ်သော မြန်မာပြည်က ည များက လရောင်တွေတောင်
အခုလောက်ဆို မြောက်ဝန်ရိုးစွန်းမှာများ အေးခဲနေမလား ကျမ မသိနိုင်ပါ ။

ကျမ အသဲနှလုံးကိုတော့ အေးခဲအောင် သို့ မဟုတ် အေးစက်အောင်ကြိုးစားလို့ မရသေး ..
----------------------------------------------------------------------------------------

တစုံတဦးက ကျမအိမ်အပြန်ကို စောင့်မျှော် မနေလျှင် ထိုနေရာသည် အိမ်မဟုတ်
လို့ ကျမယုံကြည်ထားပါသည်။ ဒါသည် တိုင်ခန်း ဒါမဟုတ် အိမ်ခန်းသာ ဖြစ်ရမည် ။
ကျမမှာ အိမ်မရှိခဲ့တာ ၄နှစ် နီးပါးကြာခဲ့ပြီ ။

အခန်းတွေ တခုပြီးတခုပြောင်းရွေ့ လျက် ငှားရမ်းလျှက် ကိုယ်မပိုင်သော နေရာတွေမှာ ကျမနေခဲ့သည် ။
လေးလ တကြိမ် အမေရှိသော အိမ်ကို ကျမပြန်ခဲ့သည် ။ သို့ သော် ဒီတကြိမ်မှာတော့ အရင်လို
ကျမ အိမ်ပြန်ခွင့် လွတ်ကျသွားလေသည်။

လူငယ်တယောက် ရဲ့ မိုက်မဲခြင်းလား မြမိုရ်တောင်ကို ပြစ်ပေါက်ရင်း ကွဲကြေသွားလွင့်စင်သွားသော

ဆီးစိ လေးမှာ ကျမလား ..

ညောင်သီးသာစားရင်း လေးသုံကို နားမစွင့်မိသော ကျမသည် ချီကွေဗား လို လူတန်းစား တရပ်လုံးဧ။်

ရောဂါကို မကုနိုင်သေးခင် အိမ်အလွမ်းရောဂါ စွဲကပ်လျက် မိန်းမောရလေသည် ။

ထိုအချိန်တွင် ချစ်သူနှင့် ကျမ ဆုံရလေသည် ။


သူနှင့် ကျမ ပြောစရာ အနည်းဆုံးအကြောင်းအရာသည် နိုင်ငံရေးဖြစ်သည် ။ သို့ သော် အသိမိတ်ဆွေများ အကြောင်း

ပြောမိသောအခါ ကျမက ကျောင်းတုန်းကလေ လို့ အစ ချီလျှက် သူက တော်လှန်ရေးထဲကလေ ဟု သုံးနှုန်းတတ်လေသည် ။

ကျမတို့ နှစ်ယောက်သည် အစွန်း တဘက်တွင် အတူတကွ ရပ်နေပါလျှက် မျက်နှာခြင်းမဆိုင်ဖြစ်သော

စုံတွဲသာ ဖြစ်လေသည် ။


ကျမတွင် လူသိပ် မသိသော ဘလော့လေးတခုရှိလျှက် သူ့ ထံတွင် ဆန်းကြယ်သော သမိုင်းတခုရှိလေသည်။

သူသည် Pop website များကို ဖတ်လျှက် ကျမ က နိုင်ငံရေး website များကိုသာ အဖတ်များပါသည်။


ကျမသည် မေလတရက် တွင် အိမ်မှ အပြီးတိုင်ခွဲခွာခဲ့ ရလေသည် ။ သူသည် နှစ်ပေါင်းများစွာ

ကတည်းကပင် သူ့ အိမ်ကလေး ပြန်ခွင့်ပျောက်ဆုံးထားလေသည် ။

သစ်ရွက်များ မကြွေခင် နှင်းတို့ မလာခင် ကပျာကယာ တည်ခဲ့သော ကျမတို့ အိမ်ကလေးသည်

သူ့ အတွက် အခန်းလေးတနေရာထက် အဓိပ္ပါယ် မပိုမှန်း ကျမသိပါသည် ။

တခါတရံ ထမင်းအတူစား ချင်သော ကျမနှင့် , တဦးတည်း ရပ်တည်ချင်သော ချစ်သူတို့  လမ်းခုလပ်တွင် ခလုပ်တိုက်သော

အခါနာကြင်ရသူမှာ ကျမသာ ။

တခါတရံ နေရာကျဉ်းလေးကို ရှင်းလင်းချင်သော , လိုသည်ထက်ပို ဂရုစိုက်မိသော

ကျမ နှင့် စိတ်ရှုပ်လာသော အနှောင်အဖွဲ့ များကို မုန်းတီးသော ကျမချစ်သူတို့ သည် ရန်သူ များ ဖြစ်လာ ပြန်သည် ။

အဖြေရှာချင်သော ကျမ , ပြသနာကို မေ့ပျောက်ပြစ်ချင်သော ချစ်သူကို

မေးခွန်းများနှင့် ပြစ်ပေါက် သော အခါ ကျမလိုချင်သော အဖြေကားမရ ….


ဆွဲခါ ကိုင်ဆောင့်ချင် လောကအောင် ကျမဒေါသတို့ ဆူဝေ တတ်လာ သောအခါ လမ်းခွဲမယ်

ပြောတိုင်း တိတ်တဆိတ် တဘက်သို့ လှည့်နေတတ်သော ချစ်သူကို ပွေ့ ဖတ်ခါ ငိုမိတိုင်း ကျမတို့ အိမ်ကလေးသည် လှုပ်ရမ်းခါ

နေသည်ဟု ထင်မိသည် ။


တဘက်သတ် ကျမသတ်မှတ်ထားသော ကျမရဲ့ အိမ် .. ကျမရဲ့ မိသားစုကား ဒဏ်ရာဒဏ်ချက်

လိုအပ်ချက် တို့ ကို ကျမ တဦးတည်း ထားရှိသော အနှောင်အဖွဲ့ များက မကုစားနိုင်ပါ ။

ကြီးမား လှသော အဓိပ္ပါယ်ကို တဦးတည်းထမ်းပိုးရင်း ကျမ လက်ချောင်းတို့ တစစ်စစ်

နာကျင်လာလေသည် ။ အကူအညီတောင်းရန် စကားလုံးကား ပျောက်ဆုံးလျှက် ….

ကျမသာ သည် နေရာမှနေ ခွဲခွာရတော့ မည်ဆိုလျှင် ကျမ မုန်းသော ရေခဲထားသည့်

အစားအသောက်များလို ကျမ နှလုံးသားနှင့်တကွ အိမ်ကလေးကို ရေခဲပြီးထားခဲ့ချင်ပါသည် ။

မနွေးထွေးစေနိုင်တော့သော ကျမလက်များ မေတ္တာများ စိတ်ကူးများ နှင့် ချစ်ခြင်းများကို

မပျောက်ဆုံးနိုင်မည့် နေရာမှာ ထားခဲ့ရင်း လာရာအရပ်ကို အိမ်မက်ဗလာနှင့် ပြန်လှည့်ရန် ကျမခြေထောက်များက

အသင့်ဖြစ်လျှက် ။

သို့ သော် အသဲနှလုံးများကား မအေးခဲနိုင်သေး ။
မလေးမေ
ခြောက်တိုက်မှာ လောက်ကိုက်တာ ခံဖူးသလား နှင့် အခြားထောင်ဝတ္တုတိုများ



http://www.mediafire.com/?e5mjfzl5zgy

Type the rest of your post here.
မလေးမေ
အိမ်မက်မျှားသူ

လူတချို့ သည် မိမိအနာဂတ်ကို ငွေကြေးဖြင့် လည်းကောင်း ပညာဖြင့်သော်လည်းကောင်း ဂုဏ်အားဖြင့်သော်လည်းကောင်း မျှားကောင်းမျှားကြလိမ့်မည် ။
ကျမသည် ကျမအနာဂတ်ကို မျှော်လင့်ချက်ဖြင့် များရန် အိမ်မက်ကမ်းပါးဘေးတွင် ထိုင်နေသူသာဖြစ်ပါသည် ။
ကျမမျှော်လင့်အပ်သော အရာ များမှာ ကန္တာရဆူးပင် တပင်ကဲ့သို့ပင် လိုအပ်နည်းပါးစွာရှင်သန်ချင်ပါသည် ။
သို့သော် .. ကျမ တွေ့ မြင်ချင်သော ကောင်းကင်မှာ အမှောင်အတိပြီးသော ကွင်းပြင်တခုသာ ဖြစ်ပြီး ပြာလဲ့သောအဆင်းရှိမနေမှန်း ကျမသိလာသော အခါ ကျောက်သားမျက်နှာ
ပြင်ကို တွယ်ကပ်ပြီး ရှင်သန်ရန် ပြင်ဆင်ထားသော ကျမထံတွင် မျှော်လင့်ချက်များရောက်မလာတော့ပါ ။

အခန်း ( ၁ )

၈နာရီခန့် ခွဲခွာပြီးအလုပ်မှ ပြန်ရောက်လာသော ကျမချစ်သူထံတွင် ကျမ အတွက်လွမ်းဆွတ်သတိရခြင်းများ ပါမလာတတ်ပါ ။
တနာရီပြီးတနာရီ ရေတွတ်ရင်း .. ကိုကိုနဲ့ခွဲရတာ ဘယ်နှနာရီတောင် .. လို့လွမ်းလွမ်းဆွတ်ဆွတ် ပြောပြချင်သောကျမ ဧ။်
စိတ်ကူးသည် မီးမြိုက်ခံရသော စက္ကူလို ဟုတ်ခနဲ ကုန်ဆုံးသွားခဲ့ဘူးပါသည် ။
အနည်းဆုံးပြီးခဲ့တဲ့ ၈နာရီအတွင်းကျမ ဘာလုပ်နေသလဲဆိုတာ တောင်မေးရန်သူသတိရရင်တောင်မှ ထိုမျှလောက် ကျမခြောက်ခြားမည်မထင် ။
ယုံကြည်လို့ မမေးတာ ဖြစ်ကြောင်းသူ့ ထံတွင်အဖြေ ရှိမှန်းကျမသိပါသည် ။ သို့သော် ထိုအဖြေသည် ကျမ မျှော်လင့်သော
အရာမဟုတ်ပါ ။

အခန်း ( ၂ )

ကျမ ဘ၀တွင်အဆိုးဝါးဆုံးသော အချိန်သည် အိပ်မောကျနေသာ သူ့ ကျောပြင်ကိုမြင်တွေ့ ရသော အချိန်ဖြစ်ပါသည် ။
၂၄နှစ်ကျော် ဘယ်ဘက်သို့ စောင်းအိပ်တတ်သော နံရံကိုမျက်နှာမူအိပ်တတ်သော ကျမသည် ၁၄ရက်တည်းနဲ့သူရှိရာ ဘက်
သတိထားမျက်နှာမူတတ်သွားသော်လည်း
မျက်လုံးပွင့်လိုက်တိုင်း ကျမ မျက်နှာမူရသည်မှာ သူ့ကျောပြင်သာဖြစ်ပါသည် ။ အရင်လို ကျမအား မြတ်နိုးစွာကြည့်တတ်သော
သူ့ မျက်လုံးတစုံမှာ အိမ်မက်သာဖြစ်ပါသည် ။
ညအိပ်မီး လှလှလေးများ ၀ယ်ရန် စိတ်ကူးဘူးသော ကျမသည် သူ့ကျောပြင်ကို မျက်နှာမမူမိရန် သာအားထုတ်ဖို့ပိုလိုအပ်
မှန်း သေချာသိနေမိပြန်သည် ။

အခန်း ( ၃ )

ချစ်သူပေးသော မျှော်လင့်ချက်သည် ကျမအတွက် သစ်စေ့လေးတစေ့သာ ဖြစ်စေချင်သည် ။ ကျမ ဧ။် အနာဂတ်နှင့်မျှော်လင့်
သော အရာများအားလုံးကို
ထို သစ်စေ့လေးအား ဆုတ်ကိုင်ရင်း အိမ်မက်ချင်ပါသည် ။ သို့သော် မသေချာသော အရာများအား ကျမ လက်ထဲသို့မထည့်လို
သော ကျမချစ်သူရှေ့ တွင်ကျမ စကားလုံးများသည်
တဖြုတ်ဖြုတ်သေဆုံးလျှက် ရှိပါသည် ။ တသက်တွင်တကြိမ်သာဝတ်ခွင့်ရမည်ဖြစ်သော မဂ်လာဝတ်စုံဖြူလွလွလေးများ
တွေ့ လျှင် ငါနဲ့များလိုက်ပါ့မလားလို့တွေးတတ်သောကျမ သည်
မဂ်လာဆောင်အကြောင်း ချစ်သူကို စကား စမိသည့် အခိုက် အလကား အပိုတွေပါ ကွာ ဟု Game ဆော့ရင်းပြောသော အခါ
ကျမ ကိုယ်ထဲမှသွေးများသည် စက္ကန့် အတွင်းခမ်းသွားလေသည်။
ထိုညကစလို့ ကျမ computer ထဲမှာ စုထားသော မဂ်လာဆောင်အကျီဖြူဖြူဓာတ်ပုံလေးများသည် ထိုအချိန်မှစပြီး
Hidden file အနေနှင့် ဖွတ်ထားမိသော အဖြစ်ရောက်သွားပါသည်။
သွားရင်းလာရင်း သတိုးသမီးဝတ်စုံလေးများရောင်းသော ဆိုင်ရှေ့ ဖြတ်မိလျှင် အရင်လိုကျမ မငေးရဲ ..
သူမြင်မှာပင် ကျမကြောက် သွားခဲ့ပြီ ..
ကျမ လိုချင်သော အကျီဖြူဖြူလေးဝယ်ပေးရန် တနေ့တနာ၇ီပိုအလုပ်လုပ်နေသော အချစ်ဆုံးသူငယ်ချင်းကို
တောင် ကျမဖွင့်ပြောရဲ ။
တကယ်တမ်းကျတော့လည်း ခန်းနားသော မဂ်လာဆောင်တွေကို ကျမစက်ဆုပ်သည်။
သို့သော် ကျမ အတွက် သတိုးသမီးဖြစ်ခွင့်ရမည့်အခိုက်အတန့် လေးကို စုံမက်ခွင့်တွေးသောကြည်နူးခွင့်တောင် သူကျမလက်ထဲထည့်မပေးခဲ့ပါ။
လက်ထပ်ပြီးကြရင်ဆိုသော စကားလုံးကိုရှောင်ကွင်းကာ ကျမ စကားပြောသော အခါ ဟိုး ..ငယ်ငယ်ကျောင်းသားဘ၀က
ရည်းစား
ဦးနဲ့ အတူ ငါတို့အတူတူနေကြရင်လေ.. ဆိုသော မမြင်နိုင်သော ဟိုး.မမှန်းဆနိုင်သော အနာဂတ်ကို တမ်းတရင်းစကားပြောခဲ့ဘူးတာသတိရပါသည် ။ အခုတော့ ကျမရှေ့ လက်တကမ်းတွင်ရှိသော အရာသည် ပိန်းပိတ်အောင်
မှောင်မဲ လျှက် ... တခါတလေကျတော့လည်း
နီးလွန်းလျှင်သဲကွဲစွာမြင်နိုင်ခြင်းမရှိဘူးလား ..

အခန်း ( ၄ )

ချစ်ခြင်းတွင် မည်သည့်စည်းကမ်းချက်များမှမရှိ ။ ပုံသေသက်မှတ် အပ်သော လိုအပ်ခြင်းများမရှိ။
သို့သော် ကျမ အတွက်အချစ်သည်သူနှင့်ကျမခွဲခွာခံနီး လိုက်ပို့ ရင်း
ပွေ့ ဖက်နှုတ်ဆက်ဘူးသော အချိန်ခဏလေးများ သူထမင်းခွံ့ ကျွေးဘူးသောအချိန်များ ..
ဘယ်နှကြိမ် ဘယ်နှခါဆိုတာ ကျမမှတ်မိနေသည် ။ ဘ၀ဆိုတာ ထပ်ခါထပ်ခါ လှပနေမှာပါလို့ မယုံကြည်သော
လူတယောက်အတွက် ပြင်ဖျက်မရသော အတိတ်လှလှလေးများက လွဲပြီး ဘာများ မှတ်ထားစရာရှိလို့ပါလဲ ?။
ကျမမှာ လှမ်းမျှော်စရာ အနာဂတ်လည်းမသိ ။ အိပ်ရာထဲမှာ ကျမကိုပွေ့ ဖက်ရင်း ရောက်တတ်ရာရာ စကားများ ကို
ချစ်သူနဲ့ ပြောချင်သော ကျမအိပ်ရာဝင်ချိန်များကို model မိန်းမချောလေးများဧ။် ဓာတ်ပုံများ Youtube ပေါ်က MTV များ နဲ့
ကျမလဲလို့ မရနိုင်ပါ ။
နောက်လည်း ရမည်မဟုတ် ။ အရာရာကို တိုက်ခိုက်ရယူချင်ဝံ့သော သတ္တိသည် မမျှော်လင့်သော အရာများစွာ
ဆုံးရှုံးပြီးစ ကျမ မှာမရှိ ။ တကယ်တမ်းသော အိမ်မက်သည် အိမ်မက်သာ ဖြစ်လိမ့်မည် ။
ချစ်သူအကြောင်းအကြောင်းငယ်သူငယ်ချင်းအကြောင်းပြောပြ မိတော့ သူငယ်ချင်းက
'ဟာ.ကောင်းလိုက်တာ ..
နင့်ကိုခဏခဏ သီချင်းဆိုပြ ..ဂီတာတီးပြမှာပဲနော် .. နင်ကသူ့ ချစ်သူကိုး .. " လို့ 
ဝမ်းသာအားရပြောသည့်အခိုက် ကျမ အသဲနှလုံးသည်ဇောက်ထိုးမိုးမျှော်ပြောင်းပြန်ဖြစ်ကုန်ပီလား မသိလောက်အောင် လှိုက်ခနဲဝမ်းနည်းသွားမိပါသည် ။
ကျမ မျှော်လင့်ဘူးသော လူတယောက်ဧ။် ချစ်သူဖြစ်ရသည့်တိုင်အောင် ( သူကျမ ကိုချစ်သူဟု မသုံးနှုန်းဘူးပါ .. )
ကျမ မျှော်လင့်သော အရာများသည် သူ့ထံမှပါမလာပါ ။

အခန်း ( ၅ )

ကျမ မွေ့ နေ့ သည် သည် စက်တင်ဘာလထဲက နေ့တနေ့မှန်းကျမသိသော်လည်း ၂ရက်နေ့လား ၃ရက်နေ့ လား
၂၃ရက်နေ့
ကဘာနေ့ များကျသလဲ ..သောကြာလား စနေလား ကျမ မသိချင်ခဲ့ပါ ..
ပြက္ခဒိန်ကြည့်ရန်ကိုယ့်ဘာသာ မရမကမေ့ထားပြီးဖြစ်နိုင်ရင် စက်တင်ဘာလ ၂၃ရက်နေ့ကိုပြက္ခဒိန်ထဲက ကျမ
ခြစ်ထုတ်ပြစ်ချင်ခဲ့ မိသည် ။
အထူးသဖြင့် ကျမချစ်သူမေ့လျှော့စေချင်ခဲ့သည် ။ တကယ်လို့များ အဲဒီအချိန်သူ့မှာ ငွေကြေးအဆင်မပြေခဲ့သော်
သူအားငယ်
သွားမှာ စိတ်မကောင်းဖြစ်မှာ ကျမနှင့်တွေ့ ရမှာ
ရှက်နေမှာ ကျမမလိုလား ..။ သို့သော် သူငွေကြေးနှင့်
ပေးဝယ်ရန်မလိုအပ်သော သူ့ စိတ်ကူးများ . ကျမနှင့်အတူသွားရမည့်ကျမတို့နှစ်ယောက်အနာဂတ်အတွက်
မျှော်လင့်ချက်များ လည်း ကျမမရပါ ။

အခန်း ( ၆ )

သူငယ်ချင်းတယောက်ကို ' ငါလေ .. သစ်ပင်တပင်သာဖြစ်ရမယ်ဆိုရင် ကန္တာရသစ်ပင်လေးသာဖြစ်ချင်တယ်.. ပန်းပွင့်ပိစိလေးတောင်ပွင့်လိုက်သေးတယ်..သူ့မှာလိုအပ်ချက်နည်းနည်းနဲ့
ရှင်သန်နေတာ မဟုတ်တဲ့အတိုင်းပဲ ' လို့ ပြောတော့ .. သူငယ်ချင်းက ' ဟာ.. နင်ကလည်း .. ဖြစ်ချင်းဖြစ် အိုအေစစ်
လောက်ဖြစ်ပါလား ..စိမ်းစိမ်းစိုစိုလေးပေါ့ ' တဲ့ ..
ကျမ ဆိုလိုချင်တာ သူသဘောမပေါက်လို့သာနေလိမ့်မယ် .. ကန္တာရပေါ်သွားပြီး အားမနာပါးမနာစိမ်းပြနေသော အိုအေစစ်ကြီးတော့ကျမမဖြစ်ချင်ပါ ။ ကန္တာရကြီးတခုလုံးများ
မစိမ်းပေးနိုင်ပဲနဲ့တော့ သူနဲ့ လိုက်ဖက်သော ဆူးပင်လေးဖြစ်ရတာပဲ ပိုကောင်းတယ်ထင်မိသည် ။
သို့သော် ... အိမ်မက်များကို မျှားမရသော နောက် အနာဂတ်ဆီသွားရန် လိုအပ်သော ကျမ မျှော်လင့်ချက်သည်လည်း
အငွေ့ ပြန်လေသည် ။

အခန်း ( ရ )

အတူတူရှိနေရန် မဖြစ်နိုင်တော့သော အခါ ကျမ တို့ နှစ်ယောက်အတိတ်သည် သူ့ထံတွင် ကြားဖူးနားဝ
ပုံပြင်လောက်မျှပင် အရိပ်မထင်ခဲ့စေချင်ပါ ။
ကျမဧ။် အိမ်မက် ကမ်းပါးမှာ မျှော်လင့်ချက်တို့နှင့်ဝေးနေဆဲ ..

အခန်း ( ၈ )

လူတချို့ သည် မိမိအနာဂတ်ကို ငွေကြေးဖြင့် လည်းကောင်း ပညာဖြင့်သော်လည်းကောင်း ဂုဏ်အားဖြင့်သော်လည်းကောင်း မျှားကောင်းမျှားကြလိမ့်မည် ။
ကျမသည် ကျမအနာဂတ်ကို မျှော်လင့်ချက်ဖြင့် များရန် အိမ်မက်ကမ်းပါးဘေးတွင် ထိုင်နေသူသာဖြစ်ပါသည်